အမြို့မြို့အနယ်နယ်သတင်းများ

Feb 23,2021
သထုံခရိုင်၊ ကျိုက်ထိုမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်စားပြည်သူများအားဖေဖော်ဝါရီ ၂၂ ရက် နံနက်ပိုင်းက စတင်၍ အငြိမ်းစားဝန်ထမ်း ပင်စင်လစာငွေများကို ပုံမှန်ထုတ် ပေးနေလျက် ရှိကြောင်း သိရသည်။
Feb 23,2021
ရှမ်းပြည်နယ် ညောင်ရွှေမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲတွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများကို ဖေဖော်ဝါရီ ၂၂ ရက်မှစ၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Feb 23,2021
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ် မြို့မစျေးကြီး၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဇတ်တိုက်လေ့ကျင့်ခြင်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ် မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Feb 23,2021
ဒေသခံပြည်သူများ လူ့စွမ်းအားအရင်းအမြစ် တိုးတက်စေရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းရရှိစေရန်အတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိရာ စက်ချုပ်သင်တန်းဆင်းပွဲကို ယနေ့ နံနက်ပိုင်းက ကယားပြည်နယ် ရွာသစ်မြို့ မြောက်ပိုင်းရပ်ကွက်ရှိ စတုမာလာမ္မာရုံ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Feb 23,2021
ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်၌ နိုင်ငံ့ဝန်ထမ်း အငြိမ်းစားဝန်ထမ်းများအတွက် ဖေဖော်ဝါရီလ ပင်စင်လစာများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Feb 23,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၏ ပထမအကြိမ် အစည်းအဝေးကို ယမန်နေ့ နေ့လယ်၂နာရီကမြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်း အဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
Feb 23,2021
ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက ပြည်နယ်အတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်လျက် ရှိသော တပ်မတော်သားများအတွက် ထောက်ပံ့ငွေများပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီတွင် ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည်။
Feb 23,2021
မြစ်ကြီးနား ဖေဖော်ဝါရီ ၂၃ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့ အမှတ် (၂)ရပ်ကွက်၌ စည်ပင်သာယာရေးအဖွဲ့ပိုင် အမှတ်(၂)ဈေး တည်ဆောက်ပြီးစီးမှု အခြေအနေများနှင့် ပတ်သက်ပြီး ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ ပြည်နယ်စီမံ