အမြို့မြို့အနယ်နယ်သတင်းများ

Feb 03,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ယနေ့ နံနက် ၇ နာရီခွဲက လင်းခေးမြို့နယ်အတွင်းရှိ ကျေးရွာများသို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး သတင်းစကား လက်ကမ်း စာစောင်များကို ပြည်သူများ၏ လက်ဝယ်အရောက် ကွင်းဆင်းလှည့်လည် ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
Feb 03,2021
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ် ပြည်ထောင်စု (ငွေလုံး ငွေရင်း) ရန်ပုံငွေ ကျပ်သန်း ၆၀ ဖြင့် ထိန်လည်-သရက်တန်းလမ်းအား အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
Feb 03,2021
မန္တလေးတိုင်းဒေသကြီး   မြင်းခြံခရိုင်   တောင်သာမြို့နယ်၌   ရပ်ကွက်များနှင့် ကျေးရွာများတွင် မြေအုတ်များအစား ဘိလပ်မြေဖြင့်ထုတ်လုပ်ထားသည့် လက်ရိုက်နှင့်စက်ရိုက်ကွန်ကရစ်အုတ်(ဗြုန်းအုတ်)များကိုအသုံးပြုမှုများလာသဖြင့် ကွန်ကရစ်အုတ်ထုတ်လုပ်သည့်လုပ်ငန်းများလည်းများပြားလာကာ တွင်ကျယ်စွာထုတ်လုပ်ရောင်းချလျက်ရှိကြောင်းသိရသည်။
Feb 03,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ၊ ပထမသုံးလပတ်အတွက် ကိုယ်ဝန်ဆောင်မိခင်နှင့်၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များ ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့က မဲသမူးကျေးရွာအုပ်စုတွင် တာဝန်ရှိသူတို့က လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
Feb 03,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ၊ ပထမသုံးလပတ်အ တွက် ကိုယ်ဝန်ဆောင်မိခင်နှင့်၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက်ကလေးငယ်များ ထောက် ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့က မြိုင်ကြီးငူအထူးဒေသရှိ  အေးလင်းမြတ်ရှင်တိုက်ပွဲရှောင်စခန်းတွင် တာဝန်ရှိသူတို့က လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရှိရသည်။
Feb 03,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ပညာရေးဦးစီးဌာန၏ နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ရှမ်းရွာသစ်မြို့ မဲသမူးကျေးရွာအုပ်စု မဲကတောခီးကျေးရွာ အခြေခံပညာ မူလတန်းကျောင်းဝန်း ခြံစည်းရိုးကာရန်ခြင်း လုပ်ငန်းကို ဒီဇင်ဘာလ (၂၂)ရက်နေ့မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ပြီး ယခုအချိန်တွင် (၉၀)ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်းသိရှိရသည်။
Feb 03,2021
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့ ကျေးလက်ကျန်းမာရေးဦးစီးဌာန၌ ယနေ့ နံနက် ၉ နာရီက မွေးကင်းစမှ (၂) နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန် ကာကွယ် ဆေး ထိုးနှံတိုက်ကျွေးခြင်းနှင့် ကျန်းမာ ရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
Feb 03,2021
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ကလေးငယ်များကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်ရည်ရွယ်၍ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်း လုပ်ငန်းများကို ယမန်နေ့က မြိုင်ကြီးငူအထူးဒေသ ကျေးလက်ကျန်းမာရေးဌာနခွဲ၌ ဆောင်ရွက်ခဲ့သည်။