Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကော့မှူးမြို့နယ်တွင် အုပ်ချုပ်ရေးမှူးရွေးချယ်ခြင်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ
Jan 31,2021
ရန်ကုန်တောင်ပိုင်ခရိုင် ကော့မှူးမြို့နယ်တွင် အုပ်ချုပ်ရေးမှူးရွေးချယ်ခြင်းဆိုင်ရာ လုပ်ငန်းအဆင့်ဆင့်နှင့် အသစ်ပြန်လည် ရွေးချယ်နိုင်ရေး ဥပဒေ၊ နည်းဥပဒေများအား အသိပညာပေးဆွေးနွေးခြင်းကို ယမန် နေ့မွန်းလွဲပိုင်းက မျက်ဆံနီကျေးရွာ ဘက်စုံသုံးခန်းမ၌ကျင်းပခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကြာအင်းဆိပ်ကြီးမြို့နယ်တွင် အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်
Jan 31,2021
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနမှ၂၀၂၀ပြည့်နှစ် အောက်တိုဘာ နိုဝင်ဘာ ဒီဇင်ဘလများ အတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ရပ်ကွက် / ကျေးရွာအုပ်စု ကျေးရွာများရှိ အသက်(၈၅)နှစ် အထက် ဘိုးဘွားများထံလက်ဝယ်အရောက် အိမ်တိုင်ရာ ရောက် ထောက်ပံ့ပေးအပ် လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်အတွင်း ထော့မဲပါ အလကကျောင်း၌ ကျောင်းဆောင်သစ်ဆောက်လုပ်ရန် ပန္နက်တင်အခမ်းအနား ကျင်းပ
Jan 31,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့၊အမှတ်(၃) ရပ်ကွက်၊ ထော့မဲပါ အလကကျောင်းတွင်ပေ ၉၀x၃၀ ( steel structure) တစ်ထပ် Type - C ကျောင်းဆောင်သစ်တည်ဆောက်ရန် ပန္နက်ရိုက်ခြင်းမင်္ဂလာအား ယမန်နေ့ နံနက် ၉ နာရီခွဲ အချိန်၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အပြည့်အစုံ ဖတ်ရန်
သရက်မြို့၌ သဟာယစာကြည့်ပိဋကတ်တိုက် စာဖတ်အသင်း၏ စိန်ရတုအထိမ်းအမှတ် အခမ်းအနား ကျင်းပ
Jan 31,2021
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ သဟာယစာကြည့်ပိဋကတ်တိုက် စာဖတ်အသင်း၏ စိန်ရတု အထိမ်းအမှတ် အခမ်းအနားကို သရက်မြို့သဟာယစာကြည့်ပိဋကတ်တိုက်၊ ရတနာပုံခန်းမတွင် ယနေ့ နံနက်(၉)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟိုပန်ကျေးရွာအုပ်စုအတွင်းရှိကျေးရွာများ၌ ပုံမှန်ဝင်ငွေမရှိသော ထပ်တိုးအိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများ ပေးအပ်
Jan 31,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့ ၊ ဟိုပန်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများ၌ ထပ်မံတိုးသော ပုံမှန်ဝင်ငွေမရှိသည့်အခြေခံလူတန်းစားများအား ယနေ့နံနက်(၁၀)နာရီအချိန်ခန့်က တာဝန်ရှိသူများမှ ကျေးရွာ အရောက်သွား ရောက်ထောက်ပံ့ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သံတောင်ကြီးမြို့နယ်၊ စီပင်ကလေးကျေးရွာတွင် ကျေးရွာတွင်းကွန်ကရစ်လမ်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Jan 31,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင် စီမံကိန်းအား နှစ်စဉ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၁၄-၂၀၁၅ဘဏ္ဍာနှစ် မှစတင်၍ အကောင် အထည်ဖော်ဆောင်ရွက်သော စီပင်ကလေးကျေးရွာအုပ်စု၊ စီပင်ကလေး(မိုင်-၂၀) ကျေးရွာ၏ ပဥ္စမနှစ်စက်ဝန်း မြစိမ်းရောင် ရန်ပုံငွေအတိုးရငွေနှင့် ကျေးရွာပြည်သူများပူးပေါင်းဆောင်ရွက် သောကျေးရွာ အတွင်း ကွန်ကရစ် လမ်း ဖွင့်ပွဲအခမ်းအနားအား ယမန်နေ့မွန်းလွဲ(၃)နာရီအချိန်က စီပင်ကလေး ကျေးရွာတွင်ပြု လုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဇီးကုန်းမြို့နယ်တွင် နိုင်ငံတော်မှထောက်ပံ့သော ပုံမှန်ဝင်ငွေမရှိသည့်အခြေခံလူတန်းစားအိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများကို ကျေးရွာအရောက် ကွင်းဆင်းထောက…
Jan 31,2021
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသည့်အခြေခံလူတန်းစား အိမ်ထောင်စုဝင်များ စားရေး သောက်ရေး အဆင်ပြေစေနိုင်ရန် နိုင်ငံတော်မှ အိမ်ထောင်တစ်စုကို ကျပ်နှစ်သောင်း နှုန်းဖြင့် ထောက်ပံ့ပေးလျှက်ရှိရာ ယနေ့နံနက် ၁၀ နာရီက နွားတဲကုန်းကျေးရွာအုပ်စု မြောက်လွှတ်ကုန်းကျေးရွာရှိ အိမ်ထောင်စုဝင်များသို့ ကျေးရွာအရောက် ကွင်းဆင်းထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးမိတ်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးအသစ် ပြန်လည်ရွေးချယ်နိုင်ရေးအတွက် ကြီးကြပ် ရေး အဖွဲ့ဝင် (၅)ဦး ရွေးချယ်
Jan 31,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် မိမိတို့နေထိုင်ရာ ရပ်ကွက်/ ကျေးရွာများ၌ ဒေသ ကောင်းကျိုးနှင့်ရပ်ကျိုး/ရွာကျိုးများကိုသယ်ပိုးထမ်းရွက်နိုင်မည့် အုပ်ချုပ်ရေးမှူးကောင်းများ ပြန်လည်ရွေးချယ်ပေးနိုင်ရေးအတွက် ကြီးကြပ်ရေးအဖွဲ့ (၅) ဦးရွေးချယ် ဖွဲ့စည်းဆောင် ရွက်ခြင်းကို မြောက်ပိုင်းရပ်ကွက် ရွှေတောင်ဦးဘုရားဓမ္မာရုံ၌ ယနေ့ နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25296
Page
25297
Page
25298
Page
25299
Current page
25300
Page
25301
Page
25302
Page
25303
Page
25304
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department