Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကျောက်မဲမြို့၊ တိုက်ပွဲရှောင်စခန်းရှိ တိုက်ပွဲရှောင်ပြည်သူများအား အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်
Jan 28,2021
အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဝန်ကြီးဌာန၊ ကျောက်မဲမြို့နယ်ဦးစီးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဝင်းထိန်နှင့် တာဝန်ရှိသူများသည် ယနေ့ နံနက် ၁၁ နာရီ အချိန်က ပိန္နဲကုန်းကျေးရွာ အုပ်စု၊ ဝါဆိုကျောင်းတိုက်၌ ကျောက်မဲမြို့ပေါ်ရှိ တိုက်ပွဲရှောင် စခန်း ၄ ခုမှ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု ၉၀ ကျော်အား အိမ်ထောင်စု စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများသွား ရောက်ပေး အပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ကြီးမြို့၌ ပါးစပ်နှာခေါင်းစည်းတပ်ဆင်ရေးလှုပ်ရှားမှု (Mask Campaign)ဆောင်ရွက်
Jan 28,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ် တားဆီးနိုင်ရန် Mask ပါးစပ်နှာခေါင်းစည်း တပ်ဆင်ရေးလှုပ်ရှားမှုကို ယနေ့ နံနက် ၉ နာရီအချိန်ခန့်က ဝါးပြားလမ်းဆုံမီးပွိုင့်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သပိတ်ကျင်းမြို့ ပြည်သူ့ဆေးရုံတွင် တက်ရောက်ကုသနေသည့် ကိုဗစ်-၁၉ အတည်ပြုလူနာ(၉)ဦးတွင် (၄)ဦးဆေးရုံ ဆင်း ခွင့်ရရှိ
Jan 28,2021
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့ ပြည်သူ့ဆေးရုံတွင် တက်ရောက်ကုသနေသည့် သပိတ်ကျင်းမြို့နယ်အတွင်းမှ ကိုဗစ်-၁၉ အတည်ပြုလူနာ(၉)ဦး တက်ရောက်ကုသလျက်ရှိနေပြီး ယနေ့တွင် အတည်ပြုလူနာ(၄)ဦး ဆေးရုံမှ ဆင်းခွင့်ရရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှသိရသည်။
အပြည့်အစုံ ဖတ်ရန်
ပင်လုံမြို့ ရပ်ကွက်(၃)တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များထောက်ပံ့
Jan 28,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့ ရပ်ကွက်(၃)တွင် အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှ ထောက်ပံ့သည့် လူမှုရေးပင်စင်များကို ယနေ့ မွန်းလွဲ(၁)နာရီ အချိန်ခန့်က အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လင်းခေးမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး မြစိမ်းရောင်ကျေးရွာ စီမံကိန်း ဆန်းစစ်သုံးသပ်ဆွေးနွေးပွဲ ကျင်းပ
Jan 28,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂ဝ၂ဝ-၂ဝ၂၁ခု ဘဏ္ဍာနှစ် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းဆန်းစစ်သုံးသပ် ဆွေးနွေးပွဲကို ယမန်နေ့ ၁ဝ နာရီက အဆိုပါဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘားအံမြို့တွင် အစိုးရစက်မှုလက်မှုသိပ္ပံ(ဘားအံ) အဆောက်အဦသစ်(၇)လုံးပန္နက်တင်
Jan 28,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်တွင် တည်ဆောက်မည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်ပြည်ထောင်စုရန်ပုံငွေဖြင့် အစိုးရစက်မှု လက်မှု သိပ္ပံ (ဘားအံ) ပင်မဆောင်အပါအဝင် အဆောက်အအုံသစ်(၇)လုံး ပန္နက်တင်ခြင်းကို ယမန်နေ့ နံနက်၉နာရီ အချိန်က ဘားအံမြို့နယ်၊ စံဖရီးကျေးရွာအုပ်စု စက်မှုဇုံအနီးတွင် ပန္နက်တင် ခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ကြီး၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအကြောင်း အသိပညာပေးဆောင်ရွက်
Jan 28,2021
ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ပေါ် မြို့မရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် အမှတ်(၁၈)ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူးရုံး(ရှမ်း/တောင်)၊ ကမ်းလက်မေတ္တာနှင့် အာရှဖောင်းဒေးရှင်းတို့ ပူးပေါင်းအဖွဲ့က ယာဉ်စည်းကမ်း၊ လမ်းစည်း ကမ်းအကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက အနောက်မြို့ပတ်လမ်း၊ မြို့မရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရပ်စောက်မြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော ထပ်တိုးအိမ်ထောင်စု(၇၃၆)စုအား ထောက်ပံ့ငွေ ပေးအပ်
Jan 28,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေစဉ်ကာလ အတွင်း နိုင်ငံတော်မှ ပြည်သူများစားဝတ်နေရေး အဆင်ပြေစေရန် ပုံမှန်ဝင်ငွေမရှိသော ထပ်တိုး တင်ပြ ထားသည့် အခြေခံလူတန်းစားများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွှဲပိုင်းက အိမ်တိုင်ရာရောက် ပေးအပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25332
Page
25333
Page
25334
Page
25335
Current page
25336
Page
25337
Page
25338
Page
25339
Page
25340
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department