Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအထူးဒေသတွင် ငွေနှင်းမှိုစနစ်တကျစိုက်ပျိုးနိုင်ရေး ကွင်းဆင်းနည်းပညာပေး
Jan 16,2021
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအထူးဒေသ အေးလင်းသာယာကွင်းတွင် ပြည်သူများ စိုက်ပျိုးထားသော ငွေနှင်းမှိုစိုက်ပျိုးမှုကို စနစ်တကျ စိုက်ပျိုးနိုင်ရေးအတွက် ယမန်နေ့က စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကောလင်းမြို့နယ်တွင် EM ဘိုကာရှီ သဘာ၀မြေသြဇာပြုလုပ်သုံးစွဲနည်း၊ သဘာ၀ပိုးသတ်ဆေး/ပိုးနှင်ဆေး ပြုလုပ် သုံးစွဲနည်းနှင့် မျိုးကောင်းမျိုးသန့်စပါးမျိုးများ…
Jan 16,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ကောလင်းမြို့နယ်၊ ကရာကုန်းကျေးရွာအုပ်စု၊ တောင်သူ ဦးဝင်းညွန့်၊ ကွင်းအမှတ် ၂၀၀၁၊ ဦးပိုင် ၁၆၉ အတွင်း EMဘိုကာရှီသဘာ၀မြေသြဇာ ပြုလုပ် သုံးစွဲနည်း၊ သဘာ၀ပိုးသတ်ဆေး/ပိုးနှင့် ဆေးပြုလုပ်သုံးစွဲနည်းနှင့် မျိုးကောင်းမျိုးသန့်စပါးမျိုးများ၏ အမည်မှန်များ သိရှိစေရေးနည်းပညာပေး လက်တွေ့ ကွင်းသရုပ်ပြသဆောင် ရွက်ခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်မြို့နယ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ရွေးချယ်ရေး လုပ်ငန်းစဉ်နှင့် ဥပဒေ၊နည်းဥပဒေများ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ
Jan 16,2021
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အနောက်ပိုင်းခရိုင် လှိုင်မြို့နယ်တွင် ရပ်ကွက်၊ အုပ်ချုပ်ရေးမှူး ရွေးချယ်ရေး လုပ်ငန်းစဉ် နှင့် ဥပဒေ၊နည်းဥပဒေများအား ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် (၉) နာရီက အမှတ် ၂ရပ်ကွက်သီရိမင်္ဂလာရေကန် ဓမ္မာရုံတွင်လည်းကောင်း၊ ညနေ (၃)နာရီတွင်အမှတ်(၄)ရပ်ကွက် သာသနာ့ရက္ခိတကျောင်း၌လည်းကောင်း ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်မဲမြို့နယ်၊ ပြည်သူ့ဆေးရုံအတွက် အရေးပေါ်လူနာတင်ယာဉ် တစ်စီး ပေးအပ်လှူဒါန်း
Jan 16,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ် ၊ ပြည်သူ့ဆေးရုံတွင် အသုံးပြုရန်အတွက် အရေးပေါ် လူနာတင်ယာဉ် တစ်စီးနှင့် ဆက်စပ်ပစ္စည်းများကို ကျောက်မဲမြို့၊ အမှတ် ၅ ရပ်ကွက်၊ "နန်းမြဦး" ပွဲရုံမှမောင်နှမများက ၎င်းတို့၏ ဘိုး၊ ဘွား၊ ဘီ၊ဘင်နှင့် မိဘဖြစ်သူ ပွဲစားကြီး ဦးအေးကို နှင့် ဒေါ်နန်မြဦးတို့အား ရည်စူး၍ ယမနေ့နေ့ကပေး အပ်ဒါန်းရာ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့် တာဝန်ရှိသူများကလက်ခံခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အောင်မြေသာစံမြို့နယ်တွင် KTV ဆိုင်များဖွင့်လှစ် လုပ်ကိုင်နေမှုရှိ/မရှိ မြို့နယ်ကြီးကြပ်စစ်ဆေးရေးအဖွဲ့မှ ရှောင်တခင် ကွင်းဆင်းစစ်ဆေး
Jan 16,2021
မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် ဌာနပေါင်းစုံပါဝင်သော မြို့နယ်ကြီးကြပ်စစ်ဆေးရေးအဖွဲ့မှ ယမန်နေ့ ည၇နာရီခွဲက မြို့နယ်အတွင်းရှိ KTV ဆိုင်များဖွင့်လှစ်လုပ်ကိုင်နေမှုရှိ/မရှိ ရှောင်တခင်ကွင်းဆင်းစစ်ဆေးကြသည်။
အပြည့်အစုံ ဖတ်ရန်
ဂန့်ဂေါမြို့နယ်၌ နိုင်ငံတော်၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဝယ်ယူရေးအတွက် လှူဒါန်းနိုင်ရန်ဆွေးနွေးပွဲ ကျင်းပ
Jan 16,2021
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၌ နိုင်ငံတော်၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဝယ်ယူရေးအတွက် လှူဒါန်းနိုင်ရန် ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန်အတွင်း ပုဂံပလတ်စတစ်ကမ်ပိန်းအဖွဲ့မှ ဦးဆောင် ကာအမှိုက်ကောက်၊ အမှိုက်သိမ်းခြင်းများဆောင်ရွက်
Jan 16,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ် မြေတွင် ယနေ့ နံနက်ပိုင်းက ပုဂံပလပ်စတစ်ကမ်ပိန်းအဖွဲ့နှင့်အတူ ညောင်ဦးမြို့နယ် အခြေစိုက်အဖွဲ့ အသီးသီမှ ပူးပေါင်း ပါဝင်ကာ ပလပ်စတစ်အမှိုက်ကောက် ခြင်းနှင့်ပေါင်းမြက်များ ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း ပုဂံပလတ်စတစ်ကမ်းပိန်းအဖွဲ့ ဥက္ကဋ္ဌ ဦးတင့်ဆွေထံကသိရ သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယောင်း၌ ကိုဗစ်-၁၉ ကာလအတွင်း ကလေးများအတွက် စိတ်အပန်းဖြေစရာ ဆေးရောင်ခြယ် စာအုပ်များ အခမဲ့ပေးဝေ
Jan 16,2021
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ် ခရိုင်၊ မိုင်းယောင်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနသည် ယမန်နေ့တွင် မြို့နယ်အတွင်းရှိ ကလေးများအတွက် စိတ်အပန်းဖြေစရာ ဆေးရောင်ခြယ် စာအုပ်များ အခမဲ့ ပေးဝေခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25613
Page
25614
Page
25615
Page
25616
Current page
25617
Page
25618
Page
25619
Page
25620
Page
25621
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department