Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကြံခင်းမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် အသိပညာပေး လုပ်ငန်းဖြစ်သော ပြည်သူ့စာကြည့်တိုက် Facebook Page မှတစ်ဆင့် အ…
May 19,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့ စာကြည့်တိုက် Facebook Page မှတစ်ဆင့် အရည်အသွေးပြည့်မှီသည့် ပုံပြောအစီအစဉ်များကို ယနေ့နံနက် ၉ နာရီခွဲ အချိန်က ကြံခင်းမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမတွင် မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲ အစီအစဉ်များ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့၌ ၂၀၂၀ ပြည့်နှစ်၊ သဘာဝဘေးအန္တရာယ် ကြောင့် သီးနှံပျက်စီးဧကများအတွက်ထောက်ပံ့ငွေပေးအပ်
May 19,2021
မကွေးတိုင်းဒေသကြီး ၊ သရက်ခရိုင် ၊ ဆင်ပေါင်ဝဲမြို့၌ ၂၀၂၀ ပြည့်နှစ် သဘာဝဘေးအန္တရာယ်ကြောင့်သီးနှံပျက်စီးဧကများအတွက်ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဂန့်ဂေါမြို့၊ စည်ပင်သာယာရပ်ကွက် အသောကလမ်းသွယ်(၂)တွင် ကွန်ကရစ် လမ်းခင်း
May 19,2021
မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့ စည်ပင်သာယာရပ်ကွက် မြစ်ရှောင်လမ်းနှင့် အသောက လမ်းတို့ ကိုဆက်သွယ်သည့် အသောကလမ်းသွယ်(၂)တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ဝေါမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး
May 19,2021
ပဲခူးတိုင်းဒေသကြီး ဝေါမြို့တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြု ကူးစက်ခံရသူ (၃၉၅) ဦးရှိခဲ့ရာ အဆိုပါ ကူးစက်ခံရသူများထဲမှ သေဆုံးသူ (၅) ဦး ရှိခဲ့ကြောင်း ကူးစက်ခံရသူများအားလုံး ပြန်လည်ကျန်းမာ လာခဲ့ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘားအံမြို့နယ်အတွင်းရှိ သမိုင်း၀င်သဘာ၀ရသေ့ပျံဂူသို့ ကိုဗစ်−၁၉ စည်းကမ်းချက်များနှင့်အညီ လည်ပတ်နိုင်
May 19,2021
ကရင်ပြည်နယ်အတွင်းသာမက ဘားအံမြို့နယ်တွင် ထူးခြားထင်ရှားသည့် သဘာဝ ရှေးဟောင်း ဂူဘုရားများရှိသည့်အနက် နိုင်ငံတကာနှင့် ပြည်တွင်းပြည်ပခရီးသွားများ လည်ပတ်မှုရှိသော ဘားအံမြို့ အနောက်ဘက်ကမ်း၊ သံလွင်တံတားထိပ်၊ ဖားကပ်ကျေးရွာ လမ်းခွဲမှတစ်ဆင့် သွားနိုင်သော ရှေးမွန်ဘုရင် မနုဟာမင်းကိုးကွယ်ခဲ့သည့် လောကီပညာရပ်ဈာန်ဖြင့် ပျံနိုင်ပြီး ဆရာရသေ့တစ်ပါးမှ စတင်ခဲ့ရာမှ ရသေ့ပျံဂူဟု အမည်တွင်ခဲ့သည့် သမိုင်းဝင်ဂူသည် ဂူတစ်လျှောက် လေ၀င်လေထွက် ကောင်းပြီး ၀င်ထွက်သွားလာနိုင်သည်။ အဆိုပါဂူသည် ကိုဗစ်ကာလတွင် ယာယီပိတ်ထားခဲ့ပြီး ယခုအခါ ကိုဗစ်−၁၉ စည်းကမ်းချက်များနှင့်အညီ ပြန်လည်၀င်ရောက် လည်ပတ်နိုင်ပြီဖြစ်သည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်းတည်မြို့နယ်တွင် နှာခေါင်းစည်း (Mask) များ တပ်ဆင်သွားလာသည့် အလေ့အထများ ဖြစ်စေရန် Mask Campaign ကို အရှိန်အဟုန်မြှင့်ဆောင်ရွက်
May 19,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်မှု ဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုအား ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများ အပြင် ထွက်တိုင်း နှာခေါင်းစည်း (Mask)များ တပ်ဆင်ရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သော စည်ကမ်းများ အား လိုက်နာ၍ သွားလာနေထိုင်ကြရန် အသိပညာပေးခြင်းလုပ်ငန်း Mask Campaign ကို ယနေ့ နံနက်(၇)နာရီ အချိန်က လူစည်ကားရာအုပ်ဖို (၂)ရပ်ကွက်၊ ရွှေတည်ဈေးသစ်တွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကြာအင်းဆိပ်ကြီးမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိ
May 19,2021
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးဌာနမှူးရုံး က ယမန်နေ့နံနက်ပိုင်းမှ စတင်ပြီး ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဆတ်မြို့၌ မိုးသက်လေပြင်းတိုက်ခတ်မှုဖြစ်ပွား
May 19,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ မေလ (၁၈)ရက်နေ့ ညနေပိုင်းက မိုးသက်လေပြင်းတိုက် ခတ်မှုကြောင့် သဗ္ဗညုဆုတောင်းပြည့်စေတီတော်စိန်ဖူးတော်မြေခခဲ့ပြီး နေအိမ်(၄)လုံးထိခိုက် ပျက်စီးခဲ့ ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25173
Page
25174
Page
25175
Page
25176
Current page
25177
Page
25178
Page
25179
Page
25180
Page
25181
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department