Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကွန်ဟိန်းမြို့နယ် ရေရှည်တည်တံ့သောစိုက်ပျိုးရေး (Sustainable Agriculture) သွားနိုင်ဖို့ သစ်စိမ်းမြေဩဇာကျွေးပြီး မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက…
May 27,2026
မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရန်၊ ရေရှည်တည်တံ့သော စိုက်ပျိုးရေး (Sustainable Agriculture) ဆောင်ရွက်စေရန်၊ သီးနှံအထွက်နှုန်း တိုးတက်မြင့်မားလာစေရန်နှင့် တောင်သူများအကြား နည်းပညာပြန့်ပွားစေရန်အတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ကြဲပက်စိုက်ပျိုးပွဲကို ယနေ့နံနက် ၉ နာရီခန့်က ရှမ်းပြည်နယ် (တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်၊ မြို့မကျေးရွာအုပ်စု၊ သိန်းဖျံကျေးရွာ၊ တောင်သူ ဒေါ်နန်းနွမ်း၏ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) စံပြစိုက်ဧက (၃) ဧက၌ ကျင်းပကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ် စံပြကျေးရွာ၌ RBF စီမံကိန်းဖြင့် ဆိတ်မွေးမြူရေးလုပ်ငန်းဆောင်ရွက်နေမှုစစ်ဆေး
May 27,2026
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက စံပြကျေးရွာ၌ ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်း စီမံကိန်း (RBF) ရန်ပုံငွေဖြင့် ထိန်စမ်းဆိတ်မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီမြို့နယ်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား မိုးရာသီအလွတ်တန်း အမျိုးသားဘောလုံးပြိုင်ပွဲ ကျင်းပ
May 27,2026
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၌ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့် လူငယ်များ ကျန်းမာကြံ့ခိုင်စေရန် ရည်ရွယ်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား မိုးရာသီအလွတ်တန်း အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ် မေလ ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန်တွင် ပြိုင်ပွဲဝင်အသင်း ၈ သင်းဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တံတားဦးမြို့နယ်၌ ရက်(၁၀၀) “လမင်း” စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေကတ်ပြားနှင့် UID ကတ် ထုတ်ပေး
May 27,2026
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် အစိုးရသစ်လက်ထက် ရက်(၁၀၀) “လမင်း” စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UIDကတ် ထုတ်ပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးဌာနမှူးရုံး၌ ဆောင်ရွက်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းရှူးမြို့၌ ရက် (၁၀၀) စီမံချက်ဖြင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ဌာနဆိုင်ရာရုံးများအား တာဝန်ရှိသူများကွင်းဆင်းစစ်ဆေး
May 27,2026
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ် မီးသတ်စခန်းမှ ရက် (၁၀၀) စီမံချက်ဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ယမန်နေ့နံနက် (၉) နာရီအချိန်က ဌာနဆိုင်ရာရုံးများအား ကွင်းဆင်းစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သန်လျင်မြို့နယ်၌ တောင်သူနည်းပညာပေး ဆွေးနွေးပွဲ ကျင်းပ
May 27,2026
သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် Rice Export Zone ဆောင်ရွက်မည့် ကုမ္ပဏီများနှင့် ဒေသခံတောင်သူ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် (၉) နာရီတွင် သန်လျင်မြို့နယ် စစ်ပင်ကွင်းကျေးရွာ စိုက်ပျိုးပညာပေးစခန်း၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
သံတောင်ကြီးမြို့နယ်၌ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်
May 27,2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၌ ဒေသခံပြည်သူများ ယာဉ်စည်းကမ်း လမ်းစည်းကမ်းများ သိရှိစေရန်အတွက် သံတောင်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၏ ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနား
May 27,2026
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၏ ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို မေ ၂၅ ရက်နေ့နံနက် ၉ နာရီက ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ကျိုင်းတုံ) ရုံးတွင် ကျင်းပရာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
231
Page
232
Page
233
Page
234
Current page
235
Page
236
Page
237
Page
238
Page
239
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department