Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဒဂုံမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးခြင်း
May 18,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန၊ မြို့နယ်ဦးစီး အရာရှိနှင့် ဝန်ထမ်းများက ဒဂုံမြို့နယ်တွင် အသက်(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ဆောင်ရွက်ရန် ကျန်ရှိနေသူများစာရင်း၊ ၂၀၀၄ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့ မတိုင်မီ မွေးဖွားသူများ စာရင်းအား ရပ်ကွက်(၅)ခုအတွင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံတွင် အပတ်စဉ် သောကြာနေ့တိုင်း အစည်းအဝေးတွင် ဝေငှပြီးဖြစ်၍ ကွင်းဆင်းဆောင်ရွက်မည့် အခြေအနေအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ညှိနှိုင်းပြီး ကွင်းဆင်းဆောင်ရွက်မည်ဖြစ်ပြီး ဒဂုံမြို့နယ်အတွင်းရှိ ရပ်ကွက်(၅)ခုတွင် အသက်(၁၈)နှစ်ပြည့်သူများနှင့် ၂၀၀၄ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့ မတိုင်မီ မွေးဖွားသူစာရင်းများအား ရပ်ကွက်မှ ပေးပို့လာသည့် စာရင်းအတိုင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနရုံးမှ ဆောင်ရွက်ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ထားဝယ်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိ
May 18,2021
တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာဦးစီးဌာနမှ မြို့နယ် ဦးစီးမှူးနှင့်ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေ စာရင်းနှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ကို ယနေ့နံနက်ပိုင်းတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီမြို့တွင် (COVID-19)ရောဂါ ကူးစက် ပြန့်ပွားမှုမရှိစေရေး (Mask Campaign) ပူးပေါင်းပြုလုပ်ဆောင်ရွက်
May 18,2021
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် တွင် COVID-19)ရောဂါ ကူးစက်ပြန့်ပွားမှုမရှိ စေရေးနှင့် နေအိမ်မှ ပြင်ပသို့ သွားလာသူများ နှာခေါင်းစည်း(Mask)ကို စနစ်တကျ တပ်ဆင် သွားလာသည့် အလေ့အထ ရရှိစေရန် ရည်ရွယ်၍ ယနေ့ နံနက် ၇ နာရီမှစ၍ ချောင်းငယ်ရပ်ကွက် ၊ဈေးလမ်း၊ အောင်မင်္ဂလာ (၂)ဈေး အရှေ့နှင့် စျေး အတွင်း၌ (Mask Campaign) ကိုပူးပေါင်းပြုလုပ်ဆောင်ရွက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
May 18,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်တွင် ရပ်ရွာလုံခြုံရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကောင်းမွန်စေရေးအတွက် ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေး ခန်းမတွင် ယနေ့ နံနက် ၁၀ နာရီက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တွေ့ဆုံပြီး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုလဲမြို့၌ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ် (၂) သင်တန်းဖွင့်ပွဲ ကျင်းပ
May 18,2021
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးရုံး (မုံရွာ) ကွပ်ကဲမှု အောက်ရှိ ပုလဲမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၂) သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၈နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြောက်ဦးမြို့၌ သွေးလွန်တုတ်ကွေးရောဂါကြိုတင်ကာကွာရေးအတွက် ဖုန်းသွန်၊ လှဲ၊ စစ်စနစ်ဖြင့် ပိုးလောက်လန်းသေ(အဘိတ်)ဆေးခတ်ခြင်းများ ကွင်းဆင်းဆောင်ရွက်
May 18,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများနှင့်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ဝန်ထမ်း များပူးပေါင်း၍ ယမန်နေ့ နံနက် ၈ နာရီက မြို့ပေါ်ရပ်ကွက်များနှင့်ဌာနဆိုင်ရာရုံးများသို့ သွားရောက်ပြီး ခြင်ကိုက်ခံရမှုကြောင့်ဖြစ်ပွားတတ်သော သွေးလွန်တုတ်ကွေးရောဂါကြိုတင်ကာကွယ်ရေး ပိုးလောက် လန်းသေ (အဘိတ်) ဆေးခတ်ခြင်းများအား ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ငါးသိုင်းချောင်း၌ လေဘေးသင့် နေအိမ်ပြိုပျက် အိမ်ထောင်စု(၈)စုသို့ ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့
May 18,2021
ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ရှိ သက္ကယ်ပြင်ကျေးရွာအုပ်စု၊ ညောင်မှော်ကျေးရွာအုပ်စုနှင့် မြက်တို ကျေးရွာအုပ်စုများတွင် မေလ(၆)ရက်နှင့် (၇)ရက်နေ့ညနေပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် ပြိုပျက်ခဲ့ရသော နေအိမ်(၈)လုံးရှိခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အုတ်ဖိုမြို့နယ် ငါးလုပ်ငန်းစခန်းမှ ဧရာဝတီမြစ်အတွင်း ငါးမျိုးစိုက်ထည့်
May 18,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ငါးလုပ်ငန်းစခန်းမှ ငါးသယံဇာတ ပေါကြွယ်ဝစေရန် ရည်ရွယ်၍ ယမန်နေ့က ပြည်မြို့ ပန်းခြံ ဆိပ်ခံဘောတံတားမှ သဘာဝရေပြင် ဧရာဝတီမြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းကို ဆောင်ရွက်ခဲ့ရာ ငါးမျိုးစိုက်ထည့်ပွဲသို့ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်ပြည်မှ ဗိုလ်မှူးချုပ်အောင်နိုင်ဦး၊ ပြည်ခရိုင် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အုတ်ဖိုမြို့နယ် ငါးလုပ်ငန်းစခန်းတာဝန်ခံ ဒေါ်မိုးသီတာနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25177
Page
25178
Page
25179
Page
25180
Current page
25181
Page
25182
Page
25183
Page
25184
Page
25185
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department