Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မိတ္ထီလာမြို့၌ ၂ဝ၂၆-၂ဝ၂၇ ပညာသင်နှစ် ကျောင်းသူ၊ ကျောင်းသားများ ကျောင်းစတင်တက်ရောက်မှု တာဝန်ရှိသူများကြည့်ရှုအားပေး
Jun 02,2026
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ ၂ဝ၂၆-၂ဝ၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် ကျောင်းသူ၊ ကျောင်းသားများ ယနေ့နံနက်ပိုင်းမှစတင်ပြီး ကျောင်းစတက်ရောက်ကြရာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်ဦးနှင့် တာဝန်ရှိသူများ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဝမ်းတွင်းမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာဖြင့် ပညာများသင်ကြား
Jun 02,2026
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၌ မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများမှာ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စိတ်အေးချမ်းပျော်ရွှင်စွာဖြင့် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်ကျွန်းမြို့နယ်၌ တာဝန်ရှိသူများက ကျောင်းနေအရွယ်ကလေးများ ကျောင်းအပ်နှံမှုမကျန်ရှိစေရေး ဆရာ/ဆရာမများနှင့် တွေ့ဆုံဆွေးနွေး
Jun 02,2026
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံမှုမကျန်ရှိစေရေးနှင့် ကျောင်းသား၊ ကျောင်းသူများ၏ သင်ကြားသင်ယူမှုလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့်အတွင်းရေးမှူး ရဲမှူးမိုးစိန်တို့က ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်ကျွန်းမြို့ အခြေခံပညာအထက်တန်းကျောင်းအမှတ် (၁)နှင့် အမှတ်(၂)တို့တွင် ဆရာ/ဆရာမများနှင့်သွားရောက် တွေဆုံဆွေးနွေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီမြို့နယ်၌ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) လမင်းစီမံချက်အရ UID ကတ် ထုတ်ပေးခြင်းနှင့် အသက်(၁၀)နှစ်ပြည့် ကျောင်းသား၊ကျောင်းသူများအား နိုင်ငံသားစိစ…
Jun 02,2026
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှနိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) လမင်းစီမံချက်အရ UID ကတ်ထုတ်ပေးခြင်းနှင့် အသက်(၁၀)နှစ်ပြည့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းလုပ်ငန်းများကို ဇွန်လ ၁ ရက်နေ့ နံနက်ပိုင်းက တနင်္သာရီမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း(တနင်္သာရီ)တွင် ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကြံခင်းမြို့နယ်တွင် သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များအား အကြိုအခြေခံမီးသတ်ပညာသင်တန်း (၂/၂၀၂၆)ဖွင့်ပွဲကျင်းပ
Jun 02,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်မီးသတ်ဦးစီးဌာနတွင် ယမန်နေ့က သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များအား အကြိုအခြေခံမီးသတ်ပညာသင်တန်း(၂/၂၀၂၆)ဖွင့်ပွဲအခမ်းအနား ကို အဆိုပါဦးစီးဌာန၊ အစည်းဝေးခန်းမတွင်ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့၌ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံ မီးသတ်ပညာသင်တန်း (၁/ ၂၀၂၆)ဖွင့်ပွဲ ကျင်းပ
Jun 02,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ရပ်ကွက်၊ ကျေးရွာများရှိ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို မီးဘေးအန္တရာယ်မှ တားဆီးကာကွယ်ရန်၊ သဘာဝဘေးအန္တရာယ် ဖြစ်ပွားလာပါက စနစ်တကျ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်နှင့် လူမှုဝန်ထမ်းစိတ်ကို အခြေခံသည့် လူမှုရေးလုပ်ငန်းများတွင် တက်ကြွစွာပါဝင်ဆောင်ရွက်ရန် ရည်ရွယ်၍ ဒေးဒရဲမြို့နယ် မီးသတ်ဦးစီးဌာနက ကြီးမှုးဖွင့်လှစ်သော သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်း (၁/၂၀၂၆) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီက မြို့နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မတ္တရာမြို့နယ်၌ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ် ကျောင်းအပ်နှံပြီးသူ ၁၇၈၇၀ ဦးရှိ
Jun 02,2026
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ဇွန်လ ၁ ရက် ယမန်နေ့နံနက်ပိုင်းမှ စတင်၍ ဖွင့်လှစ်သင်ကြားပေးနေပြီဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကွန်ပျူတာတက္ကသိုလ် (သထုံ) တွင် ပညာသင်နှစ်အလိုက် ကွန်ပျူတာသိပ္ပံနှင့် ကွန်ပျူတာနည်းပညာဘွဲ့ သင်တန်းများစတင်ဖွင့်လှစ်
Jun 02,2026
မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ ကွန်ပျူတာတက္ကသိုလ် (သထုံ) တွင် ကွန်ပျူတာသိပ္ပံ၊ ကွန်ပျူတာနည်းပညာဘွဲ့ သင်တန်းများကို ယမန်နေ့နံနက်ပိုင်းမှ စတင်ဖွင့်လှစ်ရာ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
157
Page
158
Page
159
Page
160
Current page
161
Page
162
Page
163
Page
164
Page
165
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department