Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဝေါမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများရှိ အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်နိုင်ရေးအတွက် (ကြီးကြပ်ရေးမှူးများ) စတင်ရွေးချယ်
Jan 29,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများသို့ အုပ်ချုပ်ရေးမှူး များ ပြန်လည်ရွေးချယ်နိုင်ရေးအတွက် ကြီးကြပ်ရေးမှူးများ ရွေးချယ်ခြင်းကို ဌာနဆိုင်ရာ (အကူအညီ ပေးရေးအဖွဲ့များ) သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ တာဝန်ပေးအပ်ချက် အရ အုပ်စု(၈)စု ဖွဲ့၍ ရပ်ကွက်(၆) ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၅၈)အုပ်စုသို့ ကွင်းဆင်း ဆောင်ရွက်နေကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အလျင်လိုကျေးရွာ မျက်ဝန်းသစ်စာကြည့်တိုက် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဆွေးနွေးပွဲပြုလုပ်
Jan 29,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ကျေးရွာစာကြည့်တိုက်များ ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက အလျင်လိုကျေးရွာရှိ မျက်ဝန်းသစ် စာကြည့်တိုက်အတွင်း၌ ကျင်းပ ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မရမ်းကုန်းမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု (၁၄၂၂၉)စု အား ထောက်ပံ့ငွေများပေးအပ်
Jan 29,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိ သော အခြေခံ လူတန်းစားအိမ်ထောင်စု(၁၄၂၂၉)စုအတွက် ထောက်ပံ့ငွေ (၄၀၀၀၀)ကျပ်နှုန်း ကွင်းဆင်းစိစစ် ပေးအပ်ခြင်းအား ယမန်နေ့ နံနက် ၈ နာရီအချိန်၌ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဗန်းမော်မြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် တောင်သူကော်မတီများ တွေ့ဆုံဆွေးနွေးပွဲကျင်းပ
Jan 29,2021
ကချင်ပြည်နယ် ဗန်းမော်မြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနနှင့် အလင်းဗန်းမော်ဒေသ ဘက်စုံဖွံ့ဖြိုးရေး အဖွဲ့တို့ပူးပေါင်း၍ စိုက်ပျိုးရေးဦးစီးဌာနနှင့် တောင်သူကော်မတီများ တွေ့ဆုံ ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီခန့်က ဗန်းမော်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တွံတေးမြို့နယ် ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်မည့် တင်ဒါအောင်ကုမ္ပဏီများနှင့်တွေ့ဆုံ
Jan 29,2021
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် တွင် ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် လမ်းဦးစီးဌာနနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာန၏ တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် တာဝန်ယူဆောင်ရွက်မည့် တင်ဒါအောင် ကုမ္ပဏီများနှင့် တာဝန်ရှိသူများ တွေ့ဆုံခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တော်ဝင်စန္ဒကူး ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာသစ်(၄၅)ဦး ထပ်တိုး တွေ့ရှိပြီး အတည်ပြု လူနာပေါင်းက(၃၃၅၀)ဦး အထိရှိလာ
Jan 29,2021
မကွေးတိုင်းဒေသကြီးမှာ ဇန်နဝါရီလ ၂၈ ရက်နေ့ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာန ထုတ်ပြန်ချက်များအရ ကိုဗစ်ပိုးတွေ့ အတည်ပြု လူနာသစ်(၄၅)ဦး ထပ်တိုးတွေ့ ရှိခဲ့ပြီး တိုင်းဒေသကြီးအတွင်းမှာ အတည်ပြုလူနာပေါင်းက(၃၃၅၀)ဦး အထိရှိလာကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ငူ၌ နွေရာသီကာလ ရေရှားပါးမှု မဖြစ်ပေါ်စေရေး စက်ရေတွင်းတူးဖော်
Jan 29,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက မြို့နယ်အတွင်း နွေရာသီကာလ ရေရှားပါးမှုမဖြစ် ပေါ်စေရေးအတွက် ရေရရှိရေး လုပ်ငန်းများကို ဆောင်ရွက် လျက်ရှိရာ တိုင်းဒေသကြီးအစိုးရ ရန်ပုံငွေဖြင့် ပိတောက်ကုန်း ကျေးရွာ၌ အကျယ် ၂ လက်မ အနက်ပေ ၃၅၀ ရှိ စက်ရေတွင်းနက် တူးဖော်ခြင်းလုပ်ငန်းတွင် ဆောင်ရွက်လျက်ရှိကြောင်း ယမန်နေ့ နံနက်ပိုင်းက သိရသည်။
အပြည့်အစုံ ဖတ်ရန်
အင်းစိန်မြို့နယ်၌ သဘာဝငါးသယံဇာတများကို ထိခိုက်စေနိုင်သော ဒေသရင်းမဟုတ်သည့် ငါးမျိုးများ မွေးမြူခြင်းဆိုင်ရာ အသိပေးတားမြစ်ချက် ဗီနိုင်းပိုစတာ စိုက်ထူ…
Jan 29,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနက သဘာဝ ငါးသယံဇာတများကို ထိခိုက်စေနိုင်သော ဒေသရင်းမဟုတ်သည့် ငါးမျိုးများ မွေးမြူခြင်း ဆိုင်ရာ အသိပေးတားမြစ်ချက် ဗီနိုင်းပိုစတာ စိုက်ထူခြင်းကို ယမန်နေ့ နံနက် (၁၀)နာရီ အချိန်က ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနရုံးရှေ့တွင် စိုက်ထူခဲ့ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25327
Page
25328
Page
25329
Page
25330
Current page
25331
Page
25332
Page
25333
Page
25334
Page
25335
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department