အမြို့မြို့အနယ်နယ်သတင်းများ

Jun 02,2026
တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (ပထမနေ့) ကို ယနေ့နံနက် ၁၀ နာရီက တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jun 02,2026
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်း အမှတ်စဥ်(၂/၂၀၂၆) ဖွင့်ပွဲအခမ်းအနားကို ယနေ့ ဇွန်လ ၁ ရက်နေ့ နံနက် ၉နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးမှူးရုံး၌ ကျင်းပသည်။
Jun 02,2026
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင် ကျွန်းမြို့နယ်တွင် ဒေသအတွင်း မီးဘေးအန္တရာယ် ကာကွယ်ရေးနှင့် အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းများ၌ ထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိုင် စေရန် ရည်ရွယ်၍ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ် ပညာသင်တန်းကို ဇွန် ၁ ရက် နံနက်ပိုင်းက မြို့နယ်မီးသတ်စခန်း၌ ဖွင့်လှစ်သင်ကြားခဲ့သည်။
Jun 02,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ချောင်းဝရပ်ကွက် မီးသတ်ဦးစီးမှူးရုံးအစည်း အဝေး ခန်းမတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှကြီးမှူး၍ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များအားအကြိုအခြေခံမီးသတ် ပညာသင်တန်း (၂/၂၀၂၆) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဇွန်လ ၁ ရက်နေ့ နံနက်  (၉)နာရီအချိန်ကကျင်းပခဲ့သည်။
Jun 02,2026
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်သစ်တောဦးစီးဌာနမှ ၂၀၂၆ ခုနှစ် မိုးရာသီတွင် စိုက်ပျိုးနိုင်ရန် မြို့မ (ယာယီ) ပျိုးဥယျာဉ်၌ ပျိုးပင်‌ပေါင်း (၄၀၀၀၀) ကို ပျိုးထောင်ထားကြောင်း သိရသည်။
Jun 02,2026
ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် သမဝါယမဦးစီးဌာနက ရက် (၁၀၀) စီမံချက်ဖြင့် သမဝါယမသင်းအမှုဆောင်များနှင့် အသင်းဝန်ထမ်းများအား အခြေခံစာရင်းရေး၊ စာရင်းကိုင်သင်တန်းကို မြို့နယ်သမဝါယမအသင်းစုလီမိတက်ရုံးခန်းမ၌ ယမန်နေ့နံနက် ၉ နာရီက ကျင်းပသည်။
Jun 02,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၌ ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းအပ်နှံရေးနှင့် Placement Test (အထူးအစီအစဉ်) လျှောက်ထားဖြေဆိုခွင့်နှင့် ပက်သက်၍ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများ သိရှိနားလည်စေရေးတို့အတွက် ငွေဆောင်မြို့ အုပ်ချုပ်ရေးမှူး ဦးဆောင်၍ အခြေခံပညာအထက်တန်းကျောင်း(ငွေဆောင်)မှ ကျောင်းအုပ်ဆရာမကြီး၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများ ပူးပေါင်း၍ ယမန်နေ့ ညနေပိုင်းက မြို့ပေါ်ရပ်ကွက်များအလိုက် ကွင်းဆင်း၍ စာရင်းကောက်ယူခြင်း၊စစ်ဆေးခြင်းနှင့် စည်းရုံး ခြင်းတို့အား ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။