အမြို့မြို့အနယ်နယ်သတင်းများ

Jun 01,2026
မိသားစုဝင်ငွေ တိုးပွားစေရန်၊ တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်စေရန်ရည်ရွယ်၍ ကချင်ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက တန်ဖိုးမြှင့်စားသောက်ကုန် (Bakery) ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါဦးစီးဌာန သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးရဲရင့်ဆွေ တက်ရောက်ဖွင့်လှစ်ပေးသည်။
Jun 01,2026
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်တွင် ဇွန်လ (၁) ရက် နံနက်ပိုင်းမှစတင်ကာ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာစာသင်ကျောင်းများ စတင်ဖွင့်လှစ်ရာတွင် ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းမြေ့စွာဖြင့် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
Jun 01,2026
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ယနေ့ ဇွန်လ (၁) ရက်နေ့မှစ၍ အခြေခံပညာကျောင်းများအား စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
Jun 01,2026
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ဇွန်လ (၁) ရက်နေ့ နံနက်ပိုင်းမှစ၍ အေးချမ်းစွာဖွင့်လှစ် သင်ကြားလျက်ရှိသည်။
Jun 01,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ဇွန်လ ၁ ရက် နံနက် ၉ နာရီက စတင်ဖွင့်လှစ်သင်ကြားခဲ့ရာ ကျောင်းသား၊ ကျောင်းသူများအတန်းစဉ်လိုက် ပျော်ရွှင်စွာသင်ကြားလျက်ရှိသည်။
Jun 01,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ဇွန်လ ၁ ရက် နံနက် ၉ နာရီက စတင်ဖွင့်လှစ်သင်ကြားခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ အတန်းစဉ်လိုက် ပျော်ရွှင်စွာသင်ကြားလျက်ရှိသည်။
Jun 01,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် မီးသတ်ဦးစီးဌာနက သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်း (၂/၂၀၂၆)ကို ယနေ့နံနက် (၉း၀၀)  နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။