Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့…
Mar 27,2021
ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် ကောင်စီအဖွဲ့ဝင်များက ရပ်ရွာတည်ငြိမ်အေး ချမ်းရေးအတွက် စီမံအုပ်ချုပ်မှုဆိုင်ရာလုပ်ငန်းများနှင့် ပတ်သက်ပြီး မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပွဲကို ယမန်နေ့နံနက် ၁၀ နာရီတွင် မြစ်ကြီးနားမြို့ မြို့နယ်ပြည်သူ့ဝန်ဆောင်မှု(OSS)ရုံးဝင်းအတွင်းရှိ မနောရွှေပြည် ခန်းမ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦးနှင့်အဖွဲ့ဝင်များ ဘားအံမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်မှုများ ကွင်းဆင်းကြည့်ရှ…
Mar 26,2021
ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦး၊ အဖွဲ့ဝင်(၄)ဦးစောခင်မောင်မြင့်၊ အဖွဲ့ဝင်(၅) ဦးဇော်ဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် မတ်လ ၂၆ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်း ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်အတွင်း လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ တည်ဆောက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ…
Mar 26,2021
ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီက ပြည်နယ်အတွင်း လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ ဒေသ ဖွံ့ဖြိုးရေးအတွက် တည်ဆောက်ရေး လုပ်ငန်းများ နှင့်ပတ်သက်၍ ပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီမှ တိန်ညိုကျေးရွာတိုက်ပွဲရှောင်စခန်းရှိ မီးဘေးသင့် ပြည်သူများအတွက် ထောက်ပံ့ငွေနှင့်တစ်ပတ်စာ ဆန်ရိက္ခာများ ထောက်ပ…
Mar 26,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်၊ တိန်ညိုကျေးရွာ၌ မတ်လ ၁၇ ရက်နေ့ ညနေပိုင်းက ပေါ့ဆမီးကြောင့် တိုက်ပွဲရှောင်စခန်းရှိ အဆောက်အဦ (၆၆၃)လုံး မီးလောင်ကျွမ်းခဲ့ရာ စခန်းအတွင်းရှိ မီးဘေးသင့်အိမ်ထောင်စု ၆၆၃ စုမှ လူဦးရေ ၂၅၆၅ ဦးအတွက် ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီမှ ထောက်ပံ့ငွေနှင့်တစ်ပတ်စာ ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်ခြင်းအား ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဟောင်းအစည်းအဝေး ခန်းမအတွင်း၌ မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သံတွဲမြို့နယ်၌ နွေရာသီရေရှားပါးမှု ကင်းဝေးစေရေး ရေပေးရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်
Mar 26,2021
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သံတွဲမြို့နယ်သံတွဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်း ရေရှားပါးသောကျေးရွာများ သောက်သုံးရေလုံလောက်မှု ရရှိစေရေး၊ နွေရာသီရေရှားပါးမှုကင်းဝေးစေရေးအတွက် ရေပေးရေး လုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြောက်ဦးမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံ
Mar 26,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ဆရာတော်၊ သံဃာတော်များကို လတ်တလောအသက်ရှုလမ်းဆိုင်ရာ ကူးစက်မြန်ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်အဖြစ် ဆေးရုံအခြေပြု စတင်ထိုးနှံခြင်းအား ယနေ့ နံနက် ၈ နာရီက ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် စုရပ်အဖြစ် စတင်ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းစုမြို့တွင် (၂၃)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကျင်းပ
Mar 26,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် မြို့ဦးသံသရာအေးစေတီတော် (၂၃)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲအား (၃)ရက် တိုင်တိုင် ရွတ်ဖတ်ပူဇော်မည်ဖြစ်ရာ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၇)နာရီအချိန်က ကျွန်းစုမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ သံသရာအေးစေတီတော် ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စဉ့်ကိုင်မြို့နယ်အတွင်းရှိ အသက်(၅၉)နှစ်အထက် ပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Mar 26,2021
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင် မြို့နယ်အတွင်းရှိ အသက်(၅၉)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံခြင်း လုပ်ငန်းကို ယမန်နေ့ နံနက် (၉) နာရီအချိန်တွင် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25284
Page
25285
Page
25286
Page
25287
Current page
25288
Page
25289
Page
25290
Page
25291
Page
25292
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department