အမြို့မြို့အနယ်နယ်သတင်းများ

May 30,2026
နေပြည်တော်အဆင့်ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ (၁) ၌ ကျင်းပရာ အစည်းအဝေးသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် ဖိတ်ကြားထားသူများ တက်ရောက်သည်။
May 30,2026
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ “နိုင်ငံတော် စဉ်ဆက်မပျက် ဖွံ့ဖြိုးတိုးတက်ဖို့ ကျေောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ မြို့နယ်ပညာရေးမှူးရုံးမှဦးဆောင်၍ ၂၀၂၆−၂၀၂၇ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အမှတ်(၈၈)ရပ်ကွက်ရှိ အမှတ်(၁) အခြေခ ပညာအထက် တန်းကျောင်းတွင်ကျင်းပသည်။
May 30,2026
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ၊ ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန(မျိုးသန့်ခြံ)တွင် တောင်သူများ ၏ သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ကျင်းပသည့် ဆီထွက်သီးနှံနှမ်းမျိုး ဆင်းရတနာ(၄)နှင့် ဆင်းရတနာ(၁၄) မျိုးကွဲနှစ်မျိုး၏ Low Pressure Cold Radio Frequency Discharge Plasma (LPCRFDP)စက်ဖြင့် Plasma Treatment နှုန်းထား အမျိုးမျိုး၏ အကျိုးသက် ရောက်မှုကို လေ့လာခြင်း စမ်းသပ်ကွက် ကွင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက ပွင့်ဖြူမြို့နယ်စိုက်ပျိုး ရေးဦးစီးဌာန(မျိုးသန့်ခြံ) ၌ ကျင်းပသည်။
May 30,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် သဘာဝမြေဩဇာ ပြုလုပ်နည်းသရုပ်ပြပွဲကို မေလ ၂၈ ရက်နေ့ နံနက် ၉ နာရီက ဟဲဇင်းကျေးရွာအုပ်စုရှိ တောင်သူ ဦးမြင့်အောင်၏လယ်တဲ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
May 30,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင်၂၀၂၆ -၂၀၂၇ ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို မေလ (၂၇)ယနေ့နံနက (၁၀)နာရီ အချိန်က မောင်းကုန်းကျေးရွာရှိ အထက(မောင်းကုန်း)တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
May 30,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ပြည်သူ့ဆေးရုံကြီးမှ ပြည်သူ့ကျန်းမာရေးနှင့်ကုသ‌ရေးဦးစီးဌာနမှူး ဒေါက်တာဇင်ဇင်သန်း‌‌ဝေ ဦးဆောင်သော အထူးကုဆရာဝန်ကြီး(၁၀)ဦးနှင့်အဖွဲ့သည် စဉ့်ကိုင်မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာအေးလွင်ဦးဆောင်သောအဖွဲ့နှင့် ပူးပေါင်းကာ ရက် ၁၀၀ စီမံချက်အား အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ယမန်နေ့ နံနက် ၈ နာရီအချိန်ကစတင်၍ ‌ဒေါင်းကျကျေးလက်ကျန်းမာရေးဌာနကိုအခြေပြု၍ ဒေသအတွင်းရှိရဟန်း၊ရှင်လူ၊ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုများနှင့် (အခမဲ့)နယ်လှည့်ကွင်းဆင်း ကျန်းမာရေးကုသပေးခြင်းလုပ်ငန်းများ ဆောင်‌ရွက်‌ပေးခဲ့ကြောင်း သိရသည်။
May 30,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့တွင် မေလ ၂၉ ရက်နေ့ကရိုးရာအစဉ်အလာမပျက် ဖက်ခွက်ဆွမ်းလောင်းလှူရန်အတွက် ရပ်ကွက်ရှိဂေါပကအဖွဲ့များနှင့် စေတနာရှင်များက ချမ်းသာကြီးစေတီတော်အတွင်း ဗန်ဒါရွက်များခူးပြီး ဖက်ခွက်များပြုလုပ်လျက်ရှိသည်။
May 30,2026
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်စိုက်ပျိုးရေးဦးစီးဌာနနှင့် ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန(မျိုးသန့်ခြံ)တို့ ပူးပေါင်းစီစဉ်ကျင်းပသည့် နွေနှမ်းဘောင်ကြီးတင် စိုက်ပျိုးနည်းစနစ်ဖြင့် မျိုးစေ့ထုတ်စိုက်ခင်း တောင်သူပညာပေးကွင်းသရုပ်ပြပွဲကို ယမန်နေ့ နံနက်ပိုင်းက ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန(မျိုးသန့်ခြံ)ရှိ အဆိုပါ မျိုးစေ့ထုတ်စိုက်ကွက်၌ ကျင်းပသည်။