အမြို့မြို့အနယ်နယ်သတင်းများ

May 27,2026
မူဆယ်မြို့နယ် စာရေးဆရာအသင်း မျက်နှာစုံညီအစည်းအဝေးနှင့် အမှုဆောင်သစ်ရွေးချယ်တင်မြှောက်ခြင်း အခမ်းအနားကို မူဆယ်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 27,2026
ပဲခူးတိုင်းဒေသကြီး၊ ညောင်‌လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့ အခွန်ပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယနေ့ နံနက် (၁၀) နာရီက ရွှေကျင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
May 27,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မြို့တော်ခန်းမတွင် ယနေ့နံနက် (၁၀) နာရီအချိန်က ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ၊ နည်းပဒေများ ချပြဆွေးနွေးပွဲ ကျင်းပဆောင်ရွက်သည်။
May 27,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၌၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ "စုပေါင်းစံပြဝက်မွေးမြူရေးလုပ်ငန်းနှင့် တိုင်းရင်းကြက်မွေးမြူရေးလုပ်ငန်း" တည်ထောင်ရန်အတွက်၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးဘတ်ဂျက်ဖြင့် ဝက်သားပေါက်နှင့် တိုင်းရင်းကြက်ဖြန့်ဖြူးခြင်းနှင့် နည်းပညာပေး သင်တန်းအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က၊ ဟုမ္မလင်းမြို့နယ်၊ အမက (ခွဲ) စွယ်ကြာပေါ်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။
May 27,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မူဆယ်ခရိုင်)၏ အရေးပေါ်အသက်ကယ် ဆင့်ပွားသင်တန်း(၂/၂၀၂၆)ဖွင့်ပွဲ အခမ်းအနားကို မူဆယ်မြို့၊ မြို့တော်ခန်းမတွင် ယမန်နေ့နံနက် ၁၁ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
May 27,2026
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် မြို့နယ်ဂုဏ်‌ဆောင် လူရည်ချွန်များကိုဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက်၈နာရီက အမှတ်(၂)အခြေခံပညာမှုလတန်းကျောင်း၌ ကျင်းပပြုလုပ်သည်။
May 27,2026
‎မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်အတွင်း မီးဘေးအန္တရာယ်ကင်းရှင်းရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်မီးသတ်ဦးစီးဌာနမှ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက တည်းခိုခန်းများအား ကွင်းဆင်းစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
May 27,2026
တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ရုံး သဘင်ဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။