Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
နမ္မတူပြည်သူ့ဆေးရုံကြီးတွင် ကျန်းမာရေးဝန်ထမ်း (၁၅၀)ဦးကျော်ကို ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေး
Jan 28,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် ပြည့်သူ့ဆေးရုံကြီး၌ ကျန်းမာရေးဝန်ထမ်း အယောက်(၁၅၀)ကျော်ကို ယနေ့ နံနက် (၉)နာရီအချိန်ခန့်က စတင်ကာ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေးလျက်ရှိကြောင်း နမ္မတူမြို့နယ်၊ ပြည်သူ့ဆေးရုံအုပ် ဒေါက်တာအောင်သူထက်ထံက သိရသည်။
အပြည့်အစုံ ဖတ်ရန်
စဉ့်ကူးမြို့နယ်၌ ( ၃ )လသား ကလေးငယ် အပါအဝင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ
Jan 28,2021
စဉ့်ကူးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ဒေါ်သင်းသင်းကြူ၊ ဒေါ်နွယ်အောင်တို့နှင့်ထိတွေ့ ဆက်စပ်မှု ရှိသူ ဒေါ်မျိုးမမကျော် နှင့် ဦးကြည်ပါ ( ၄ ဦး၊ မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်သို့ အလုပ်သွား ရောက်လုပ်ကိုင်ခဲ့ပြီးစဉ့်ကူးမြို့နယ်သို့ ပြန်လည်ရောက်ရှိလာသူဉီးမောင်မြင့် ၊ ဦးရန်အောင်စိုးနှင့် မသဲမွန်ထွေး၊ စည့်ကူးမြို့နယ်မှ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ မဂျာမိုင်ပါ ( ၅ ) ဦးနှင့် ထိတွေ့ ဆက်စပ်မှုရှိသူ မောင်ခေတ်ပါ ( ၁၃ )ဦး တို့အား ဇန်နဝါရီလ ၁၈ ရက်နေ့နှင့် ၂၂ ရက်နေ့တို့တွင် အထက စဉ့်ကူး Facility Quarantine တွင်ထားရှိကာ ကျန်းမာရေးစောင့်ရှောက်မှုပေးလျှက် ရှိခဲ့ပါသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်မဲမြို့၊ တိုက်ပွဲရှောင်စခန်းရှိ တိုက်ပွဲရှောင်ပြည်သူများအား အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်
Jan 28,2021
အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဝန်ကြီးဌာန၊ ကျောက်မဲမြို့နယ်ဦးစီးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဝင်းထိန်နှင့် တာဝန်ရှိသူများသည် ယနေ့ နံနက် ၁၁ နာရီ အချိန်က ပိန္နဲကုန်းကျေးရွာ အုပ်စု၊ ဝါဆိုကျောင်းတိုက်၌ ကျောက်မဲမြို့ပေါ်ရှိ တိုက်ပွဲရှောင် စခန်း ၄ ခုမှ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု ၉၀ ကျော်အား အိမ်ထောင်စု စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများသွား ရောက်ပေး အပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ကြီးမြို့၌ ပါးစပ်နှာခေါင်းစည်းတပ်ဆင်ရေးလှုပ်ရှားမှု (Mask Campaign)ဆောင်ရွက်
Jan 28,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ် တားဆီးနိုင်ရန် Mask ပါးစပ်နှာခေါင်းစည်း တပ်ဆင်ရေးလှုပ်ရှားမှုကို ယနေ့ နံနက် ၉ နာရီအချိန်ခန့်က ဝါးပြားလမ်းဆုံမီးပွိုင့်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သပိတ်ကျင်းမြို့ ပြည်သူ့ဆေးရုံတွင် တက်ရောက်ကုသနေသည့် ကိုဗစ်-၁၉ အတည်ပြုလူနာ(၉)ဦးတွင် (၄)ဦးဆေးရုံ ဆင်း ခွင့်ရရှိ
Jan 28,2021
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့ ပြည်သူ့ဆေးရုံတွင် တက်ရောက်ကုသနေသည့် သပိတ်ကျင်းမြို့နယ်အတွင်းမှ ကိုဗစ်-၁၉ အတည်ပြုလူနာ(၉)ဦး တက်ရောက်ကုသလျက်ရှိနေပြီး ယနေ့တွင် အတည်ပြုလူနာ(၄)ဦး ဆေးရုံမှ ဆင်းခွင့်ရရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှသိရသည်။
အပြည့်အစုံ ဖတ်ရန်
ပင်လုံမြို့ ရပ်ကွက်(၃)တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များထောက်ပံ့
Jan 28,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့ ရပ်ကွက်(၃)တွင် အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှ ထောက်ပံ့သည့် လူမှုရေးပင်စင်များကို ယနေ့ မွန်းလွဲ(၁)နာရီ အချိန်ခန့်က အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လင်းခေးမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး မြစိမ်းရောင်ကျေးရွာ စီမံကိန်း ဆန်းစစ်သုံးသပ်ဆွေးနွေးပွဲ ကျင်းပ
Jan 28,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂ဝ၂ဝ-၂ဝ၂၁ခု ဘဏ္ဍာနှစ် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းဆန်းစစ်သုံးသပ် ဆွေးနွေးပွဲကို ယမန်နေ့ ၁ဝ နာရီက အဆိုပါဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘားအံမြို့တွင် အစိုးရစက်မှုလက်မှုသိပ္ပံ(ဘားအံ) အဆောက်အဦသစ်(၇)လုံးပန္နက်တင်
Jan 28,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်တွင် တည်ဆောက်မည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်ပြည်ထောင်စုရန်ပုံငွေဖြင့် အစိုးရစက်မှု လက်မှု သိပ္ပံ (ဘားအံ) ပင်မဆောင်အပါအဝင် အဆောက်အအုံသစ်(၇)လုံး ပန္နက်တင်ခြင်းကို ယမန်နေ့ နံနက်၉နာရီ အချိန်က ဘားအံမြို့နယ်၊ စံဖရီးကျေးရွာအုပ်စု စက်မှုဇုံအနီးတွင် ပန္နက်တင် ခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25317
Page
25318
Page
25319
Page
25320
Current page
25321
Page
25322
Page
25323
Page
25324
Page
25325
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department