အမြို့မြို့အနယ်နယ်သတင်းများ

May 21,2021
ကရင်ပြည်နယ် ၊ ဘားအံခရိုင် ၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ ဒေသအတွင်းရှိ သဘာဝပျားရည်များသည် ဆေးဖက်ဝင်ပြီးလူကြိုက်များသော်လည်း ယခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါကြောင့် ခရီးသွားလာမှုနည်းပါးပြီး ဝယ်ယူသူများမရှိသလောက်နည်းပါးကာ ဝယ်လိုအားကျဆင်း ခဲ့ကြောင်းသိရသည်။
May 21,2021
မကွေးတိုင်းဒေသကြီး ၊ သရက်ခရိုင် ၊ ဆင်ပေါင်ဝဲမြို့ မြန်မာ့စီးပွားရေးဘဏ်မှ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးကာလအတွင်း ပင်စင်စားများအတွက် ပင်စင်များ ကို ယနေ့ နံနက်မှ စတင်၍လူစုလူဝေး မဖြစ်ပေါ်စေရေးထုတ်ပေးလျက်ရှိသည်။
May 21,2021
မကွေးတိုင်းဒေသကြီး ၊ နတ်မောက်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသည့် ဒေသခံ ပြည်သူများ နိုင်ငံသားစိစစ်ရေးကတ်ပြား လက်ဝယ်ကိုင်ဆောင်ခွင့် ရရှိစေရန်အတွက် ယမန်နေ့နံနက် (၉)နာရီ အချိန်ခန့်ကနတ်မောက်မြို့နယ် မိုးနံတောကျေးရွာအုပ်စု မိုးနံတောကျေးရွာသို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံ သားစိစစ်ရေးကတ်ပြား ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။
May 21,2021
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ နေပြည်တော်အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ဆေးဆပ်ပြာထုတ်လုပ်မှုသင်တန်း ဖွင့်လှစ်ပို့ချပေးခြင်းကို ဇေယျာသီရိ မြို့နယ်၊ ခေတ်အေးကျေးရွာ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာ (KC)တွင် ယနေ့နံနက်ပိုင်းမှ စတင်ကာဖွင့်လှစ်သင်ကြားခဲ့သည်။    
May 21,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၊ ဟိုပန်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများသို့ အသက်(၈၀) နှင့် (၈၅)နှစ်ကြား သက်ကြီးရွယ်အိုးများ လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက်(၉)နာရီခွဲအချိန်ခန့်က တာဝန်ရှိသူများမှ ကျေးရွာအရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
May 21,2021
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသည့် ဒေသခံပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား လက်ဝယ်ကိုင်ဆောင်ခွင့်ရရှိစေရေးအတွက် ယနေ့ နံနက်ပိုင်းက ကစိုကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားရရှိရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 21,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန် ခန့်တွင် စာအုပ်စာပေချစ်မြတ်နိုးသူများ (Book Club) အသင်းအဖွဲ့ဝင်များနှင့် စာပေ ဝါသနာရှင်များက စာရေးဆရာအောင်သင်း ရေးသားသော “အံဩစရာ ရိုးရာဓလေ့” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့သည်။