အမြို့မြို့အနယ်နယ်သတင်းများ

Jan 15,2021
  ကော့သောင်းမြို့၊ ရွှေပြည်သာရပ်ကွက် ၊ မြရည်ပုလဲလမ်းတွင် ဇန်နဝါရီလ ၁၅ ရက်နေ့ နံနက် ၁၂:၄၅ အချိန်ခန့်က ဂစ်အိုးများတင်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီး တိမ်းမှောက်မီးလောင်ရာမှ အနီးအနားနေအိမ်သုံးလုံးသို့ကူးစက်မီးလောင်မှုဖြစ်ပွားကာ အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်းသိရသည်။
Jan 15,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးအတွက် မြို့နယ် တွင်းသို့ ဒေသအသီးသီးမှ ပြန်လည်ရောက်ရှိလာသူများအား သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ များတွင် အသွားအလာကန့်သတ်ထားရှိပြီး ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိကို မြို့နယ်ကျန်းမာရေးဦးစီး ဌာနမှ စစ်ဆေးပေး လျက်ရှိသည်။
Jan 15,2021
ရှမ်းပြည်နယ်၊ ပြည်နယ်မီးသတ်ဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးအောင်ဝင်းစိန်နှင့် အဖွဲ့သည် ယမန်နေ့၊ ညနေပိုင်းက ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် နယ်စပ်ဒေသ မိုင်းယုမြို့ရှိ နယ်မြေခံမီးသတ်စခန်းသို့ ရောက်ရှိလာပြီး စခန်းတွင်း လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Jan 15,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဟောင်း အစည်းအဝေးခန်းမ၌ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်မှုဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့ နေ့လယ် ၁၂ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
Jan 15,2021
Development Aid for People with Disabilities နှင့် ခရမ်းရောင်ကြာပန်းမှ နမ္မတူမြို့နယ်ရှိ မသန်စွမ်းသူ (၁၂)ဦးအား ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက် (၉)နာရီ အချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၌ ဆောင်ရွက်ခဲ့သည်။
Jan 15,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမတွင် ယမန်နေ့ နေ့လယ် (၃) နာရီခန့်က ရပ်ကွက်/ကျေးရွာအုပ်စု ကြီးကြပ်ရေး အဖွဲ့များ ရွေးချယ်နိုင်ရေးအတွက် မြို့နယ်အဆင့်ဌာန ဆိုင်ရာများအား တာဝန်ပေးအပ်ခြင်းနှင့် ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးအသစ်များ ရွေးချယ်ခန့်ထားနိုင်ရေးနှင့် ပတ်သက်၍ ဥပဒေ၊ နည်းဥပဒေများအား ရှင်းလင်းဆွေးနွေးပွဲ ကျင်းပခဲ့သည်။
Jan 15,2021
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့တွင် အသက်မွေးဝမ်းကြောင်းဆိုင်ရာ အထောက်အကူပြု စိုက်ပျိုးရေးပညာပေး သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် (၁၀) နာရီအချိန်က ဟိုပန်ခရိုင် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ပြုလုပ်ခဲ့သည်။
Jan 15,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းက ကိုဗစ်-၁၉ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။