အမြို့မြို့အနယ်နယ်သတင်းများ

Jun 04,2026
သမဝါယမ နှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် အတွင်းဆောင်ရွက်မည့်  ရေကြည်မြို့နယ်အတွင်းရှိ ကျေးလက်လမ်း၊ တံတားလုပ်ငန်းများအား တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jun 04,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌  ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ စီစဉ်ကြီးကြပ် မှုဖြင့်   ရက်(၁၀၀) စီမံချက်ကာလအတွင်း  ကျန်းမာရေးအသိပညာမြှင့်တင်ရေးလုပ်ငန်းများ၊ သွေးလွန် တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Jun 04,2026
တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် တတိယဆုရရှိခဲ့သည့် ဧရာဝတီတိုင်းဒေသကြီး (U-18) ဘောလုံးအသင်းအား ကြိုဆိုဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦး‌အေးကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဧရာဝတီတိုင်းဒေသကြီး (U-18) ဘောလုံးအသင်းမှ အသင်းအုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများ တက်ရောက်ခဲ့ကြသည်။
Jun 04,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်ပြည်သူ့ဆေးရုံ ဆာဆာကာဝါခန်းမတွင် တစ်မြို့နယ်လုံးရှိ အသက် (၂) လမှ (၁၀)နှစ်အတွင်း ကလေးများကို ပုံမှန်ကာကွယ်ဆေးတိုက်၊ ဆေးထိုးခြင်းလုပ်ငန်းများကို ဇွန်လ ၄ ရက် နံနက် ၇ နာရီ မှစတင်၍ ဆောင်ရွက်ပေးလျက်ရှိသည်။
Jun 04,2026
၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် ၎င်းတို့၏သား/သမီးများအား ပညာသင်စရိတ်၊ ကျောင်းဝတ်စုံ၊ ကျောင်းသုံးပစ္စည်းများ ချီးမြှင့်ပေးအပ်သည့် အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။
Jun 04,2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်သည် ဇွန်လ(၂)ရက်နေ့ညနေပိုင်းက တာဝန်ရှိသူများနှင့်အတူ မြောင်းမြမြို့နယ်အတွင်းရှိ ဥစားကြက်ခြံနှင့် အသားတိုးကြက်ခြံများအား ကြည့်ရှုအားပေးခဲ့ပြီး ဒေသထွက်တိရစ္ဆာန်အစာများပိုမိုအသုံးပြုရန်နှင့် ပြည်သူများအား ဈေးနှုန်းသက်သာစွာ ရောင်းချပေးနိုင်ရေး ဆောင်ရွက်ရန်မှာကြားခဲ့သည်။
Jun 04,2026
ချင်းပြည်နယ် MSME အေဂျင်စီ နာယက၊ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်နှင့် MSME လုပ်ငန်းရှင်များ တွေ့ဆုံပွဲကို ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ရုံးခန်း၌ ဇွန် ၃ ရက် မွန်းလွဲ ၁ နာရီခွဲ အချိန်ကျင်းပပြုလုပ်သည်။