အမြို့မြို့အနယ်နယ်သတင်းများ

Dec 03,2025
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့၌ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများအားလုံး ပါဝင်နိုင်ရန်အတွက် “ဒို့အတူတူမဲပေးကြမယ်” အသိပညာပေးလက်ကမ်းစာ စောင်များကို စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ယမန်နေ့နံနက် ၁၀ နာရီအချိန်တွင် စစ်ကိုင်းမြို့ရှိ ထုံးဘိုရပ်ကွက်၊ ပတ္တမြားရပ်ကွက်၊ မြို့သစ်ရပ်ကွက်နှင့် လူစည်ကားရာနေရာများ၌ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Dec 03,2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် မဲရုံမှူးနှင့်ဒု-မဲရုံမှူးများ လုပ်ငန်းလမ်းညွှန်သင်တန်းကို ဒီဇင်ဘာ (၂) ရက် နံနက် (၁၀) နာရီတွင် မိုးကောင်းမြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည်။
Dec 03,2025
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်အတွင်း မဲစာရင်းမှန်ကန်ပြည့်စုံစေရေးအတွက် Door to Door စနစ်ဖြင့် ကွင်းဆင်းဆောင်ရွက်ခြင်းများကို နိုဝင်ဘာ ၂၆ ရက်မှစတင်ကာ နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့် အခွင့်အရေးပြည့်ဝစွာရရှိစေရေး၊ မဲပေးခြင်းသည် နိုင်ငံသားများမှ အမျိုးသားရေးတာဝန် ထမ်းဆောင်ခြင်းဖြစ်သည့်အတွက် ရပ်ကွက်နှင့်ကျေးရွာများ၌ မဲစာရင်းများကို နေ့စဥ်ကွင်းဆင်းတိုက် ဆိုင်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Dec 03,2025
(၂၇) ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ဝိနယာနုဂ္ဂဟစာ‌မေးပွဲကို ယမန်နေ့နံနက်ပိုင်းက ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ လုံခင်းကျေးရွာ မေဓိကာရာမပရိယတ္တိစာသင်တိုက်၌ ကျင်းပရာ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တကဝိသာရ၊ ဝိနယာနုဂ္ဂဟစာမေးပွဲကျင်းပရေး‌ ‌ဦးစီးပဓာန နာယက ဆရာတော်ကြီးများနှင့် တက်ရောက်လာကြသည့် ဌာနဆိုင်ရာတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ရာ တက်ရောက်လာကြသည့် ဓမ္မမိတ်ဆွေသူတော်စင်အပေါင်းတို့မှ နမောတဿ သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Dec 03,2025
ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ယနေ့နံနက်ပိုင်းက ပဲခူးမြို့၌ ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အခမ်းအနားကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့ကြသည်။
Dec 03,2025
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ ပါဝင်မဲပေးနိုင်ရေးအတွက် “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲအောင်မြင်ရေးလှုံ့ဆော်မှု လက်ကမ်းစာစောင်များအား ယနေ့ နေ့လယ်ပိုင်းအချိန်က တာမွေမြို့နယ်အတွင်းရှိ ပြည်သူများထံ လက်ဝယ်အရောက် ဆက်လက်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Dec 03,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြို့နယ်အတွင်းမှ ထူးချွန်ထက်မြက်သော ကျောင်းသား၊ ကျောင်းသူများပေါ်ထွက်လာစေရန် ရည်ရွယ်၍ အခြေခံပညာဦးစီးဌာနက ကြီးမှူးကျင်းပသော ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်‌ရေးစစ်ဆေးခြင်းစာမေးပွဲကို ဒီဇင်ဘာ ၃ ရက်နေ့နံနက်ပိုင်းမှစတင်၍ မြစ်သားမြို့ အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
Dec 03,2025
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများအားလုံးပါဝင်နိုင်ရန်အတွက် “ဒို့အတူတူမဲပေးကြမယ်” အသိပညာပေးလက်ကမ်းစာစောင်များကို လှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့ နေ့လယ် ၁ နာရီအချိန်တွင် လှိုင်မြို့နယ် အမှတ် (၁၂) ရပ်ကွက်ရှိ ဆိုက်ကားဂိတ်များနှင့် လမ်းဘေးဈေးဆိုင်များ၌ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။