အမြို့မြို့အနယ်နယ်သတင်းများ

May 14,2021
ကရင်ပြည်နယ်၊ ဘားအံမြို့တွင်  အခြေခံကျောင်းများ ဇွန်လ(၁)ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်နိုင်ရေး အတွက် ကြိုတင်ပြင်ဆင်မှုများကို မေလအတွင်း ပြင်ဆင်ဆောင်ရွက်မှုများ ပြုလုပ်‌နေကြောင်း သိရသည်။
May 14,2021
နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် မေလ ၁၂ ရက်နေ့ ည ၇နာရီခွဲ အချိန်ခန့် က မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၇၂)လုံး လေလန်ပျက်စီးခဲ့သည်။
May 14,2021
ကရင်ပြည်နယ်  မြဝတီမြို့နယ်၌ အခြေခံပညာကျောင်းများ COVID-19 ရောဂါကာကွယ်ထိန်း ချုပ်ကုသရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖွင့်လှစ်နိုင်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းက အမှတ်(၄) ရပ်ကွက် အ.ထ.က(၁)ကျောင်းတွင် ဆရာ၊ဆရာမများနှင့်ဝန်ထမ်းများက ပြင်ဆင်ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ ကြသည်။
May 14,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံ ပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းတွင် မြကန်သာရပ်ကွက်အတွင်းရှိ အရိယာမဂ္ဂင်မြို့လယ် ဓမ္မာရုံ၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။  
May 14,2021
နေပြည်တော်ကောင်စီဥက္ကဌ ဒေါက်တာမောင်မောင်နိုင်၊ နေပြည်တော်ကောင်စီဝင်အဖွဲ့ဝင်များ ဖြစ်ကြသည့် ဗိုလ်မှူးကြီးမင်းနောင်၊ ဦးဇေယျာလင်းနှင့်ဦးမြင့်စိုးတို့သည် တာဝန်ရှိသူများနှင့် အတူ ယမန်နေ့ နက်ပိုင်းက နေပြည်တော်တပ်ကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ဖြစ်ကြသော အထက(၈)၊ အထက(၄)၊ အထက(၁)၊ အထက(၂)၊ ဗိုလ်မင်းရောင် အထက်တန်း ကျောင်း(ခွဲ)၊တပ်ကုန်းပြည်သူ့ဆေးရုံ(ခုတင်၁၀၀)နှင့် ဇေယျာသီရိမြို့နယ်အတွင်းရှိ ပြည်စံအောင် အထက်တန်းကျောင်း၊ ကျောက်ချက်အထက်တန်းကျောင်းတို့ ပြန်လည်ဖွင့်လှစ် သင်ကြားနိုင်ရေး နှင့် ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး ခဲ့ကြသည်။
May 14,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် မေလ(၄)ရက်နေ့နှင့်(၁၀)ရက်နေ့က မိုးသက်လေပြင်း တိုက်ခတ်ခဲ့မှုကြောင့် လေဘေးသင့်ခဲ့သည့် အိမ်ထောင်စုများအား ထောက်ပံ့ငွေနှင့်ပစ္စည်းများ ထောက်ပံ့ပေး အပ်ပွဲကို ယနေ့နံနက်(၉)နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
May 14,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်အတွင်းရှိ အခြေခံ ပညာစာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီ အချိန်မှ စတင်၍ ကျေးရွာအုပ်စုအတွင်းရှိ ကျောင်းများတွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။