အမြို့မြို့အနယ်နယ်သတင်းများ

May 05,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် မီးသတ်ဦးစီးဌာန၌ ယနေ့နံနက်က (၇၅)နှစ် မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ စိန်ရတုအထိမ်းအမှတ် ဘုရားအမှူးရှိသော သံဃာတော်များ အား အာရုဏ်ဆွမ်းကပ်လှူပူဇော်ခြင်းနှင့် (၇၅)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ စိန်ရတုအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
May 05,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲ၌ ယနေ့ နံနက် ၈ နာရီခွဲမှ စတင်ပြီး အငြိမ်းစားဝန်ထမ်း (၆၀၀)ကျော်ခန့်မှ တိုကင်စနစ်ဖြင့် ပင်စင်လစာ ငွေများကို ပုံမှန်အေးချမ်းစွာ လာရောက်ထုတ်ယူခဲ့ကြကြောင်း သိရှိရသည်။
May 05,2021
(၇၅)နှစ်မြောက် စိန်ရတု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့ နံနက် (၁၀)နာရီက ပုလောမြို့ မီးသတ်ဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။
May 05,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ ကျန်းမာရေးကောင်းမွန်စွာ နေထိုင်နိုင်ရန် ရည်ရွယ်၍ ကြက်ခြေနီအသင်း(အင်းစိန်)မှ (၂၄)နာရီ လူနာတင်ယာဉ်ကား(၂)စီးဖြင့် နေ့စဉ် ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိကြောင်း သိရသည်။
May 05,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ငါးလုပ်းငန်းဦးစီးဌာနမှ ၂၀၂၁ -၂၀၂၂ ခုနှစ် ငါးလုပ်ငန်းရာသီ အတွက် ပထမအကြိမ် ဂရန်အင်းများ လေလံရောင်းချခြင်းကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန ရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။
May 05,2021
(၇၅)နှစ်မြောက် စိန်ရတုမြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီ က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။
May 05,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် တောင်ငူမြို့နယ်၌ လာမည့် မိုးရာသီကာလ၌ ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် မြို့နယ်သစ်တောဦးစီးဌာန အနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အတွက် ကံရိုး အမြဲတမ်းပျိုးဥယျာဉ်တွင် ပျိုးပင်ပေါင်း (၇၅၀၀၀) ပျိုးထောင် စိုက်ပျိုးထားကြောင်း သိရသည်။