အမြို့မြို့အနယ်နယ်သတင်းများ

Jun 01,2026
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်၌ ဌာနဆိုင်ရာများ၊ ဆီလုပ်ငန်းရှင်များ၊ ဆီကုန်သည်များပူးပေါင်း၍ ရပ်ကွက်နေပြည်သူများအား စားအုန်းဆီများကို ပြင်ပပေါက်စျေးထက် လျော့ချရောင်းချပေးလျက်ရှိရာ ဇွန် ၁ ရက်နံနက် ၉ နာရီက ကန့်ဘလူမြို့ အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့ ရွှေကျွန်းတောလမ်းဘေး၌ ရောင်းချပေးခဲ့သည်။
Jun 01,2026
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာပေချစ်မြတ်နိုးသူများ (Book Club) အဖွဲ့နှင့် ပူးပေါင်း၍ ယမန်​နေ့မွန်းလွဲပိုင်းက စာရေးဆရာ ဒေါက်တာရဲနိုင်ရေးသော “လူဆိုတဲ့လူ” ဒုတိယအကြိမ်ထုတ်ဝေသော စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။
Jun 01,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများအားလုံး ဇွန်လ(၁)ရက်နေ့ နံနက်ပိုင်းမှ စတင်ဖွင့်လှစ်သင်ကြားလျက်ရှိရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား /သူ(၃၀၆၃၂)ဦး အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်းသိရသည်။
Jun 01,2026
၂၀၂၆- ၂၀၂၇ ပညာသင်နှစ်တွင် နိုင်ငံတစ်ဝန်းလုံး၌ အခြေခံပညာကျောင်းများ ဇွန် ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီဖြစ်ရာ မော်လိုက်မြို့နယ်ရှိ အခြေခံပညာကျောင်းများလည်း ယနေ့နံနက်ပိုင်းက စတင်ဖွင့်လှစ်၍ ကျောင်းသားကျောင်းသူများလည်း အေးချမ်းပျော်ရွှင် စွာပညာသင်ကြားလျက်ရှိကြောင်း သိရသည်။ မော်လိုက်မြို့နယ်၌ ယခုပညာသင်နှစ်တွင် အခြေခံပညာကျောင်းများအနေဖြင့် (ထက်/လယ်/မူ/မူခွဲ) ကျောင်းပေါင်း ၁၃ကျောင်းနှင့်ဘ/က ကျောင်း(၁)ကျောင်း စုစုပေါင်း (၁၄)ကျောင်း ဖွင့်လှစ်သင်ကြားလျက်ရှိပြီး အခြေခံပညာကျောင်းများ၌ ကျောင်းသားကျောင်းသူပေါင်း ၂၀၂၄ ဦးတက်ရောက်၍ တက်ရောက်မှုရာခိုင်နှုန်း ၉၈ ဒသမ၅၉ ရာခိုင်နှုန်းပညာသင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။ 
Jun 01,2026
နိုင်ငံတော်က ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ကြားနိုင်ရေးအတွက် အခြေခံပညာကျောင်းများကို ယနေ့ဇွန်လ ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း(၂၅၇)ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ စတင်ပညာသင်ကြားလျှက်ရှိကြောင်း သိရသည်။
May 31,2026
ကျန်းမာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပဲခူးမြို့၊ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးတွင် မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ခွဲစိတ်ကုသမှုပြုလုပ်ပေးနေမှုကို ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
May 31,2026
မွန်ပြည်နယ်၊ (၂၇) ကြိမ်မြောက် မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်ကြားရေးအဖွဲ့၏ ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ရာမညနိကာယ သာသနာ(၂၅ဝဝ) ကျောင်းတိုက်၌ ကျင်းပပြုလုပ်ရာ ဦးစွာ သဘာပတိဆရာတော်ကြီးများကို အမှူးထား၍ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌတို့က အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။