သတင်းများ

တန့်ယန်းမြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသူများအား ကွင်းဆင်းဆောင်ရွက်ပေး
Aug 06,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)တန့်ယန်းမြို့နယ်တွင် အထွေထွေရွေးကောက်ပွဲကြီးအတွက် ပြည့်စုံသော မဲဆန္ဒရှင် စာရင်း ရရှိစေရန်နှင့် ဆန္ဒမဲ ပေး ပိုင်ခွင့်ရှိသူတိုင်း နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသူများအား မဲပေးခွင့် ရရှိစေရေးအတွက် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနရုံးမှ ဝန်ထမ်း များက ရပ်ကွက်နှင့် ကျေးရွာများသို့ ကွင်းဆင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျှက်ရှိသည်။
ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ လက်ပံတန်းမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင် ရွက်ထားရှိမှုများအား ကြည့်ရှု
Aug 06,2020
ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်ရင်သည် တာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ပဲခူးတိုင်းဒေသကြီး (ပိုလျှံ၊ ဖြည့်စွက်) ရန်ပုံငွေဖြင့် လက်ပံတန်းမြို့နယ် ကျေးလက်လမ်း
နတ်တလင်းမြို့ မြို့မရပ်ကွက်အတွင်းရှိ အခြေခံလူတန်းစားအိမ်ထောင်စု ၂၄၁စု အတွက် ထောက်ပံ့ငွေ ပေးအပ်
Aug 06,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ မြို့မရပ်ကွက်အတွင်းရှိ ပုံမှန် ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု
တန့်ယန်းမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းကြေညာကပ်ထားသော ကျေးရွာများသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Aug 06,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၀ - ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့၌ ကျင်းပ ပြုလုပ် မည့် အထွေထွေရွေးကောက်ပွဲအတွက် အခြေခံမဲဆန္ဒရှင်စာရင်းများကို သက်ဆိုင်ရာ ရပ်ကွက် နှင့် ကျေးရွာ အုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ ပထမအကြိမ် ကြေညာကပ်ထားပြီးဖြစ်ရာ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ဥက္ကဋ္ဌ ဦးစံအေးနှင့်တာဝန်ရှိသူများသည် သြဂုတ်လ ၅ ရက်နေ့က နောင်ခမ်း၊ လုံမုံ၊ ဝိန်းမိုင်၊ မန်ပိန်းကျေးရွာများသို့ ကွင်းဆင်း၍ ကြည့်ရှု စစ်ဆေးခဲ့သည်။
သံတောင်ကြီးမြို့၌ မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေငြာမှုအား ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ကြည့်ရှုစစ်ဆေး
Aug 06,2020
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုများမှကပ်ထားလျက်ရှိရာ ယနေ့နံနက်ပိုင်းက ကရင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သံတောင်ကြီးမြို့တွင် မဲဆန္ဒရှင်စာရင်းကပ်ထားကြေငြာမှုများအား ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် ခင်တဲကျေးရွာတွင် Cash For Work စီမံကိန်းဖြင့် ကျေးရွာတွင်းလမ်း မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု ၈၅ ရာခိုင်နှုန်းခန့် ပြီးစီး
Aug 06,2020
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ခင်တဲကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါကြောင့် ကျေးလက်နေပြည်သူများ၏ လူမှု စီးပွားဘဝ ထိခိုက်မှုများအပေါ် တုံပြန်ဆောင်ရွက်သည့်အနေဖြင့် မိသားစုဝင်ငွေရရှိရေးအတွက် Cash For Work စီမံကိန်းဖြင့် ကျေးရွာတွင်းလမ်း မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်း ပြီးစီးမှု ၈၅ ရာခိုင်နှုန်းခန့်ပြီးစီးသွားပြီ ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးမှ သိရ သည်။
လှည်းကူးမြို့နယ်၌ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေအား ရှင်းလင်း ဆွေးနွေး
Aug 06,2020
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်အတွင်း ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော် ယာဉ် စီမံခန့်ခွဲမှုဥပဒေအား ရှင်းလင်းဆွေးနွေးခြင်းကို ယနေ့ နံနက်(၁၂)နာရီ(၁၀)မိနစ်က ရဲမွန်ကျေးရွာ အုပ်ချုပ်ရေး မှူးရုံး၌ ကျင်းပခဲ့သည်။
ရွှေဘိုခရိုင် ကျောက်မြောင်းမြို့တွင် မိုးစပါးမျိုး‌စေ့ချကိရိယာ(Drum Seeder)ဖြင့် စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲကျင်းပ
Aug 06,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့၊‌ဂွေးပင်ကုန်ကျေးရွာ တွင် မိုးစပါးမျိုးစေ့ချကိရိယာ(Drum Seeder) ဖြင့် စိုက်ပျိုးခြင်းကွင်း သရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက တောင်သူဦး‌သောင်းအေး၊ ကွင်းအမှတ်-၂၇၁၈က၊ ဦးပိုင်အမှတ်-၂၇၊ စိုက်ဧက(၃.၀၀)ဧက ၌စိုက်ပျိုးကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။