အမြို့မြို့အနယ်နယ်သတင်းများ

Jun 02,2026
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်တွင် လျှပ်စစ်ဓါတ်အား ပြန်လည်ရရှိရေးအတွက် မန္တလေးလျှပ်စစ်ဓါတ်အားပေးရေးကော်ပိုရေးရှင်း မတ္တရာမြို့နယ်လျှပ်စစ် မန်နေဂျာရုံးမှ တာဝန်ရှိသူများနှင့် ကျွမ်းကျင်ဝန်ထမ်းများမှ ဆောင်ရွက်ခဲ့ရာ ယခုအခါ မတ္တရာမြို့ပေါ် (၅)ရပ်ကွက်တွင် လျှပ်စစ်ဓါတ်အား ရာနှုန်းပြည့် မီးလင်းပြီဖြစ်ကြောင်း သိရသည်။
Jun 02,2026
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ဇွန်လ(၁)ရက်နေ့ နံနက်ပိုင်းမှစ၍ အေးချမ်းစွာဖွင့်လှစ်သင်ကြားလျက်ရှိသည်။
Jun 02,2026
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် သစ်တောဦးစီးဌာနမှ ၂၀၂၆ ခုနှစ်၊ မိုးရာသီ (အကြို) သစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက် ၉း၃၀ နာရီအချိန်က ကသစ်တိုင်းကျေးရွာအုပ်စု၊ တောင်လုံးညိုကျေးရွာ၊ သာသနာ့ဝံသ (လေးကြီး) ဘုန်းတော်ကြီးကျောင်းဝန်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Jun 02,2026
၂၀၂၆ -၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိစေရေးအတွက် ဇွန် ၁ ရက် နံနက်ပိုင်းကစတင်၍ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ကာ ပညာသင်ကြားပေးနေပြီဖြစ်ကြောင်းနှင့် ကျောင်းအပ်လက်ခံထားရှိသော ကျောင်းသားကျောင်းသူများက စိတ်အေးချမ်းစွာ တက်ရောက်ပညာသင်ကြားလျက် ရှိကြောင်း သိရသည်။
Jun 02,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် သစ်တောဦးစီးဌာနက သဘာဝပတ်ဝန်းကျင် စိမ်းလန်းစို‌ပြေစေရန်နှင့် ရာသီဥတုအပူဒဏ်ကာကွယ်နိုင်ရေးအတွက် ၂၀၂၆ ခုနှစ် (မိုးရာသီ) လူထုဖြန့်သစ်ပင်စိုက်ပျိုးရန် မန်ဂျန်ရှား၊ မာလာလူးကား၊ ခရေ၊ စိန်ပန်းကြီး၊ ပျဥ်းကတိုး၊ ငုရွှေဝါ စသည့် ပျိုးပင်ပေါင်း (၁၅၀၀၀) ကျော် ပျိုးထောင်ထားရှိကြောင်းသိရသည်။
Jun 02,2026
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများရှိ အသက် ၆ လမှ ၁ နှစ်အထိ ကလေးငယ်များအား ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်နှင့် ကျန်းမာရေးကောင်းမွန်ပြီး ဉာဏ်ရည်ထက်မြက်စေရန်ရည်ရွယ်၍ ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ယနေ့နံနက် ၈ နာရီအချိန်က မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးလျက်ရှိသည်။
Jun 02,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ပညာသင်ကြားရန်အတွက် ယမန်နေ့နံနက်ပိုင်းမှစတင်၍ ကျောင်းသား၊ ကျောင်းသူများ ကျောင်းစတင်တက်ရောက် ပညာသင်ကြားလျက်ရှိကြောင်းသိရသည်။