Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မိုင်းယောင်းမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား(နောက်တိုး) အိမ်ထောင်စုများအား ထောက်ပံ့ငွေ ပေးအပ်
Jan 31,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကာလအတွင်း နိုင်ငံတော်မှ ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစား(နောက်တိုး)အိမ်ထောင်စုများအား ထောက်ပံ့ကြေးပေးအပ်ခြင်းကို ယမန်နေ့တွင် ရပ်ကွက်နှင့် ကျေးရွာများရှိ (နောက်တိုး)အိမ်ထောင်စုများထံသို့ သွားရောက်ပေးအပ်ခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရပ်ကွက်(သို့) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်နိုင်ရေး အသိပညာပေးရှင်းလင်းပွဲကျင်းပ
Jan 31,2021
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၌ ရပ်ကွက်(သို့) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်နိုင်ရေး အသိပညာပေး ရှင်းလင်းပွဲကို ယမန်နေ့နံနက်(၁၀)နာရီမှ စတင်၍ လုံထန်ကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း နှင့် ရွှေယင်စီးကျေးရွာအုပ်စု၊ ပါစင်ကျော်ကျေးရွာ၊ အုပ်ချုပ်ရေ:မှူးရုံးများတွင် ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချောက်မြို့နယ် သာယာကုန်းကျေးရွာတွင် တောင်သူအသိပညာပေး ဆွေးနွေးပွဲ ဆောင်ရွက်
Jan 31,2021
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ် ၊ကြို့ပင်အုပ်စု၊ သာယာကုန်းကျေးရွာ၊ ရွာဦးကျောင်းတွင် ယမန်နေ့ နေ့လယ်(၁) နာရီက တောင်သူများ (GAP)အသိပညာပေးဆွေးနွေးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြိတ်မြို့နယ် ပသောင်းကျေးရွာတွင် လျှပ်စစ်မီး မိန်းခုံ ရှော့ဖြစ်ရာမှ မီးလောင်မှု ဖြစ်ပွား
Jan 31,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် ၊ ပသောင်း ကျေးရွာတွင် ယနေ့နံနက် (၂)နာရီခွဲခန့်က ဦးတူး ပိုင်ဆိုင်သော အလျား ( ၁၅ ) ပေ ၊ အ နံ ( ၃၀ ) ပေ ၊ ဓ နိ မိုး ၊ ထရံကာ ၊ ကွန်ကရစ်ခင်း ၊ နှစ်ထပ်နေအိမ်တွင် နေအိမ်အောက်ထပ်အတွင်းရှိ လျှပ်စစ် မိန် ခုံ ရှော့ဖြစ်ရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး နေအိမ် ၃ လုံးနှင့် ငါးခန်းတွဲ ၊ တစ်ထပ်ဈေးဆိုင်ခန်း ( ၁ )လုံး ၊ ကွမ်းယာဆိုင် ( ၁ ) ဆိုင် ၊ ကုန် စုံ ဆိုင် ( ၁ ) ဆိုင် မီးလောင်ဆုံးရှုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသေဆုံးမှုမရှိကြောင်း မီးသတ်ဦးစီး ဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပြည်မြို့၌ ဆယ်အိမ်မှုး၊ ရာအိမ်မှူး၊ အုပ်ချုပ်ရေးမှူးများ ရွေးချယ်နိုင်ရန် ကြီးကြပ်ရေးအဖွဲ့ဝင် ငါးဦးရွေးချယ်ပွဲ ကျင်းပပြုလုပ်
Jan 31,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရွှေပလ္လင်မှော်ဘုရား သန်းကြွယ်ဓမ္မာရုံ၌ ယမန်နေ့ နံနက်၁၀နာရီအချိန်တွင် ပြည်မြို့နဝင်း ရပ်ကွက် ဆယ်အိမ်မှုး၊ရာအိမ်မှူး၊အုပ်ချုပ်ရေးမှူးများ ရွေးချယ်နိုင်ရန် ရပ်မိရပ်ဖကြီးကြပ်ရေး အဖွဲဝင် ငါးဦးရွေးချယ်ပွဲ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယုမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် နေ့ညမပြတ် အထူးကြပ်မတ် စစ်ဆေး
Jan 31,2021
အဆိုပါ စစ်ဆေးမှုတွင် မြို့ကိုဗစ်-၁၉ရောဂါကာကွယ်၊ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ပြည့်ဖြိုး၏ ကြီးကြပ်မှုဖြင့် ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ကျန်းမာရေး၊ ထွေ/အုပ်၊ ရဲတပ်ဖွဲ့၊ လဝက၊ မီးသတ်နှင့် ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးတို့က ပူးပေါင်းပါဝင်ကြပြီး ဟိုခိုတံတားအနီး ကျန်းမာရေးစစ်ဆေးဂိတ်၌ မိုင်းယုဒေသသို့ ဝင်ရောက်လာကြသည့် ယာဉ်မောင်းများ၊ ခရီးသည်များနှင့် ခရီးသွား ပြည်သူများကို ခရီးသွားရာဇဝင် ကောက်ခံခြင်း၊ လက်ဆေးခြင်းနှင့် ကိုယ်အပူချိန်တိုင်းတာခြင်းများအား စစ်ဆေး ဆောင်ရွက်နေလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဝယ်ယူနိုင်ရေး အလှူငွေကျပ်သိန်း (၁၀၀၀)ကျော် လှူဒါန်း
Jan 31,2021
ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော်နှင့် ရွှေချောင်းတောရ စာသင်တိုက် ဆရာတော်တို့မှ ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က အဆိုပါကျောင်းတိုက်များ၌ နိုင်ငံတော်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဝယ်ယူနိုင်ရေးအတွက် အလှူငွေ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောင်းဆောင်သစ် ဆောက်လုပ်ရန်အတွက် ပန္နက်ချမင်္ဂလာအခမ်းအနားကျင်းပပြုလုပ်
Jan 31,2021
ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်၊ ကြို့ပင်သာအုပ်စု၊ ရန်ကုန်-ပြည် ကားလမ်းဘေးရှိ အထက (ဝက်ပုတ်) ကျောင်းဝန်း အတွင်း၌ ကျောင်းဆောင်သစ်ဆောက်လုပ်ရန်အတွက် ပန္နက်ချမင်္ဂလာအခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25299
Page
25300
Page
25301
Page
25302
Current page
25303
Page
25304
Page
25305
Page
25306
Page
25307
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department