အမြို့မြို့အနယ်နယ်သတင်းများ

May 20,2021

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ ၊ အနော်ရထာခန်းမတွင် ယနေ့နံနက် (၈)နာရီ အချိန်မှ စတင်ပြီး ချောင်းဦးမြို့ရှိ အသက် (၆၅)နှစ်အထက် သက်ကြီးရွယ်အိုများအပါအ၀င် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအသုတ် ဒုတိယအကြိမ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

May 20,2021
ကရင်ပြည်နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ တိုးမြှင့်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀နာရီခန့်က ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ(၂)တွင် ကျင်းပသည်။
May 20,2021

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် လူဝင်မှုကြည့်ကြပ်ရေးနှင့် ပြည်သူ့ အင်အား ဆိုင်ရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို မေလပထမပတ်မှ စတင်၍မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှူးရုံးတွင် တနင်္လာနေ့မှ သောကြာနေ့ အထိနံနက်(၉:၃၀)မှ ညနေ (၄:၃၀)အထိ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

May 20,2021
ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦး၊ အဖွဲ့ဝင်(၂) ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးခင်ဇော်၊ အဖွဲ့ဝင်(၄) ဦးစောခင်မောင်မြင့်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်က ဘားအံမြို့၊ မြိုင်သဇင်ကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တ ဣဿရိယ(အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)၏ အန္တိမအဂ္ဂိဈာပန သာဓုကီဠနပူဇာသဘင် ရေစက်ချ အခမ်းအနားသို့ တက်ရောက်ဖူးမျှော် ကြည်ညိုခဲ့သည်။
May 20,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ မြို့နယ်ပြည်သူ့စာကြည့်တိုက်၌ စာဖတ်ပရိသတ်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ စာအုပ်စာစောင်များ ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
May 20,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာ လယ်တွင်းသားစောချစ်ရေးသားသော “ပန်းလိုချင် အပင်ပျိုးတက်မှ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့သည်။
May 20,2021
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ရွှေသစ္စာမင်းကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် အမှတ်တ်(၂) ကျောင်းလမ်း ကွန်ကရစ်ခင်းခြင်း၊ အရှည် ၁၂၃၀ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၈ လက်မ စုစုပေါင်းကုန်ကျငွေကျပ် ၁၁.၄၄၅ သန်းဖြစ်ပြီး ၁၀၀ ရာခိုင်နူန်းပြီးစီးပြီဖြစ် ကြောင်း သိရသည်။