အမြို့မြို့အနယ်နယ်သတင်းများ

Jun 04,2026
ကချင်ပြည်နယ်အတွင်း စိုက်ပျိုးမွေးမြူရေး ဒေသထွက်ကုန်များကို တန်ဖိုးမြှင့် ထုတ်ကုန်များအဖြစ် တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးရဲရင့်ဆွေသည် ယမန်နေ့မွန်းလွဲပိုင်းက မြစ်ကြီးနားမြို့ ရန်ကြီးအောင်ရပ်ကွက်ရှိ ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လေ့ကျင့်ပျိုးထောင်ရေးစင်တာ၌ ‌ဒေသခံလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
Jun 04,2026
မန္တလေးတိုင်းဒေသကြီး၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ၏ကြီးကြပ်မှုဖြင့် အခြေခံမော်တော်ဆိုင်ငယ်ထိန်းသိမ်းပြုပြင်မှု နည်ပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ ၁၂ လမ်း၊ ၇၃လမ်းထောင့်ရှိ မန္တလေးလူငယ်သင်တန်းကျောင်း၊ ဘက်စုံသုံးခန်းမ၌ ဇွန်လ ၄ရက်နေ့၊ မွန်းလွဲ နှစ်နာရီက ကျင်းပပြုလုပ်သည်။
Jun 04,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့သို့ ယမန်နေ့နံနက် (၉)နာရီအချိန်က ပြန်လည်ဝင်ရောက်လာသူများအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ဝမ်းမြောက်လှိုက်လှဲစွာ  ကြိုဆိုလျက်ရှိကြောင်းသိရသည်။
Jun 04,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက (၂၀၂၆-၂၀၂၇)ခုနှစ် မိုးစပါးရာသီ စိုက်ဧရိယာပြည့်မီအောင် စိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးတို့အတွက် လိုအပ်သည့် တောင်သူနည်းပညာဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀) နာရီက ဂွကလေးကျေးရွာ အုပ်စု၊ ရှမ်းစုကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့ရာ  မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့် ဌာနဆိုင်ရာများ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဝင်များ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
Jun 04,2026
မန္တလေး၊ အောင်မြေသာစံမြို့နယ်၌ ရက်(၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များနှင့် UID ကတ်များ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ဇွန်လ ၄ ရက်နေ့ နံနက်ပိုင်းက အမှတ်(၁၄) အခြေခံပညာအထက်တန်းကျောင်းခွဲ၊ ရွှေပြည့်သျှံခန်းမ၌ ဆောင်ရွက်ပေးရာ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးထွန်းဝင်းနှင့် ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူ ၇၂ ဦးအား ကွင်းဆင်းဆောင်ရွက်ပေးရာ တိုင်းဒေသကြီး ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးစိုးလွင်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ဆွေနှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်စန်း၊ ခရိုင်ပညာရေးမှူး ဦးသိန်းတန်၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးမို့မို့နှင့် တာဝန်ရှိသူများက ကြည့်ရှု့အားပးကြပြီး လိုအပ်သည်များ ဖြည့်ဆည်းပေးကြကြောင်း သိရသည်။
Jun 04,2026
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ မြန်မာ့အမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၆ ခုနှစ် မိုးရာသီ (အကြို) သစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့ နံနက် ၈ နာရီအချိန်တွင် ရန်ကုန်-မန္တလေး အမြန်လမ်း (၁၃၈/၇) မိုင်အနီး၊ ဗောဓိကုန်း-ချင်းကုန်းကုန်ထုတ်လမ်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Jun 04,2026
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းတက္ကသိုလ်နှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၅ ခုနှစ် ဇွန်လ(၅)ရက်တွင် ကျရောက်မည့် (၅၃)နှစ်မြောက် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် အလွတ်တန်းဆောင်းပါးပြိုင်ပွဲကို ယမန်နေ့နံနက် (၁၀)နာရီက တက္ကသိုလ်စာသင်ဆောင်၌ ကျင်းပသည်။
Jun 04,2026
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ (၁၁) လမ်းရှိ YCBA ခန်းမ၌ ဇွန် ၃ ရက် နံနက်ပိုင်းက (ဒုတိယ)အကြိမ် ကလေးပန်းချီပြပွဲ (မြန်မာ့အလှပန်းချီပြပွဲ) အခမ်းအနားကို ကျင်းပပြုလုပ်ရာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကိုလတ်နှင့်  တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။