အမြို့မြို့အနယ်နယ်သတင်းများ

May 05,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်၌ မကြာမီ ကျောင်းများပြန်လည်ဖွင့်လှစ်မည်ဖြစ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသောကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်း ချက်များနှင့်အညီ ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရန် ပြင်ဆင်ဆောင်ရွက်ခြင်းကို ယမန်နေ့ နေ့လယ် ၁ နာရီခွဲ အချိန်က တာဝန်ရှိသူများက သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
May 05,2021

ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီး အားကစားခန်းမ၌ ယနေ့ နံနက် ၈ နာရီက ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌဖလား ကလပ်ပေါင်းစုံ အမျိုးသားအလွတ်တန်း ဖူဆယ် ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။

May 05,2021
ကမ္ဘာတစ်ဝှမ်းကူးစက်ဖြစ်ပွားလျက်ရှိသည့် မျိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး၊ ထိန်းချုပ်ရေး၊ အရေးပေါ်တုံ့ပြန်ရေးနှင့် ကုသရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်က ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပခဲ့သည်။
May 05,2021
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် ဆရာတော်/သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ နံနက်၁၀နာရီက အနှိပ်တော်ရပ်ကွက်၊ အကွက်(၁၂/ခ) ၆၂လမ်း၊ ၁၉လမ်းနှင့်လမ်း၂၀ကြားရှိ အရှေ့ခင်မကန်တိုက်၊ ကထိန်ကျောင်း၊ ပတ္တမြားကထိန်ကျောင်းဆောင်၌ ပြုလုပ်သည်။
May 05,2021
ပဲခူးတိုင်းဒေသကြီး ဝေါမြို့တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြု ကူးစက်ခံရသူ (၃၉၅) ဦးရှိခဲ့ရာ အဆိုပါကူးစက်ခံရသူများထဲမှ သေဆုံးသူ (၅)ဦးရှိခဲ့ကြောင်း ကူးစက်ခံရသူများအားလုံး ပြန်လည် ကျန်းမာလာခဲ့ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှသိရသည်။
May 05,2021
(၇၅)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့နံနက် ၇ နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ၂၉ လမ်း၊ ၈၁ လမ်းနှင့် ၈၂ လမ်းကြားရှိ ဗဟိုမီးသတ် အစည်းအဝေးခန်းမတွင် ကျင်းပသည်။
May 05,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ် ကလေးဆေးရုံကြီးတွင် အထူးကုပြင်ပလူနာဌာန အပါအဝင် အခြားသော သက်ဆိုင်ရာ ဆေးကုသမှုဌာနများအား (၂၄)နာရီ ဆေးဝါးကုသမှုများ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။