အမြို့မြို့အနယ်နယ်သတင်းများ

May 21,2021
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် အမျိုးသမီးအသင်း( Women Club) တို့ပူးပေါင်း၍ အမျိုးသမီးတိုင်း အသက်အရွယ် မရွေး၊အဆင့်အတန်းမရွေး၊အသားအရောင်မရွေး ဖြစ်ပွားတတ်သော သားအိမ်ခေါင်း ကင်ဆာ အကြောင်း သိကောင်းစရာများကို ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါရုံး လူထုအခြေပြု ဗဟိုဌာနခန်းမ၌ ဆွေးနွေးခဲ့ကြောင်းသိရသည်။
May 21,2021
ကရင်ပြည်နယ်အတွင်း ရေပေါ်ဆိုလာစနစ်ဖြင့် လျှပ်စစ်ဓါတ်အား ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေးအတွက် True World Co.,Ltd မှ ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီထံသို့ ယမန်နေ့ မွန်းလွဲ ၃ နာရီခန့်က ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီရုံး ဧည့်ခန်းမ(၂)၌ လာရောက်တွေ့ဆုံ ရှင်းလင်းတင်ပြခဲ့သည်။
May 21,2021

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် မြောက်ဘက်ရပ်ကွက်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဌေးအောင်သည် မြို့နယ်အဆင့်တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များနှင့် သွားရောက်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်မှုအခြေအနေများကို ယမန်နေ့ နံနက်(၈)နာရီအချိန်က ကွင်ဆင်းဆောင်ရွက်ဆွေးနွေးခဲ့ကြောင်းသိရှိရသည်။

May 21,2021

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့် တိုက်အား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ခေတ္တယာယီပိတ်ထားခဲ့သော်လည်း ယခုအခါ ပြည်သူများ စာပေလေ့လာဖတ်ရှုနိုင်ရန်အတွက် မေလပထမအပတ်ကစတင်ကာ ကျန်းမာရေးနှင့်အားက စားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပြန် လည်ဖွင့်လှစ် ငှါးရမ်းပေးလျှက်ရှိသည်။

May 21,2021
၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများဖွင့်လှစ်နိုင်ရေး ဆွေးနွေးပွဲကို ယမန်နေ့မွန်းတည့်၁၂:၀၀ နာရီက မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ကျွန်းသာယာ ခန်းမတွင် ကျင်းပရာ မော်လမြိုင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမြတ်ယုနှင့် မော်လမြိုင်ခရိုင် စီမံ အုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးဌာနမှ တာဝန် ရှိသူများ၊ မြို့နယ်ဌာန ဆိုင်ရာများ၊ ကျောင်းအုပ်ဆရာ / ဆရာမကြီးများနှင့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြသည်။
May 21,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) (၃၄) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွှဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားနှင့် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးပွဲ အခမ်းအနားများ အောင်မြင်စွာ ကျင်းပနိုင်ရေး ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်တွင် ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
May 21,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ၊ စဉ့်ကိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တဘက်ဆွဲကျေးရွာအုပ်စု အရှေ့ရွာသစ်ကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ရန်ပုံငွေ ဖြင့် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းဆောင်ရွက်နေမှု အားမေလ (၂၁)ရက် နံနက် (၁၀) နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
May 21,2021
မန္တလေးတိုင်းဒေသကြီး ၊ မိတ္ထီလာခရိုင်မီးသတ်ဦးစီးဌာနမှ သောက်သုံးရေလိုအပ်လျက်ရှိသော အရာတော်ကျေးရွာနှင့် ကျောက်ပုံကုန်းကျေးရွာများကို ယနေ့နံနက်က သောက်သုံးရေများ သွားရောက် ဖြန့်ဝေလှူဒါန်းခဲ့ကြောင်း သိရသည်။ မိတ္ထီလာခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ဆန်း၏ ဦးဆောင်မှုဖြင့် မီးသတ်ဦးစီးဌာနမှ သန္ဓေတပ်ဖွဲ့ဝင် များက သောက်သုံးရေလိုအပ်လျက်ရှိသော ကျေးရွာများနှင့် ၎င်းကျေးရွာများရှိ ဘုန်းတော်ကြီး ကျောင်း များတွင် သောက်သုံးရေများကို မီးသတ်ရေသယ်ယာဉ်များဖြင့် သွားရောက် ဖြန့်ဝေလှူဒါန်းလျက်ရှိသည်။