အမြို့မြို့အနယ်နယ်သတင်းများ

May 20,2021
ရန်ကုန်တိုင်းဒေသကြီး၊  ခရမ်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ၂၀၂၀ - ၂၀၂၁ ပညာ သင်နှစ်၌ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိစေရေး မေ ၂၄ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
May 20,2021

မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊မင်းလှမြို့၌ ၂၀၂၀-၂၀၂၁ခုနှစ်သဘာဝဘေး အန္တရာယ် ကြောင့် သီးနှံများထိခိုက်ပျက်စီးမှုများအတွက် ထောက်ပံ့ငွေ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီ က မင်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

May 20,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ အ.ထ.က(သုဝဏ္ဏ)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည့် ၂၀၁၉ -၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် အောင်မြင်ခဲ့သူများ၏ အမှတ်စာရင်းများကို အ.ထ.က (သုဝဏ္ဏ)ကျောင်း၌ မေလ ၁၁ ရက်နေ့မှ စတင်ကာ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
May 20,2021
နမ္မတူမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများအား “မိတ်ဆွေကောင်း”လူမှုကူညီရေးအသင်းနှင့် စေတနာရှင်များက အခြေခံစားသောက်ကုန်၊ အဝတ်အထည်နှင့် ဆေးဝါးများ ထောက်ပံ့ပေးအပ် လှူဒါန်းခြင်းကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မေလ (၁၈)ရက် နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
May 20,2021
ပါဠိပထမပြန်စာမေးပွဲတွင် ဖြေဆိုအောင်မြင်ခဲ့ကြသည့် စာအောင်သံဃာတော်များအား အောင်လက်မှတ် ဆက်ကပ်လှူဒါန်းပွဲ(စူဠဘွဲ့နှင်းသဘင်)အခမ်းအနားကို ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်  သမားတော်ကျောင်းတိုက် ရွှေပြည်တန်ဓမ္မဗိမာန်တော်ကြီး၌ ယနေ့နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
May 20,2021
ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်အတွင်းရှိ ကျောင်းများအား ၂၀၂၀-၂၀၂၁ ပညာသင်နှစ်၌ ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိစေရေး မေလ ၂၄ ရက် နံနက်ပိုင်းမှ စတင်ကာ ကျောင်းအပ်လက်ခံခြင်း များ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်၊၊
May 20,2021
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ မြို့နယ်ပြည်သူ့စာကြည့်တိုက်ကို ကိုဗစ်-၁၉ ဖြစ်ပွားခဲ့မှုကြောင့် ၂၀၂၀ ခုနှစ် စက်တင်ဘာလမှစတင်၍ စာအုပ်ငှားရမ်းမှုများကို ခေတ္တရပ်နားခဲ့ပြီး ယခုအခါ မေလ(၃)ရက်နေ့မှစတင်ကာ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ပြန်လည်ဖွင့်ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
May 20,2021
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ မြို့နယ် ပြည်သူများ ခရီးသွားပြည်သူများ Covid-19 ရောဂါ ကြိုတင်ကာကွယ်ရေးအနေဖြင့် အပြင်ထွက်တိုင်း Mask တပ်ဆင်အသုံးပြုသည့် အလေ့အထများ ရရှိစေရန် Mask Campaign အသိပညာပေးလှုပ်ရှားမှုကို ယနေ့ နံနက် ပူးပေါင်းအဖွဲ့များဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။