အမြို့မြို့အနယ်နယ်သတင်းများ

May 31,2026
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပြည်သူ့ဆေးရုံသည် ရက် (၁၀၀) စီမံချက်အ‌ဖြစ် ကုန်တင်ကုန်ချလုပ်သားကြီးများနှင့် စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများအား ယမန်နေ့နံနက်ပိုင်းက ကျန်းမာရေးစစ်ဆေးပေးခဲ့သည်။
May 31,2026
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး (စကု) မြို့နယ်၌ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် “ကျေးလက်ဒေသဖွံ့ဖြိုးရေး” ခေါင်းစဉ်ဖြင့် ပြည်သူ့ စကားဝိုင်းဆွေးနွေးပွဲ (Public Talk) ကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က မောင်းမကန်ကျေးရွာရှိ ရွာလယ်ဓမ္မာရုံ၌ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဝင်းမြင့်နှင့်အတူ မင်းဘူးခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖ များနှင့် ဒေသခံပြည်သူ စုစုပေါင်း ၁၅၀ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
May 31,2026
ပြည်နယ်ဂုဏ်ဆောင်၊ နိုင်ငံ့ဂုဏ်ဆောင် မျိုးဆက်သစ်မြန်မာ့ရိုးရာလက်ဝှေ့ အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရေး မြန်မာပြည်ချန်ပီယံဟောင်းများဖြစ်သော ဝမ်းချိုင်း၊ စောငမန်းတို့အပါအဝင် နိုင်ငံကျော်လက်ဝှေ့အားကစားသမားဟောင်း (၁၇)ဦးတို့က နည်းပြအဖြစ် ဆောင်ရွက်ဖွင့်လှစ်သော မြန်မာ့ရိုးရာလက်ဝှေ့အခြေခံသင်တန်း(၁/၂၀၂၆) သင်တန်းဆင်းပွဲကို မေလ ၃၀ ရက်နေ့ မွန်းလွဲ ၂ နာရီက ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ဇွဲကပင်မိုးလုံလေလုံအားကစားရုံ၌ ကျင်းပသည်။
May 31,2026
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၌ ဒေသဖွံ့ဖြိုရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ယမန်နေ့က မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
May 31,2026
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ အခြေခံကွန်ပျူတာသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့က လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပခဲ့သည်။
May 31,2026
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဇော်နိုင်ဦးသည် တိုင်းဒေသကြီး ဝန်ကြီးများနှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ထားဝယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် ပြည်သူများပူးပေါင်းဆောင်ရွက်သည့် မြို့တွင်းရေစီးရေလာကောင်းမွန်ရေးလုပ်ငန်း ဆောင်ရွက်နေမှုနှင့် တည်ဆောက်ရေးလုပ်ငန်းများ‌ ဆောင်ရွက်‌နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
May 31,2026
ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေး၊ စိမ်းလန်းစိုပြေစေရေးအတွက် ယမန်နေ့နံနက်ပိုင်းက ရပ်ကွက်/ ကျေးရွာပြည်သူများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဆရာ၊ ဆရာမများပူးပေါင်း၍ ကျောင်းပတ်ဝန်းကျင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစောခေါင်ပန်ထော့နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
May 31,2026
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်အတွင်း ပါဝင်သည့်လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး ဒေသခံပြည်သူများအနေဖြင့် လူမှုစီးပွားဘဝ ဆောင်ရွက်ရာတွင်လည်းကောင်း၊ ခရီးသွားလာရာတွင်လည်းကောင်း အဆင်ပြေချောမွေ့စေရန်နှင့် နိုင်ငံသားတစ်ဦး၏ အခွင့်အရေးများကို အပြည့်အဝရရှိနိုင်စေရန် ရည်ရွယ်၍ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် “လမင်းစီမံချက်”အရ အသက် (၁၀) နှစ်ပြည့်နှင့် အသက် (၁၈)နှစ်ပြည့်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID နံပါတ်များ ထုတ်ပေးသည့်အခမ်းအနားကို မေ ၂၉ ရက်နံနက်ပိုင်းက တောင်ဥက္ကလာပမြို့နယ် အမှတ်(၁၄)ရပ်ကွက် သစ္စာလမ်းရှိ သုံးထပ်ဆောင် သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။