Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား ထပ်တိုးအိမ်ထောင်စုဝင်များအတွက် ထောက်ပံ့ငွေ ပေးအပ်
Jan 28,2021
ရန်ကုန် အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်( အရှေ့ပိုင်း) မြို့နယ်အတွင်း ရပ်ကွက်/ ကျေးရွာ( ၃၂) ခုရှိပြီး ပုံမှန်ဝင်ငွေမရှိသော ထပ်တိုး အိမ်ထောင်စု အခြေခံလူတန်းစားများအား ထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ်နိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များပူးပေါင်း အဖွဲ့များက ယနေ့နံနက် ပိုင်းက ရပ်ကွက်များအတွင်း ထပ်တိုးအခြေခံလူတန်းစား အိမ်ထောင်စုများ အားလက်ဝယ် အရောက်ပေးအပ် ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တိုက်ကြီးမြို့နယ် ရင်းတိုက်ကွင်းကျေးရွာတွင် ရှေးဦးပြုစုခြင်း အခြေခံသင်တန်း ဖွင့်လှစ် သင်ကြားပေးလျက်ရှိ
Jan 28,2021
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် ရင်းတိုက်ကွင်းကျေးရွာ အုပ်စုတွင် မြန်မာဆယ်မာအူးလ်အွန်ဒုံ စီမံကိန်း ရင်းတိုက်ကွင်းကျေးရွာ(SMUC) နှင့် မြန်မာ နိုင်ငံကြက်ခြေနီအသင်း တိုက်ကြီးမြို့နယ် ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်း ဖွင့်လှစ်သော ရှေးဦးပြုစုခြင်း အခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၁)ကို ရင်းတိုက်ကွင်းကျေးရွာ ရွှေခေတ်သစ် ခန်းမ တွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သန်လျင်မြို့နယ်မှ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား နိုင်ငံတော် ထောက်ပံ့ငွေများ ပေးအပ်
Jan 28,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်အတွင်းရှိရပ်ကွက်နှင့် ကျေးရွာအုပ်စုများမှ ပုံမှန် ဝင်ငွေမရှိသော အိမ်ထောင်စု များအား နိုင်ငံတော်မှထောက်ပံ့ငွေများ ပေးအပ်ပွဲကိုယနေ့နံနက် (၁၁)နာရီတွင် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ပလောက်မြို့တွင် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရွေးချယ်ရန်အတွက် အဖွဲဝင်(၅)ဦးပါဝင်သည့် ကြီးကြပ်ရေး အဖွဲ့ ရွေးချယ် ဖွဲ့စည်း
Jan 28,2021
တနင်္သာရီတိုင်းဒေသကြီး ၊မြိတ်ခရိုင်၊ ပလောက်မြို့တွင် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရွေးချယ်ရန်အတွက် အဖွဲ့ဝင်(၅) ဦးပါဝင်သည့် ကြီးကြပ်ရေးအဖွဲ့ရွေးချယ်ခြင်းကို ယနေ့ နံနက်၁၀နာရီက စတင်၍ အမှတ်(၄) ရပ်ကွက် အလက(ခွဲ) ကျောင်းတွင် ဖွဲစည်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ပိုင်ကျုံမြို့ နောင်ဘိုကြီးနှင့်ရွာကိုင်းကောင်းကျေးရွာများ၌ အသက်(၈၅)နှစ်နှင့်အထက် လူမှုရေးပင်စင် ပထမ(၃)လပတ် အတွက် ထောက်ပံ့ငွေပေးအပ်
Jan 28,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့အတွင်းရှိ နောင်ဘိုကြီးကျေးရွာနှင့် ရွာကိုင်းကောင်းကျေးရွာတို့တွင် အသက်(၈၅)နှစ် နှင့် အထက် သက်ကြီးဘိုးဘွားများအတွက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေး ဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုရေးပင်စင် ထောက်ပံ့ငွေ တစ်ဦးလျှင် (၁၀၀၀၀)ကျပ်နှုန်းဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ (အောက်တိုဘာလ၊ နိုဝင်ဘာလ၊ဒီဇင်ဘာလ )(ပထမ) (၃)လပတ် အတွက် (၃၀၀၀၀)ကျပ်စီအား ယနေ့နံနက် (၁၀)နာရီအချိန်က ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစောချစ်ခင်၊ ပိုင်ကျုံမြို့ မြို့အုပ်ချုပ် ရေးမှူး ဦးထွန်းရန်အောင်အောင်၊ လှိုင်းဘွဲ့မြို့နယ်၊ လူမှု၀န်ထမ်း ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစိုင်းရန်နောင်နှင့်တာ၀န်ရှိသူများက အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သပိတ်ကျင်းမြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံ
Jan 28,2021
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့၌ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(COVISHIELD) ထိုးနှံခြင်းကို ယနေ့နံနက် (၉)နာရီက သပိတ်ကျင်းမြို့ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနခန်းမတွင် စတင်ထိုးနှံခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
လောင်းလုံးမြို့တွင် ၂၀၁၄- ၂၀၁၅ မှ ၂၀၁၉- ၂၀၂၀ ခုနှစ်၊ ဘဏ္ဍာရေးနှစ်အထိ အကောင်အထည်ဖော် ဆောင်ရွက်သည့် မြစိမ်းရောင်ကျေးရွာများအား မြို့နယ်အဆင့် စီမံကိန်း…
Jan 28,2021
တနင်္သာရီတိုင်း ဒေသကြီး၊ လောင်းလုံးမြို့တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာမှ ၂၀၁၄- ၂၀၁၅ ခုနှစ် မှ ၂၀၁၉- ၂၀၂၀ ခုနှစ်၊ ဘဏ္ဍာရေးနှစ်အထိ အကောင်အထည်ဖော် ဆောင်ရွက်သည့် မြစိမ်းရောင်ကျေးရွာများအား မြို့နယ်အဆင့် စီမံကိန်း ဆန်းစစ်သုံးသပ်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ ၊နံနက် ၉း၃၀နါရီ အချိန်က လောင်းလုံး မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ပလောက်မြို့၊ကျောက်တလုံးကြီး ကျေးရွာအုပ်စုရှိ စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးလုံခြုံစိတ်ချရမှုရှိ/မရှိ ကွင်းဆင်း စစ်ဆေး
Jan 28,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ မီးသတ်ဦးစီးဌာနမှ ပြည်သူများမီးဘေးအန္တရာယ်ကင်းဝေးစေရန် အတွက် ယနေ့နံနက်ပိုင်းက မီးသတ်ဦးစီးဌာန ဒုဦးစီးမှူး ဦးသီဟအေးချို ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက ကျောက်လုံး ကြီးကျေးရွာအုပ်စုရှိ စက်သုံးဆီ အရောင်းဆိုင်များသို့သွားရောက်ပြီး မီးဘေးလုံခြုံစိတ်ချရမှုရှိ/မရှိနှင့်မီးဘေး ကြိုတင်ကာကွယ်ရေး လုပ်ငန်းများစနစ်တကျ ဆောင်ရွက်ထားမှုရှိ/မရှိတို့ကို ကွင်းဆင်းကြည့်ရှုစစ် ဆေးခဲ့ကြောင်း သိ ရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25315
Page
25316
Page
25317
Page
25318
Current page
25319
Page
25320
Page
25321
Page
25322
Page
25323
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department