အမြို့မြို့အနယ်နယ်သတင်းများ

May 20,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့၊ နောင်မွန်းကျေးရွာတွင် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလအတွင်း ယာယီပိတ်ထားခဲ့ရသည့် အခြေခံပညာမူလတန်းကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
May 20,2021
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် "ရှမ်းရှေ့နဂါးမင်းကုမ္ပဏီ" မှ ကြီးမှူး၍ တောင်သူများအတွက် စိုက်ပျိုးရေးနည်းပညာသင်တန်းကို မေ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့အထိ ပေါ်တော်မူဘုရားကျောင်းလမ်း၊ ရန်အောင်မြေရပ်ကွက် ပါလျံ(၁)တွင် အခမဲ့ပို့ချပေးလျက် ရှိကြောင်း သိရသည်။
May 19,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့တွင် ပြည်သူများ မိုင်း သိပညာရရှိစေရန် ရည်ရွယ်၍ ဘုရားသုံးဆူမြို့ ကြက်ခြေနီတပ်ဖွဲ့က မြို့ပေါ်ရပ်ကွက်များသို့ ကွင်းဆင်း၍ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခြင်းကို မေလ ၁၅ ရက် နံနက် ၈ နာရီအချိန်၌ ဆောင်ရွက်ခဲ့သည်။
May 19,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မြို့နယ် စည်ပင် သာယာရေးကော်မတီ၊ ရေသန့်ဌာန၏ အစီ အစဉ်ဖြင့် မြို့နယ် ရေသန့်စက်မှ ထွက်ရှိသည့် သောက်သုံးရေများအား နွေရာသီကာလ မြို့နယ်အတွင်းရှိ ရပ်ကွက် များအလိုက် သောက် သုံးရေရရှိရန် ခက်ခဲသည့်နေရာများသို့ လိုက်လံဖြန့်ဝေ ပေးလျက် ရှိသည်။
May 19,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ်အတွင်းရှိ စာဖြေသံဃာတော်များ ဓမ္မာစရိယနှင့် ပါဠိ ပထမပြန်စာမေးပွဲကို ဇွန် ၁ ရက်နေ့မှ ဇွန်လ ၁၃ ရက်နေ့အထိ သာသနာ့ဟိတကာရီဗိမာန်တော်ကြီးတွင် မွန်းတည့် ၁၂ နာရီ မှ ညနေ ၄ နာရီအထိ ကျင်းပသွားမည်ဖြစ်ကြောင်း ခရိုင် သာသနာရေးဦးစီးဌာနမှ သိရသည်။
May 19,2021
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ဘုရားသုံးဆူမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ယနေ့ မွန်းလွဲ ၂ နာရီက စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club) စာဖတ်ဝိုင်း ပြုလုပ်ကျင်းပသည်။
May 19,2021
စစ်ကိုင်းခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ ကြီးမှူး၍ ပန်းခင်းစီမံ ချက်ဖြင့် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နေ့နံနက်(၁၀)နာရီက စစ်ကိုင်း စက်မှုဇုန် ရှင်းလင်းဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။