Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ရှမ်းပြည်နယ်အတွင်း မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးနှင့် မဲပေးပိုင်ခွင့်ရှိသူများ မကျန်ရှိစေရေး တစ်အိမ်တက်ဆင်း (Door to Door) မြေပြင်ကွင်းဆင်း၍ မဲစ…
Dec 04,2025
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပတော့မည်ဖြစ်ရာ မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးနှင့် မဲပေးပိုင်ခွင့်ရှိသူများ မကျန်ရှိစေရေး တစ်အိမ်တက်ဆင်း (Door to Door) မြေပြင်ကွင်းဆင်း၍ စာရင်းတိုက်ဆိုင်စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်အတွင်းရှိ ခရိုင်၊ မြို့နယ်များနှင့် မြို့များ၊ ရပ်ကွက်၊ ကျေးရွာများတွင် တစ်အိမ်တက်ဆင်းစနစ် (Door to Door) မြေပြင်ကွင်းဆင်း မဲစာရင်းတိုက်ဆိုင်စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်တွေမြို့နယ်၌ မဲစာရင်းမှန်ကန်ရေး တိုက်ဆိုင်စစ်ဆေးခြင်းများ ကွင်းဆင်းဆောင်ရွက်
Dec 04,2025
စစ်တွေမြို့နယ်၌ ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပမည့် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရေး ဌာနဆိုင်ရာဝန်ထမ်းများ၊ တပ်ရင်း၊တပ်ဖွဲ့များ၊ ရပ်ကွက်၊ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ဝင်များ ပါဝင်သော မြေပြင်ကွင်းဆင်း၍ စာရင်းကောက်ယူလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ပင်းတယမြို့နယ်တွင် စပ်မျိုးနေကြာမျိုးစေ့ ထုတ်နည်းပညာပေး လုပ်ငန်းကွင်းဆင်းဆောင်ရွက်
Dec 04,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများတွင် စပ်မျိုးနေကြာမျိုးစေ့ထုတ်လုပ်ငန်း ၁၀ ဧက စိုက်ပျိုးဆောင်ရွက်လျက်ရှိရာ ဒေသစိုက်ပျိုးရေးဦးစီးဌာနမှ ဒေသဦးစီးမှူး ဦးကျော်ကျော်ညွှန့်သည် ယမန်နေ့က ပင်းတယမြို့နယ် ပွေးလှကျေးရွာအုပ်စု ရှောက်ပင်ကျေးရွာမှ စပ်မျိုးနေကြာမျိုးစေ့ ထုတ်စိုက်ပျိုးနေသော တောင်သူ ဦးကျော်တင့်၏ စိုက်ကွက်တွင် မျိုးစေ့ထုတ်လုပ်ခြင်း နည်းပညာများအား တောင်သူများကိုယ်တိုင် စိုက်ပျိုးထုတ်လုပ်တတ်စေရန်၊ မြေဩဇာ စနစ်တကျ အချိုးညီအချိန်ကိုက်ကျွေးခြင်း အပင်သားခွဲခြင်း မျိုးကွဲပယ်ခြင်း၊ ပိုးမွှားရောဂါကာကွယ်ခြင်း လုပ်ငန်းများအား ပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၅ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး ကမ္ဘာ့ခုခံအား ကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ
Dec 04,2025
၂၀၂၅ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး ကမ္ဘာ့ခုခံအား ကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ဒီဇင်ဘာလ ၂ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ စန္ဒိမာခန်းမတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ဇနီး ဒေါ်မော်မော်သန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့မှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ်၊ ဒိုင်းပြကုန်းကျေးရွာတွင် မိုးစပါးစံကွက်ရိတ်သိမ်း တစ်ဧကအထွက်နှုန်း ၁၁၅ ဒဿမ ၇၀ တင်းထွက်ရှိ
Dec 04,2025
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်း မိုးစပါးတစ်ဧကအထွက်နှုန်းမှန်ကန်စွာရရှိနိုင်ရေး ကွင်းအလိုက်၊ မျိုးကွဲအလိုက်၊ ရေသောက်နည်းလမ်းအလိုက် စံကွက်များ ရိတ်သိမ်းလျက်ရှိရာ ဒီဇင်ဘာလ ၃ ရက်နေ့ မွန်းလွဲပိုင်းက ဒိုင်းပြကုန်းကျေးရွာ၊ ကွင်းအမှတ် ၁၅၄၇၊ ဦးပိုင်အမှတ် ၁၃၊ မြေကွက်အမှတ် ၁၂၇ တောင်သူဒေါ်နှင်းမှုံ၏ လယ်မြေရှိ မိုးစပါး (အောင်နိုင်တိုး)ကို စံကွက်ရိတ်သိမ်းခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ ဦးဇေယျာလင်း ဥတ္တရသီရိမြို့နယ်၌ မဲစာရင်းများ ဒုတိယအကြိမ်ကြေညာထားမှု၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မဲပေးပိုင…
Dec 04,2025
နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးနှင့် ဦးဇေယျာလင်းသည် ဥတ္တရခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် ဥတ္တရသီရိမြို့နယ်၊ ရွှေနံ့သာရပ်ကွက်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင် ၂၀၂၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများ ဒုတိယအကြိမ် ကြေညာထားမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိတ္ထီလာမြို့၌ ဒို့အတူတူမဲပေးကြမယ် လက်ကမ်းစာစောင်များ ဖြန့်ဝေပေး
Dec 04,2025
မိတ္ထီလာမြို့၌ မကြာမီကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူအားလုံး ပါဝင်၍ ဆန္ဒမဲပေးနိုင်ရေး အသိပညာပေးနှိုးဆော်သည့် ဒို့အတူတူမဲပေးကြမယ်လက်ကမ်းစာစောင်များကို ယမန်နေ့ညနေ ၃ နာရီက အ.ထ.က (၁) လမ်းဆုံနှင့် မိတ္ထီလာ-ကျောက်ပန်းတောင်းကားလမ်းမအနီးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စဉ့်ကိုင်မြို့နယ်တွင် ကိုယ်၀န်ဆောင်မိခင်များနှင့် အသက် (၂) လပြည့်မှ (၁) နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ
Dec 04,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ မြို့ပေါ် (၅) ရပ်ကွက်မှ အသက် (၂) လပြည့်မှ (၁) နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်၀န်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးများထိုးနှံပေးခြင်းကို စက်တင်ဘာလ (၁) ရက်နေ့မှ စတင်ထိုးနှံလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်းလည်း မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
228
Page
229
Page
230
Page
231
Current page
232
Page
233
Page
234
Page
235
Page
236
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department