Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကရင်တိုင်းရင်းသားတို့၏ စပါးလိပ်ပြာခေါ်ပွဲ
Feb 02,2021
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ရှေးပဝေသဏီကတည်းက တိုင်းရင်းသားလူမျိုးပေါင်း တစ်ရာကျော် အေးအတူပူအမျှ မှီတင်းနေထိုင်ကြပြီး လူမျိုးတစ်မျိုးစီတိုင်းတွင် ချစ်စဖွယ်ကိုယ်ပိုင်ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ၊ ရိုးရာ အမွေအနှစ်များ၊ စာပေဘာသာစကားများနှင့် ကိုးကွယ်ယုံကြည်မှုများရှိကြကာ လွတ်လပ်အေးချမ်းစွာဖြင့် အတူယှဉ်တွဲ နေထိုင်လာကြသည်မှာ နှစ်ကာလအားဖြင့် ကြာမြင့်ပြီဖြစ်သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းပန်မြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပ
Feb 02,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယနေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချင်းရွှေဟော်မြို့မှ နေရပ်ပြန်ပြည်သူ(၄၃)ဦးအား သက်ဆိုင်ရာဒေသများသို့ ဆက်လက်လွှဲပြောင်းပို့ဆောင်
Feb 02,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ရှိ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ ဝင်ရောက်လာသော တရုတ်နိုင်ငံမှ ပြန်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူ(၄၃)ဦးအား ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးသက်ဦးပိုင်နှင့် ကော်မတီအဖွဲ့ဝင်များက ၎င်းတို့၏ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များသို့ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် ယနေ့မွန်းလွဲ (၂)နာရီအချိန်က လားရှိုးမြို့သို့ ဆက်လက်လွှဲပြောင်းပို့ဆောင်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ်တွင် စပျစ်ပင်များ စမ်းသပ်စိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်း
Feb 02,2021
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်တွင် မှိုင်းပန်ကျေးရွာတွင် စပျစ်ပင်(၅၀၀) စမ်းသပ်စိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်းပြီး အသီးထွတ် နှုန်းကောင်းမွန်ကာ ရောင်းချရာတွင်လည်း ဈေးနှုန်းသင့်တင့်စွာ ရောင်းရသဖြင့် စပျစ်စိုက်တောင်သူများ စီးပွားရေးတွက်ခြေကိုက်လျက်ရှိ ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ငဖဲမြို့နယ် လေးအိမ်စုကျေးရွာ မီးဘေးသင့်ပြည်သူများအတွက် အလှူငွေများ၊ စားသောက်ကုန်များနှင့် အသုံးအဆောင် ပစ္စည်းများ သွားရောက်လှူဒါန်း
Feb 02,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ ပင်ဦးကျေးရွာအုပ်စု လေးအိမ်စုကျေးရွာရှိ မီးဘေး သင့် ပြည်သူများ အတွက် အများပြည်သူအလှူရှင်များမှ စုပေါင်းလှူဒါန်းသော အလှူငွေများ၊ စားသောက်ကုန်များနှင့် အသုံးအဆောင် ပစ္စည်းများကို လွှတ်လပ်စွာ ပျော်ရွင်တတ်သော မင်းဘူး အဖွဲ့မှ ဦးဆောင်၍ ယမန်နေ့ နံနက်ပိုင်းက လေးအိမ်စုကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ သွားရောက် လှူဒါန်းပေးအပ်ခဲ့ကြောင်း လွှတ်လပ်စွာပျော်ရွင်တတ်သော မင်းဘူးအဖွဲ့မှ အတွင်းရေးမှူး ကိုပိုင်စိုးသူထံက သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးနဲမြို့၌ သောက်သုံးရေခက်ခဲသောကျေးရွာများသို့ သောက်သုံးရေများ သွားရောက်လှူဒါန်း
Feb 02,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် သောက်သုံးရေ အခက်အခဲကြုံနေသည့် ကျေးရွာများသို့ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ရွှေပိုးပရဟိတအသင်းတို့ ပူးပေါင်း၍ သောက်သုံးရေးများကို ယနေ့ နံနက် ၇ နာရီအချိန်က မိုင်းနူစံကျေးရွာသို့ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဝယ်ယူရေး ရန်ပုံငွေလှူဒါန်းရေးကော်မတီသို့ အလှူငွေကျပ် ၁၂ သိန်း ထောက်ပံ့လှူဒါန်း
Feb 02,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးဝယ်ယူနိုင်ရေးအတွက် မြို့နယ်ကိုဗစ် - ၁၉ ကာကွယ်ဆေး ဝယ်ယူရေး ရန်ပုံငွေလှူဒါန်းရေးကော်မတီမှ အလှူငွေများ ကောက်ခံလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ပွင့်ဖြူမြို့ ပက်အပြည်ပြည်ဆိုင်ရာ အသေးစားငွေရေးကြေးရေး ဝန်ဆောင်မှုရန်ပုံငွေအဖွဲ့အစည်း (PGMF) မှ ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရန်အတွက် အလှူငွေများ လာရောက်ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိတ္ထီလာတွင် ဆောင်းခိုငှက်များ အများအပြား လာရောက်ကျက်စားလျက်ရှိ
Feb 02,2021
မိတ္ထီလာတွင် ဆောင်းရာသီရောက်တိုင်း နှစ်စဉ်လာရောက်ကျက်စားလေ့ရှိသည့် ဆောင်းခိုငှက် များမှာ ယခုနှစ်တွင် ဇန်နဝါရီလနှောင်းပိုင်းနှင့် ဖေဖော်ဝါရီလဆန်းကာလ၌ အများအပြား လာရောက်ကျက်စားလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25292
Page
25293
Page
25294
Page
25295
Current page
25296
Page
25297
Page
25298
Page
25299
Page
25300
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department