Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဓနုဖြူမြို့မဈေးအတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်
Jan 16,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့မဈေးအတွင်း ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေး နှင့် ကူးစက်ပျံနှံ့မှု မရှိစေရေးအတွက် အသိပညာပေး လုပ်ငန်းများကို ယနေ့ နံနက် ၇ နာရီအချိန်ခန့်က မြို့မဈေးအတွင်း အသိပညာပေး ဆောင်ရွက်ခဲ့ သည်။
အပြည့်အစုံ ဖတ်ရန်
သုံးခွမြို့နယ် လူထုအခြေပြုဗဟိုဌာန community centre ခန်းမ၌မြို့နယ် စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ နှင့် ရပ်ကွက်/ကျေးရွာ စာကြည့်တိုက် ကော်မတီ၀င်မ…
Jan 16,2021
ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန community centreခန်းမ၌ မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီနှင့် ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်ကော်မတီ၀င် များတွေ့ဆုံပွဲ၊ စာအုပ်လှူဒါန်း ပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းပန်မြို့တွင် ဆောင်းသီးနှံ ကြက်သွန်ဖြူ G.A.P အသိအမှတ်ပြုလက်မှတ် လျှောက်ထားမှုအပေါ် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
Jan 16,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြိုနယ်တွင် ဆောင်းသီးနှံ ကြက်သွန်ဖြူစိုက် တောင်သူများအနေဖြင့် G.A.P (Good Agricultural Practices) အသိအမှတ်ပြုလက်မှတ် ရရှိရန်အတွက် တောင်သူ (၁၁၂) ဦးမှ စိုက်ဧက (၅ဝဝ) ဧကအတွက် လျှောက်ထားမှုအပေါ် ခရိုင် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့မှ ယမန်နေ့ နံနက် (၁ဝ) နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မက်မန်းမြိုနယ်၌ အခြေခံပညာကျောင်းအဆင့်တိုးမြှင့်ဆိုင်းဘုတ်တင်ခြင်း အခမ်းအနားဆောင်ရွက်
Jan 16,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ပညာသင်နှစ် အခြေခံပညာကျောင်း အဆင့် တိုးမြှင့်ဆိုင်းဘုတ်တင်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဗန်းမောက်မြို့နယ်၌ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ အသက် (၈၅) နှစ်အထက် သက်ကြီးရွယ်အိုများအား ထောက်ပံ့
Jan 16,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ် - ၁၉ စီးပွားရေးကုစားမှု အစီအစဥ်အရ မိသားစုစားဝတ် နေရေး အဆင်ပြေစေရန် ရည်ရွယ်၍ အသက် (၈၅) နှစ် အထက် သက်ကြီးဘိုးဘွားများအား ရပ်ကွက်/ကျေးရွာများ အတွင်းရှိ ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ် (၂) နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဝန်းသိုမြို့နယ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု "၀" ဥ စိုက်ပျိုးနည်းသင်တန်းဆင်း ပွဲပြုလုပ်
Jan 16,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်အဆုံး အောင်းပင်အုပ်စု၊ လက်ပံကျင်း ကျေးရွာအခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)တွင် တောင်သူဦးကြီးများ တစ်နိုင်တစ်ပိုင် "၀"ဥ စိုက်ပျိုးထုတ် လုပ်နိုင်စေရန်နှင့် မိသားစုဝင်ငွေ တိုးပွား လာစေရန်၊ စိုက်ပျိုးရေး၊ မွေးမြူရေးကျင့်စဉ်ဆိုင်ရာ အကြောင်းအရာ များကို အသိပညာတိုးပွားရရှိစေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု " ဝ"ဥ စိုက်ပျိုး နည်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ အသိပညာပေး သင်တန်းကို (၅)ရက်ကြာဖွင့်လှစ် သင်ကြားခဲ့ပြီးဖြစ်ရာ အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ထီးလင်းမြို့နယ် ထန်းပင်ကုန်းကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းတွင် ကွန်ကရစ်တံတား (၁) စင်း တည်ဆောက်
Jan 16,2021
ဘဏ္ဍာနှစ်တွင် ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်း/တံတား တည်ဆောက်ခြင်း၊ သောက်သုံး/ စိုက်ပျိုးရေး ရရှိရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ထန်းပင်ကုန်း ကျေးရွာ၌ ကျေးလက် ကုန်ထုတ်လမ်းနှင့် ကွန်ကရစ်တံတား(၁)စင်း အကောင်အထည် ဖော် တည်ဆောက် လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်မြို့နယ်တွင် အမက( ကော့စိုင်) ကျောင်းဆောင်သစ် ဆောက်လုပ်ရန် ပန္နက်တင်မင်္ဂလာကျင်းပ
Jan 16,2021
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မုတ္တမကျေးရွာအုပ်စု အမက (ကော့စိုင်)ကျောင်း၌ နှစ်ထပ်ကျောင်း ဆောင်သစ် ဆောက်လုပ်ရန်အတွက် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါ ကျောင်းဝင်းမြေနေရာတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25611
Page
25612
Page
25613
Page
25614
Current page
25615
Page
25616
Page
25617
Page
25618
Page
25619
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department