အမြို့မြို့အနယ်နယ်သတင်းများ

May 19,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဆိုင်ရာဦးစီးဌာနမှူးရုံးမှ မြို့နယ်အတွင်းနေထိုင်လျှက်ရှိသော မွေးရာပါ နိုင်ငံသားအရည်အချင်းရှိသူများအား ၁၉၄၉-ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေးအက်ဥပဒေအရ စိစစ်၍ အိမ်ထောင်စု လူဦးရေစာရင်းနှင့် ဥပဒေနှင့်အညီ ကိုင်ဆောင်သင့်သည့် အမျိုးသားမှတ်ပုံတင်ကဒ်ပြား၊ နို်ငငံသားစိစစ်ရေး ကတ်ပြားများကိုယနေ့ နံနက်(၉)နာရီခွဲအချိန်က မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဆိုင်ရာဦးစီးဌာနမှူးရုံးတွင် ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရှိရသည်။
May 19,2021
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးအေးနိုင်၏ ဦးဆောင် လမ်းညွှန်မှုဖြင့် ယမန်နေ့ နံနက် ၈ နာရီမှ ညနေ ၄ နာရီခွဲအချိန်အထိ သံဃာတော်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား အိန္ဒိယနိုင်ငံထုတ် (COVISHIELD) (COVID-19) ရောဂါ ကာကွယ်ဆေး (တတိယ) အသုတ်၊ (ဒုတိယ)အကြိမ် ဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမအတွင်း ထိုးနှံပေးရာ သံဃာတော် (၁၀)ပါး၊ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်း (၄၂)ဦးနှင့် ဒေသခံပြည်သူ(၇၂၄)ဦး၊ စုစုပေါင်း(၇၇၆)ဦးတို့အား ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရှိရသည်။
May 19,2021
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်သစ်တောဦးစီးဌာနအနေဖြင့် ၂၀၂၀-၂၀၂၁ ခုနှစ်၊ မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ သစ်တော များပြုန်းတီးမှုမှကာကွယ်နိုင်ရေးနှင့် ရာသီဥတုအပူဒဏ် ကာကွယ်နိုင်ရေးအတွက် မြို့နယ်သစ်တော ဦးစီးဌာနမှ မြို့မပျိုးဥယျာဉ်နှင့် ရွာတန်းပျိုးဥယျာဉ်တို့၌ ပျိုးပင်ပေါင်း (၁၀၀၀၀၀)အား ပျိုးထောင်ထားရှိပြီးဖြစ်ကြောင်း သိရသည်။
May 19,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်အား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း ခေတ္တယာယီ ပိတ်ထားခဲ့ပြီးနောက် ယခုအခါ ပြည်သူများ စာပေဖတ်ရှုလေ့လာနိုင်ရန်အတွက် ရှမ်းရွာသစ်မြို့ ပြည်သူ့စာကြည့်တိုက်ကို မေလဆန်းမှ စတင်ကာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။
May 19,2021
မေလ ၁၀ ရက် ၊ ည ၉ နာရီခွဲခန့်က ဘဝနတ်ထံစံလွန်တော်မူသွားသည့် နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော် သင်္ဃန်းကျွန်းမြို့နယ်၊ စစ်ကိုင်းစာ သင်တိုက်ကြီး၏ ဦးစီးပဓာန မဟာနာယက ဘဒ္ဒန္တဓမ္မာနန္ဒ၏ သာဓုကီဠန အန္တိမအဂ္ဂိစျာပန အခမ်းအနားကို ယမန်နေ့ မွန်းတည့် ၁၂ နာရီတွင် စစ်ကိုင်းစာသင်တိုက် စံကျောင်းတော်နှင့် ညနေ ၃ နာရီတွင် ရုပ်ကလာပ်တော်ကို ရေဝေးသုသာန်သို့ ပင့်ဆောင်ပြီး အဂ္ဂိဈာပန လောင်တိုက်သွင်းပူဇော်သည့် အခမ်းအနားများကို ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုးနှင့် ကောင်စီ အဖွဲ့ဝင်များ တက်ရောက်ကြည်ညိုခဲ့ကြသည်။
May 19,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ သု၀ဏ္ဏမြို့ကျောင်းလမ်းတွင် တည်ရှိသော စစ်ကိုင်း စာသင် တိုက်ကြီး၏ ဦးစီးပဓာန မဟာနာယက ဆရာတော်ဘုရားကြီးဘဒ္ဒန္တဓမ္မနန္ဒ (သက်တော် ၈၆)နှစ် ဝါတော်(၆၆) ဝါ၏ အန္တိမအဂ္ဂိဈာပနပူဇာ အခမ်းအနားပြုလုပ်သေ
May 19,2021
မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်း၊ ကောင်စီဝင် ဦးအောင်ကြည်သိန်းနှင့် ဌာန ဆိုင်ရာတာဝန်ရှိသူများတို့သည့် ယမန်နေ့မွန်းလွဲ ၁ နာရီက မော်လမြိုင်မြို့နယ်စည်ပင်သာယာရေး အဖွဲ့ရုံးတွင် စည်ပင်သာယာ ရေး အဖွဲ့ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့သည်။
May 19,2021
ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ ယမန်နေ့ နံနက် ၁၀ နာရီက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် လုံခြုံရေး၊ ပညာရေးနှင့် ကျန်းမာရေး ညှိနှိုင်းအစည်း အဝေး ကျင်းပ ခဲ့သည်။