အမြို့မြို့အနယ်နယ်သတင်းများ

Jan 28,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်အတွင်းရှိရပ်ကွက်နှင့် ကျေးရွာအုပ်စုများမှ ပုံမှန် ဝင်ငွေမရှိသော အိမ်ထောင်စု များအား နိုင်ငံတော်မှထောက်ပံ့ငွေများ ပေးအပ်ပွဲကိုယနေ့နံနက် (၁၁)နာရီတွင် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jan 28,2021
တနင်္သာရီတိုင်းဒေသကြီး ၊မြိတ်ခရိုင်၊ ပလောက်မြို့တွင် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရွေးချယ်ရန်အတွက် အဖွဲ့ဝင်(၅) ဦးပါဝင်သည့် ကြီးကြပ်ရေးအဖွဲ့ရွေးချယ်ခြင်းကို ယနေ့ နံနက်၁၀နာရီက စတင်၍ အမှတ်(၄) ရပ်ကွက် အလက(ခွဲ) ကျောင်းတွင် ဖွဲစည်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Jan 28,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့အတွင်းရှိ နောင်ဘိုကြီးကျေးရွာနှင့် ရွာကိုင်းကောင်းကျေးရွာတို့တွင် အသက်(၈၅)နှစ် နှင့် အထက် သက်ကြီးဘိုးဘွားများအတွက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေး ဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုရေးပင်စင် ထောက်ပံ့ငွေ တစ်ဦးလျှင် (၁၀၀၀၀)ကျပ်နှုန်းဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ (အောက်တိုဘာလ၊ နိုဝင်ဘာလ၊ဒီဇင်ဘာလ )(ပထမ) (၃)လပတ် အတွက် (၃၀၀၀၀)ကျပ်စီအား ယနေ့နံနက် (၁၀)နာရီအချိန်က ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစောချစ်ခင်၊ ပိုင်ကျုံမြို့ မြို့အုပ်ချုပ် ရေးမှူး ဦးထွန်းရန်အောင်အောင်၊ လှိုင်းဘွဲ့မြို့နယ်၊ လူမှု၀န်ထမ်း ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစိုင်းရန်နောင်နှင့်တာ၀န်ရှိသူများက အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
Jan 28,2021
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့၌ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(COVISHIELD) ထိုးနှံခြင်းကို ယနေ့နံနက် (၉)နာရီက သပိတ်ကျင်းမြို့ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနခန်းမတွင် စတင်ထိုးနှံခဲ့ကြောင်း သိရှိရသည်။
Jan 28,2021
တနင်္သာရီတိုင်း ဒေသကြီး၊ လောင်းလုံးမြို့တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာမှ ၂၀၁၄- ၂၀၁၅ ခုနှစ် မှ ၂၀၁၉- ၂၀၂၀ ခုနှစ်၊ ဘဏ္ဍာရေးနှစ်အထိ အကောင်အထည်ဖော် ဆောင်ရွက်သည့် မြစိမ်းရောင်ကျေးရွာများအား မြို့နယ်အဆင့် စီမံကိန်း ဆန်းစစ်သုံးသပ်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ ၊နံနက် ၉း၃၀နါရီ အချိန်က လောင်းလုံး မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Jan 28,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ မီးသတ်ဦးစီးဌာနမှ ပြည်သူများမီးဘေးအန္တရာယ်ကင်းဝေးစေရန် အတွက် ယနေ့နံနက်ပိုင်းက မီးသတ်ဦးစီးဌာန ဒုဦးစီးမှူး ဦးသီဟအေးချို ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက ကျောက်လုံး ကြီးကျေးရွာအုပ်စုရှိ စက်သုံးဆီ အရောင်းဆိုင်များသို့သွားရောက်ပြီး မီးဘေးလုံခြုံစိတ်ချရမှုရှိ/မရှိနှင့်မီးဘေး ကြိုတင်ကာကွယ်ရေး လုပ်ငန်းများစနစ်တကျ ဆောင်ရွက်ထားမှုရှိ/မရှိတို့ကို ကွင်းဆင်းကြည့်ရှုစစ် ဆေးခဲ့ကြောင်း သိ ရသည်။
Jan 28,2021
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုး ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ လားရှိုးမြို့နယ် ကြက်ခြေနီ အသင်းတို့နှင့် ပူးပေါင်း၍ ဇန်နဝါရီ(၂၈) ရက်နေ့က ကိုဗစ် ကာကွယ်ရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
Jan 28,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့နယ် စတုံးကျေးရွာအုပ်စု၌ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်း ချုပ်ရေးကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား ထပ်တိုး အိမ်ထောင် စုများအတွက် ထောက်ပံ့ ငွေပေးအပ်ခြင်းကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူတို့က ယမန်နေ့မွန်းလွဲ(၁)နာရီက ပြည်သူများ လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ ပေးခဲ့ကြောင်း သိရသည်။