အမြို့မြို့အနယ်နယ်သတင်းများ

Jan 27,2021
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ၊ မိုးမောက်မြို့နယ် မင်းကျမ်းကျေးရွာ၌ ကျေးရွာအုပ်ချုပ်ရေး ရုံးသစ်ဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီခန့်က အဆိုပါအဆောက်အဦတွင် ဖွင့်ပွဲကျင်းပခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်မင်းကို၊ မြို့နယ်ရဲတပ်ဖွဲ့ ရဲမှူးဝဏ္ဏစိုးအောင်၊ မင်းကျမ်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သောင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။
Jan 27,2021
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ကျန်းမာရေးဝန်ထမ်းများအား မြို့နယ်ပြည်သူ့ ဆေးရုံ အစည်းအဝေးခန်းမတွင် ယနေ့ နေ့လည် ( ၁ )နာရီမှစတင်၍ ကိုဗစ်- ၁၉ရောဂါ ကာကွယ်ဆေးများကို ပထမကြိမ်စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည် ။
Jan 27,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့၊ ဟိန္ဒားကျေးရွာအုပ်စု၊ ကြက်ပေါင်ချောင်းကျေးရွာ၊ သာသနရက္ခိတ ကျောင်းဝင်းအတွင်းရှိ လောကချမ်းသာသံသရာအေးစေတီတော် ရွှေထီးတော်တင်လှူပွဲကို ယနေ့နံနက်(၈)နာရီအချိန်ခန့်က ကျင်းပခဲ့ကြသည်။
Jan 27,2021
လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်ရန် အတွက် ကြီးကြပ်ရေးမှူးအဖွဲ့ ဖွဲ့စည်းခြင်းကို ယနေ့ မွန်းလွဲ (၂)နာရီက နားဖျိုင်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ခဲ့သည်။
Jan 27,2021
မွန်ပြည်နယ် ပေါင်မြို့နယ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လက်အောက်ရှိ ဝန်ထမ်း များအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(ပထမအကြိမ်)ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီခန့်က ပေါင်မြို့ ပြည်သူ့ဆေးရုံရှိ သံဃာဆောင်၌ ပြုလုပ်ခဲ့သည်။
Jan 27,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်ရန်အတွက် ကြီးကြပ်ရေးအဖွဲ့ဖွဲ့စည်းခြင်းကို ကလောမြို့နယ် ၊ လွယ်အံကျေးရွာအုပ်စုတွင် ယနေ့ နံနက် (၁ဝ) နာရီခန့်က အင်းပြင်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း ၌ ကျင်းပပြု လုပ်ခဲ့သည်။
Jan 27,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စုအုပ် ချုပ်ရေးမှူးများ အသစ်ပြန်လည်ရွေးချယ်ခန့်အပ်နိုင်ရေးအတွက် ကြီးကြပ်ရေးအဖွဲ့များ ကွင်းဆင်း ဖွဲ့စည်းခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်ခန့်က မလှိုင်ကုန်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။