Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကျိုင်းတုံမြို့၌ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနား ကျင်းပ
Dec 10,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၌ အမျိုးသမီးများအကြမ်းဖက်မှုပပျောက်ရေးနှင့် (၁၆)ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့က အမှတ်(၃)ရပ်ကွက်ရှိ မူလတန်းကြိုကျောင်းခန်းမတွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ဥတ္တရသီရိမြို့နယ် တောင်ညိုကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပ
Dec 10,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ တောင်ညိုကျေးရွာအုပ်စု၊ တောင်ညိုကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဗလငါးတန်ပြည့်စုံ၍ ဘက်စုံထူးချွန်ထက်မြတ်သော အနာဂတ်လူငယ်လူရွယ်များပေါ်ထွက်လာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ယမန်နေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းဝင်းအတွင်း ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လယ်ဝေးမြို့နယ်၊ ရေအိုးစဉ်ကျေးရွာရှိ သမဝါယမအသင်းသားတောင်သူများ၏ မိုးစပါးစိုက်ဧကများအား ကွင်းဆင်းကြည့်ရှု
Dec 10,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ဆုယဉ်မြင့်နှင့်တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းတွင် နိုင်ငံတော်ထောက်ပံ့ငွေ (သက်တန့်ရောင်စီမံကိန်း)ဖြင့် ပံ့ပိုးရယူဆောင်ရွက်ခဲ့သည့် လယ်ဝေးမြို့နယ်၊ ရေအိုးစဉ်ကျေးရွာ၊ ရေအိုးစဉ်စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းဥက္ကဋ္ဌ ဦးသောင်းလွင်၏ ဗျောသုခမိုးစပါးစိုက်ပျိုးထားရှိမှုအား ကွင်းဆင်းကြည့်ရှုခဲ့ပါသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာအားကစားလ လူထုလှုပ်ရှားမှုအထိမ်းအမှတ် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလားဝန်က…
Dec 10,2025
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာအားကစားလ လူထုလှုပ်ရှားမှု အထိမ်းအမှတ် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလားဝန်ကြီးဌာနပေါင်းစုံနှင့် တက္ကသိုလ်/ဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲများ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းတွင်ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊ ဝန်ကြီးဌာနများနှင့် တက္ကသိုလ်/ဒီဂရီကောလိပ်များမှ ပြိုင်ပွဲဝင်အသင်းအုပ်ချုပ်သူများနှင့် အားကစားသမားများ တက်ရောက်ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းခုတ်မြို့ လူထုအခြေပြုဗဟိုဌာန(community center)ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေးနံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြသ
Dec 10,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ လူထုအခြေပြုဗဟိုဌာန(community center)ခန်းမတွင် ယနေ့နံနက် ၁၀ နာရီခွဲက စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များ ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တပ်ကုန်းမြို့နယ်၌ ဘုရင့်နောင်ရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်းနှင့် ညောင်လွန့်ကျေးရွာအခြေခံပညာအထက်တန်းကျောင်းတို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေး…
Dec 10,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ဘုရင့်နောင်ရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ ပြင်ပအသိပညာဗဟုသုတများ ပိုမိုရရှိစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးဆောင်ကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျောင်းခန်းမတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တောင်တွင်းကြီးမြို့ ၂၀၂၅ ခုနှစ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအစိုးရက ဆပ်ကပ်လှူဒါန်းသည့် “ကမ္မဋ္ဌာနစရိယ” ဘွဲ့တံဆိပ်တော် ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲနှင့်…
Dec 10,2025
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့၊ ထူပါရုံမိုးကုတ် ဓမ္မရိပ်သာကျောင်းတိုက်ပဓာန နာယက မိုးကုတ်နယ်လှည့် ဓမ္မကထိက၊ ဘဒ္ဒန္တ သာသနာ၊ သာသန ဓဇ ဓမ္မစရိယ၊ ဝိနာယဝိဒူ၊ ဒီဃနိကာယဝိဒူ၊ မြန်မာ့ပရဟိတအလင်းရောင်၊ ဗုဒ္ဓသာသနာပြုအသင်းကြီး၏ တရားဟောဂုဏ်ထူးဆောင် မဟာဓမ္မကထိက၊ B.Sc Zoology၊ ၂၀၂၅ ခုနှစ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအစိုးရက ဆပ်ကပ်လှူဒါန်းသည့် ကမ္မဋ္ဌာနစရိယ ဘွဲ့တံဆိပ်တော် ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲနှင့် ဇဗ္ဗူသီရိဓမ္မ ဗိမာန်တော် ရေစက်ချအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း “ဒို့အတူတူမဲပေးကြမယ်” အသိပညာပေးလက်ကမ်းစာစောင်များ ပြည်သူများအားဖြန့်ဝေ
Dec 10,2025
မဲပေးခြင်းသည်နိုင်ငံသားများမှ အမျိုးသားရေးတာဝန် ထမ်းဆောင်ခြင်းဖြစ်ပြီး ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သောအနာဂတ်ဆီသို့ ဖော်ဆောင်နိုင်ရေးအတွက် “ဒို့အတူတူမဲပေးကြမယ်” အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်-မုံရွာလမ်းမကြီး ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ရုံးရှေ့တွင် ပြုလုပ်ခဲ့ရာတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် အတူ ပြည်သူများအား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
144
Page
145
Page
146
Page
147
Current page
148
Page
149
Page
150
Page
151
Page
152
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department