Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မောက်မယ်မြို့နယ်၌ ကုန်ထုတ်လမ်း ဖောက်လုပ်နေမှုအား ကွင်းဆင်းစစ်ဆေး
Jan 15,2021
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း၀န်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တွင် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ကျပ်သန်း(၇၄.၅)သန်း ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ စဉ့်ဆိုင်ကျေးရွာအုပ်စု၊ နားသဲကျေးရွာ၊ နားသဲ-ကျောင်းထမ် ကုန်ထုတ်လမ်း ဖောက်လုပ်နေမှုနှင့် အဆိုပါလမ်းပေါ်ရှိ ကုန်ထုတ်တံတား ဆောင်ရွက်မည့်နေရာအား ယမန်နေ့ နေ့လယ်ပိုင်းက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းစံထွန်းလင်း၊ ဒုတိယဦးစီးမှူး ဦးစိုင်းမျိုးထက်နှင့် တာဝန်ခံအင်ဂျင်နီယာ ဦးအာကာဖြိုးတို့မှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းလိုအပ်ချက်များ၊ အရည်အသွေး ပြည့်မီ ရေးနှင့် သတ်မှတ်ထားသော စံချိန်စံညွှန်းများဖြင့် ဆောင်ရွက်နိုင်မှုများအား စစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သဘာဝငါးသယံဇာတများကို ထိခိုက်စေနိုင်သော ဒေသရင်းမဟုတ်သည့် ငါးမျိုးများ မွေးမြူခြင်းဆိုင်ရာ သတိပေး တားမြစ်နှိုးဆော်ခြင်း အသိပညာပေး ဟောပြောခြင်းနှင့် လက်…
Jan 15,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့နယ်သည် မူးချောင်း၊ ဆည်မြောင်း၊ အင်းအိုင်၊ ငါးမွေးကန် များရှိသဖြင့် ဒေသတွင်း တိုင်းရင်းငါးမျိုးစိတ်များ၊
အပြည့်အစုံ ဖတ်ရန်
ယခုဘဏ္ဍာနှစ်တွင် ပြည်ထောင်စုအစီအစဉ်ဖြင့် ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းကို ကျေးရွာ (၁၀) ရွာ၌ အကောင်အထည် ဖော်မည်
Jan 15,2021
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့နယ်(၁၀)ခုရှိ ကျေးရွာ(၁၀)ရွာတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ်၌ ပြည်ထောင်စု အစိုးရအဖွဲ့ အစီအစဉ်ဖြင့် ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းကို ဆက်လက် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းလှိုင်ဦးထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
နတ်မောက်မြို့နယ်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စက်ရေတွင်း ပြင်ဆင်ထိန်းသိမ်းနည်း သင်တန်း ဖွင့်လှစ်
Jan 15,2021
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ညောင်ကျပ္ပင်ကျေးရွာအုပ်စု ညောင်ကျပ္ပင်ကျေးရွာ၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စက်ရေတွင်းပြင်ဆင်ထိန်းသိမ်းနည်း သင်တန်းကို ယနေ့နံနက် (၉) နာရီအချိန်ခန့်က ဖွင့်လှစ်ပေးခဲ့ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အင်းတော်မြို့နယ်တွင် ဆောင်းသီးနှံ ( မြေပဲ ) သီးထပ်စိုက်ပျိုးမှုအား ကွင်းဆင်းစစ်ဆေး
Jan 15,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် မော်တိတ်နည်းပညာပြန့်ပွားရေး စင်တာနယ်မြေ အတွင်းရှိ နန့်သာကျေးရွာ တောင်သူ ဦးမောင်ထွေး၏ လယ်ယာမြေကွက်တွင် ဆောင်းသီးနှံ (မြေပဲ) သီးထပ် စိုက်ပျိုးမှုအား ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက အင်းတော်မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှူး ဦးသိန်းခိုင်နှင့် စိုက်ပညာရှင်ဝန်ထမ်းများမှ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ရေစီးရေလာကောင်းမွန်စေရန် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန် မြှင့် ကွင်းဆင်းဆောင်ရွက်
Jan 15,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်တွင် ရေကြီးရေလျှံမှုများ မဖြစ်ပွား စေရေး၊ ရေစီးရေလာ ကောင်းမွန်စေရေးတို့အတွက် ရေနုတ်မြောင်းများ ဆယ်ယူခြင်းနှင့် Box Culvert များ ပြုလုပ်ရန် အုတ်ရေမြောင်းများ တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ယမန်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်၊ လွှတ်တော်ကိုယ်စားလှယ်များရုံးအဖွဲ့၊ မြို့နယ်စည်ပင် သာယာအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာ (ရေစီးရေလာ) အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ ရပ်ကျေးအလုပ်အမှုဆောင်များနှင့်အတူ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကယားပြည်နယ်၊ ရွာသစ်မြို့ရှိ သဘာဝရေတံခွန်အား လာရောက်လည်ပတ်သူများပြား
Jan 15,2021
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့ရှိ သဘာဝရေတံခွန်အား ရုံးပိတ်ရက်ကာလနှင့် အခြားသော နေ့ရက်များတွင် ရေတံခွန်သို့ လာရောက်လည်ပတ်အပန်းဖြေသူများဖြင့် စည်းကားနေ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြစိမ်းရောင်လည်ပတ်ရန်ပုံငွေ၏ အတိုးရငွေဖြင့် ဆောင်ရွက်သည့် ကျေးရွာတွင်း သဲကျောက်လမ်း ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအား တာဝန်ရှိသူများ သွားရောက်…
Jan 15,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ သပြေပင်ကျေးရွာရှိ မြစိမ်းရောင်လည်ပတ်ရန်ပုံငွေ၏ အတိုးရငွေဖြင့် ဆောင်ရွက်သည့် ကျေးရွာတွင်း သဲကျောက်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက် ပြီးစီးမှုအား ယမန်နေ့က မြို့နယ် ကြီးကြပ်မှုကော်မတီ အဖွဲ့များက သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25659
Page
25660
Page
25661
Page
25662
Current page
25663
Page
25664
Page
25665
Page
25666
Page
25667
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department