Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် မီးလောင်မှုဖြစ်ပွား
Apr 08,2021
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ အမှတ်(၅၃) ရပ်ကွက် ဘိုးလှကြီးဘုရားလမ်းနှင့် ပိတောက်မြိုင်လမ်းထောင့်ရှိ (၅၃) ရပ်ကွက် အုပ်ချုပ် ရေးမှူးရုံး (၂၀) (၄၀) သွပ်မိုး၊ အုတ်ကာ၊ ကွန်ကရစ်ခင်း (၁) ထပ် အဆောက်အဦ မီးလောင်မှု ဖြစ်ပွားသဖြင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးမြင့်သူ ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင် (၆) ဦးဖြင့် မီးငြိမ်း သတ်ခဲ့ရာ ( ၂၂)နာရီ အချိန်တွင် မီးငြိမ်းသွားကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အင်းစိန်မြို့နယ်၌ မီးလောင်မှုဖြစ်ပွား
Apr 08,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၊ ပေါက်တောဝရပ်ကွက်၊ ဘုရင့်နောင် လမ်းမကြီးနှင့် အောင်သပြေလမ်းထောင့်၌ ယနေ့ (၅) နာရီ (၄၅)မိနစ်အချိန်က အလျား(၄၀)ပေ၊ အနံ(၁၅)ပေရှိ အုတ်ညှပ်သွပ်မိုး(၂)ထပ် အဆောက်အဦအား မီးလောင်နေကြောင်း သိရသဖြင့် ရန်ကုန်မြောက်ပိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌခရိုင်အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်၊ အင်းစိန် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးဝင်းအောင်၊ အဖွဲ့ဝင် ဗိုလ်မှူး သုခလှိုင်၊ အတွင်းရေးမှူး ရဲမှူးအောင်နိုင်မိုး၊ အင်းစိန်မြို့နယ် မီးသတ်ဦးစီးမှူး ဦးရန်နိုင်ဖြိုး၊ မီးသတ်ယာဉ် (၂) စီးတို့ ရောက်ရှိ၍ ရပ်ကွက်နေပြည်သူများနှင့်အတူ ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ရာ (၅) နာရီ (၅၇) မိနစ် အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၀)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မီးလောင်မှုဖြစ်ပွား
Apr 08,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊(၃၀)ရပ်ကွက်၊ ဗိုလ်ဆွန်ပက်လမ်းရှိ အကျယ်(၂၀ -၁၅)ပေ၊ RC တစ်ထပ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား ဧပြီ ၇ ရက်နေ့ နံနက် (၆) နာရီ (၄) မိနစ်အချိန်ခန့်တွင် မီးလောင်နေကြောင်း သတင်းပေးပို့မှုကြောင့် (၆) နာရီ (၅) မိနစ် အချိန်တွင် အရှေ့ပိုင်းခရိုင်မီးသတ်စခန်းမှ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိသေနတ်ပစ် ကွင်းတွင် တာဝန်ကျနေသော မီးသတ်ဦးစီးမှူး ဦးအောင်လင်းဦး ဦးဆောင်၍ ရေသယ်ယာဉ် တစ်စီးဖြင့် မီးသတ်တပ်ဖွဲ့ဝင်များမှ မီးငြိမ်းသတ်ခဲ့ရာ (၆) နာရီ (၁၅) မိနစ် အချိန်တွင် မီးထိန်း နိုင်ခဲ့ပြီး (၆) နာရီ (၁၉) မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ခရမ်းမြို့နယ်တွင် အခြေခံပညာမူလတန်းအဆင့် Grade -4 သင်ရိုးသစ် မွမ်းမံသင်တန်းဆင်း ပွဲများကျင်းပ
Apr 08,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့တွင် ၂၀၂၁ -၂၀၂၂ ပညာသင်နှစ် အခြေခံပညာ မူလတန်း အဆင့် Greade-4 သင်ရိုးသစ်၊ မြို့နယ်အဆင့် မွမ်းမံသင်တန်းကို ဧပြီ ၅ ရက်နေ့မှ စတင် ဖွင့်လှစ်ခဲ့ပြီး ဧပြီ ၇ ရက်နေ့တွင် သင်တန်များအောင်မြင်စွာ ပြီးဆုံးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်း (ဒုတိယအသုတ်၊ (ပထမအကြိမ်) အဖြစ် ဆက်လက်ထိုးနှံပေး
Apr 08,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမအတွင်း ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်း (ဒုတိယအသုတ်၊ (ပထမအကြိမ်) အဖြစ် ချောင်းကြီးရပ်ကွက်၊ ချောင်းငယ်ရပ်ကွက်၊ ဆင်ခြေဖုန်းကျေးရွာအုပ်စုနှင့် သကျက်ကျေးရွာအုပ်စုတို့မှ အသက်(၁၈)နှစ်အထက် ဒေသခံပြည်သူများကို ယမန်နေ့နံနက် (၉) နာရီမှ ညနေ (၅) နာရီအထိ ထိုးနှံပေးရာ လူဦးရေ(၁၅၄)ဦးက ကျန်းမာရေးနှင့် အားကစား ဝန်ကြကီးဌာန၏ ကိုဗစ်-၁၉ လမ်းညွှန်ချက်နှင့်အညီ လာရောက်ထိုးနှံကြသည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၁ ခုနှစ် ဘွဲ့တံဆိပ်တော်ရရှိသည့် ဆရာတော်များအား ဂုဏ်ပြုပူဇော်
Mar 29,2021
၂၀၂၁ ခုနှစ် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ် ဆက်ကပ်လှူဒါန်းရရှိတော်မူသည့် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်မှ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ မြို့ခင်းသာပရိယတ္တိ စာသင်တိုက်ဆရာတော် ဘဒ္ဒန္တဇဋိလ နှင့် ကမ္မဋ္ဌာနာစရိယ အုံ့တုံးတောင်တောရဆရာတော် ဘဒ္ဒန္တဩသဓမထေရ်မြတ်တို့အား ဂုဏ်ပြုပူဇော်ပွဲ ကို ယနေ့ နံနက် ၉ နာရီက ဂန့်ဂေါမြို့ သာသနာ့ဗိမာန်တော်၌ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
စစ်တွေမြို့၌ အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးနှစ်ပါး လှည့်လည်အပူဇော်ခံ
Mar 29,2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ကြီးမှူးကျင်းပသော ၂၀၂၁ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲသို့ ကြွရောက်ပြီး အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော် ခံယူကြသည့် ဆရာတော်ကြီးနှစ်ပါးသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်မှ စစ်တွေမြို့သို့ တပ်မတော်လေယာဉ်ဖြင့် ကြွရောက်တော်မူကြပြီး မြို့တွင်း လှည့်လည်အပူဇော်ခံကြသည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ၂၀၂၁ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲ မဟာမင်္ဂလာအခမ်းအနားကျင်းပ
Mar 28,2021
ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီက ကြီးမှူးကျင်းပသော ၂၀၂၁ ခုနှစ်၊ သာသနာတော် ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲ မဟာမင်္ဂလာအခမ်းအနားကို ယမန်နေ့ (သာသနာတော် နှစ် ၂၅၆၄၊ ကောဇာသက္ကရာဇ် ၁၃၈၂ ခုနှစ်၊ တပေါင်းလပြည့်နေ့) မွန်းလွဲ ၁ နာရီတွင် မြစ်ကြီးနားမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25282
Page
25283
Page
25284
Page
25285
Current page
25286
Page
25287
Page
25288
Page
25289
Page
25290
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department