Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
အင်းနို့သိပ္ပံ-နောကော ကျေးရွာချင်းဆက် လမ်းဖွင့်ပွဲအခမ်းအနား ကျင်းပ
Apr 08,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် အင်းနို့သိပ္ပံ-နောကော ကျေးရွာချင်းဆက် လမ်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က အဆိုပါလမ်းမပေါ်၌ ဆောင်ရွက်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသန်းနှင့်အဖွဲ့ဝင်များက တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရပ်ကွက်အတွင်းရှိအသက် ၁၈ နှစ်ပြည့်ပြီးသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံ
Apr 08,2021
ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်၌ ရပ်ကွက်အတွင်းရှိအသက် ၁၈ နှစ်ပြည့်ပြီးသူများ အထက်ရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ယနေ့ နံနက် ၉ နာရီမှ စတင်ပြီး နေ့လယ် ၂ နာရီအချိန်ထိ တွံတေးမြို့နယ်ပြည်သူ့ဆေးရုံတွင် ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၅) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မီးလောင်မှုဖြစ်ပွား
Apr 08,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊(၄၅)ရပ်ကွက်၊ ဗိုလ်ချိုလမ်းနှင့် ကြေးရေလမ်း၊ အမှတ်(၅၇၉-၅၈၁)ရှိ အကျယ်(၄၀ -၂၀)ပေ၊ RC တစ်ထပ်၊ ရပ်ကွက် အုပ်ချုပ် ရေးမှူးရုံးအား ယမန်နေ့ ည (၈) နာရီ (၂၀) မိနစ်အချိန်ခန့်တွင် မီးလောင်နေကြောင်း ဖုန်းဖြင့်သတင်းပေးပို့မှုကြောင့် (၈) နာရီ (၂၄) မိနစ် အချိန်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ် မီးသတ်ဦးစီးမှူး ဦးတင်ထွန်းအောင်၊ မီးသတ်တပ်ဖွဲ့ဝင်(၇)ဦးတို့မှ ရေသယ်ယာဉ် တစ်စီးဖြင့် မီးငြိမ်းသတ်ခဲ့ရာ (၈) နာရီ (၃၇) မိနစ် အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး (၈) နာရီ (၃၈) မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အင်းစိန်မြို့နယ်၌ လမ်းသွယ်များတွင် ပိတ်ဆို့ထားသည့် အတားအဆီးများအား ဖယ်ရှား ရှင်းလင်း
Apr 08,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ သွားရေးလာရေး အဆင်ပြေစေရန် ရည်ရွယ်၍ လမ်းသွယ်များတွင် ပိတ်ဆို့ထားသည့် အတားအဆီးများအား ဖယ်ရှားရှင်းလင်း ဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲ(၃)နာရီအချိန်က ပိန္နဲကုန်းရပ်ကွက်နှင့် မြို့သစ်(က+ခ)ရပ်ကွက် တို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၊ (၅) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မီးလောင်မှုဖြစ်ပွား
Apr 08,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၅)ရပ်ကွက် ယောမင်းကြီးလမ်း ၌ ယနေ့ နံနက် (၂) နာရီ (၄၅) မိနစ်အချိန်ခန့်တွင် မီးလောင်နေကြောင်း သတင်းပေးပို့မှုကြောင့် မြို့နယ်မီးသတ်တပ်ဖွဲ့မှ မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်အောင် ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင် (၁၅)ဦး၊ မီးသတ်ယာဉ် ()စီးဖြင့် မီးငြိမ်းသတ်ခဲ့ရာ (၃) နာရီ (၁၅) မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ (၂)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မီးလောင်မှုဖြစ်ပွား
Apr 08,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊(၂)ရပ်ကွက်၊ ယမန်နေ့ ည (၁၁) နာရီ (၄၅) မိနစ်အချိန်ခန့်တွင် မီးလောင်နေကြောင်း သတင်းပေးပို့မှုကြောင့် မြို့နယ်မီးသတ်တပ်ဖွဲ့မှ မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်အောင် ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်(၁၀)ဦး၊ မီးသတ်ယာဉ် နှစ်စီးဖြင့် မီးငြိမ်းသတ်ခဲ့ရာ နံနက် (၁၂) နာရီ (၁၅) မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရ သည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် မီးလောင်မှုဖြစ်ပွား
Apr 08,2021
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ အမှတ်(၅၃) ရပ်ကွက် ဘိုးလှကြီးဘုရားလမ်းနှင့် ပိတောက်မြိုင်လမ်းထောင့်ရှိ (၅၃) ရပ်ကွက် အုပ်ချုပ် ရေးမှူးရုံး (၂၀) (၄၀) သွပ်မိုး၊ အုတ်ကာ၊ ကွန်ကရစ်ခင်း (၁) ထပ် အဆောက်အဦ မီးလောင်မှု ဖြစ်ပွားသဖြင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးမြင့်သူ ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင် (၆) ဦးဖြင့် မီးငြိမ်း သတ်ခဲ့ရာ ( ၂၂)နာရီ အချိန်တွင် မီးငြိမ်းသွားကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အင်းစိန်မြို့နယ်၌ မီးလောင်မှုဖြစ်ပွား
Apr 08,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၊ ပေါက်တောဝရပ်ကွက်၊ ဘုရင့်နောင် လမ်းမကြီးနှင့် အောင်သပြေလမ်းထောင့်၌ ယနေ့ (၅) နာရီ (၄၅)မိနစ်အချိန်က အလျား(၄၀)ပေ၊ အနံ(၁၅)ပေရှိ အုတ်ညှပ်သွပ်မိုး(၂)ထပ် အဆောက်အဦအား မီးလောင်နေကြောင်း သိရသဖြင့် ရန်ကုန်မြောက်ပိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌခရိုင်အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်၊ အင်းစိန် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးဝင်းအောင်၊ အဖွဲ့ဝင် ဗိုလ်မှူး သုခလှိုင်၊ အတွင်းရေးမှူး ရဲမှူးအောင်နိုင်မိုး၊ အင်းစိန်မြို့နယ် မီးသတ်ဦးစီးမှူး ဦးရန်နိုင်ဖြိုး၊ မီးသတ်ယာဉ် (၂) စီးတို့ ရောက်ရှိ၍ ရပ်ကွက်နေပြည်သူများနှင့်အတူ ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ရာ (၅) နာရီ (၅၇) မိနစ် အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25281
Page
25282
Page
25283
Page
25284
Current page
25285
Page
25286
Page
25287
Page
25288
Page
25289
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department