Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မိုင်းဖြတ်၌ ရာသီမရွေး ဖြတ်သန်းသွားလာနိုင်မည့် ကွန်ကရစ်တံတားနှစ်စင်းတည်ဆောက်
Jan 29,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြိုနယ်တွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ် ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးခွဲ(ကျိုင်းတုံ)မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာနေပြည်သူ ၁၅၄၀ ဦး ရာသီမရွေး ဖြတ်သန်းသွားလာ နိုင်မည့် ကွန်ကရစ်တံတားနှစ်စင်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်း ၃၄၂ ဦးအား ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးနှံပေး
Jan 29,2021
လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် ကုတင် ၁၀၀ ပြည်သူ့ဆေးရုံကြိးတွင် ယမန်နေ့ နံနက် ၁၀ နာရီခွဲ အချိန်မှစတင်၍ ကျန်းမာရေး ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံ ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် ကျောက်တံခါးမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာများတွင် သမဝါယမအသင်းစုများ၏ အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ
Jan 29,2021
ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် သမဝါယမဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အတွက် ရပ်ကွက်/ကျေးရွာအုပ်စုများတွင် သမဝါယမအသင်းစုများ၏ အရပ်ရပ်ဆိုင်ရာ အစည်းအဝေးများကို ဒီဇင်ဘာလမှ စတင်ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ကျော်ရတနာ သမဝါယမ အသင်းစု၏ အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက ရင်းတိုက်ကုန်းကျေးရွာအုပ်စု၊ ရင်းတိုက်ကုန်းကျေးရွာတွင် ကျင်းပခဲ့ သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယောင်းမြို့တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများရွေးချယ်နိုင်ရေး ကြီးကြပ်ရေးအဖွဲ့များဖွဲ့စည်းပြီး လုပ်ငန်းတာဝန်များရှင်းလင်း
Jan 29,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးများ ပြန်လည်ရွေးချယ်နိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ရေး ကြီးကြပ်ရေး အဖွဲ့များ ဖွဲ့စည်းတာဝန်ပေးအပ်ပြီး ၎င်းတို့၏ လုပ်ငန်းတာဝန်များ ရှင်းလင်းခြင်းကို ယမန်နေ့တွင် မြို့နယ် အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖြူးမြို့ အ.ထ.က(၁) အာစရိယပူဇော်ပွဲ(၂၁)ကြိမ်မြောက်အား အစဉ်အလာမပြတ် အိမ်တိုင်ရာရောက် ပူဇော်ကန်တော့ခြင်းများပြုလုပ်
Jan 29,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့အ.ထက(၁) ကျောင်းသူ၊ ကျောင်းသားဟောင်းများ အဖွဲ့ စုပေါင်းပြီး ဆရာကြီး၊ ဆရာမကြီး(၁၇၁)ဦးအား (၂၁)ကြိမ်မြောက် အာစရိယပူဇော်ပွဲ အဖြစ် ကျန်းမာရေးဆိုင်ရာ လမ်းညွှန် ချက်များနှင့်အညီ ဇန်နဝါရီ ၂၄ ရက်နေ့က စတင်၍ အအစဉ်အလာမပြတ် အိမ်တိုင်ရာရောက် လိုက်လံပူဇော် ကန်တော့လျက်ရှိကြောင်း သိရ သည်။
အပြည့်အစုံ ဖတ်ရန်
ထန်းတပင်မြို့နယ်တွင် အခြေခံလူတန်းစား ထပ်တိုးအိမ်ထောင်စုများအတွက် ထောက်ပံ့ငွေ ပေးအပ်
Jan 29,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် ကိုဗစ်ကာလအတွင်း နိုင်ငံတော်မှ အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် (၂) သောင်းနှုန်းဖြင့် ထောက်ပံ့ပေးခဲ့ရာတွင် ထောက်ပံ့ငွေ မရရှိခဲ့သော အိမ်ထောင်စုများ အတွက် နိုင်ငံတော်မှ ပြန်လည်ထောက်ပံ့ရန် ခွင့်ပြုခဲ့ရာ ရပ်ကွက်/ကျေးရွာအုပ်စု (၃၅)အုပ်စု အတွင်းရှိ အခြေခံ လူတန်းစား ထပ်တိုးအိမ်ထောင်စု (၅၇၂၆)စုအတွက် ငွေကျပ် (၂)သောင်းနှုန်းကို ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး များနှင့် ဌာနဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့များမှ ယမန်နေ့ နံနက်ပိုင်းက အောင်သုခရပ်ကွက်နှင့် အင်းယားကြီးကျေးရွာတွင် ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်မရောမြို့နယ် အခြေခံပညာ ကျောင်းများသို့ မြို့နယ်ကြက်ခြေနီအသင်းခွဲမှ လက်ဆေးဘေစင်များလှူဒါန်း
Jan 29,2021
မော်လမြိုင်ခရိုင် ကျိုက်မရောမြို့နယ်ရှိ အ.ထ.ကကျိုက်မရော၊ အ.ထ.က(ခွဲ)ကျိုက်မရော ကျောင်း နှင့် အ.ထ.က(ခွဲ)ကဒါ ကျောင်းများသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးတွင် အသုံးပြုနိုင်ရန်အတွက် လက်ဆေး ဘေစင်များ လှူဒါန်းပေးအပ်ပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက အ.ထ.က(ကျိုက်မရော) ကျောင်း၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းခတ်မြို့နယ်ရှိ ကျန်းမာရေးဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေး
Jan 29,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ်၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လက်အောက်ရှိ ဝန်ထမ်းများအား COVISHIELD ကာကွယ်ဆေးအား ပထမအကြိမ်အဖြစ် ယမန်နေ့ နံနက်ပိုင်းက မိုင်းခတ်မြို့နယ် ပြည်သူ့ဆေးရုံ အစည်းအဝေး ခန်းမတွင် စတင်ထိုးနှံပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25328
Page
25329
Page
25330
Page
25331
Current page
25332
Page
25333
Page
25334
Page
25335
Page
25336
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department