Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ထန်းတပင်၌ CERP အစီအစဉ်ဖြင့် စိုက်ပျိုးထားသော စပါးများအား မျိုးစပါးများအဖြစ် ပြန်လည်ဝယ်ယူ
Jan 15,2021
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် တောင်သူများ စပါးစိုက် ပျိုးချိန်တွင် မျိုးကောင်း၊ မျိုးသန့်စပါးမျိုးများကို အလွယ်တကူရရှိနိုင်ရေးအတွက် CERP ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု အစီအစဉ်ဖြင့် မျိုးသန့် မျိုးစေ့ထုတ်တောင်သူများ စိုက်ပျိုးကာ ရရှိလာသည့် စပါးများကို မျိုးစပါးများအဖြစ် ပြန်လည်ဝယ်ယူဆောင်ရွက်နေပြီး တောင်သူများ လိုအပ်ချိန်တွင် ပြန်လည်၍ ရောင်းချဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုင်းတုံ - တာချီလိတ် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်မှ တာလေမြို့အပိုင်းရှိ ပျက်စီး နေသည့် လမ်းနေရာများအား ကတ္တရာထပ်ပိုးလွှာခင်းခြင်းများ ဆက်လက်ဆောင်…
Jan 15,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ ကျိုင်းတုံ-တာချီလိတ် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်မှ တာလေမြို့အပိုင်းရှိ ပျက်စီးနေသည့် လမ်းနေရာများ ၊ ယာဉ်မတော်တဆမှု အဖြစ်များသည့် နေရာများတွင် နေ့စဉ်ဖြတ်သန်းသွားလာနေကြသော အများပြည်သူတို့ ကားဆိုင်ကယ်များ ဘေးအန္တရာယ်ကင်းစွာ မောင်းနှင်သွားလာနိုင်ရေးအတွက် သော်တာဝင်းကုမ္ပဏီက ပြန်လည်ပြင်ဆင်ခြင်း များ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့တွင်လည်း နားယောင်းကျေးရွာအုပ်စု အတွင်းရှိ ရန်ကင်းဆီပန့် ရှေ့နေရာတွင် ပျက်စီးနေ သော နေရာအား ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါက်ခေါင်းမြို့၌ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေကို ပြင်ဆင်သည့် ဥပဒေ၊ နည်းဥပဒေအား ထပ်ဆင့်ရှင်းလင်း
Jan 15,2021
ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေး နည်းပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေအား ထပ်ဆင့် ရှင်းလင်းခြင်းကို ယနေ့ နံနက် ၁၀ နာရီက ပေါက်ခေါင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်
Jan 15,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၌ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေး ပင်စင်ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး များနှင့် တာဝန်ရှိသူတို့ က အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများအား ကွင်းဆင်း ကြည့်ရှု
Jan 15,2021
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ၂၀၂၀−၂၀၂၁ တိုင်းဒေသကြီးဘတ်ဂျတ်ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်က လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်အဆင့် တာဝန်ရှိသူများက သတ်မှတ်သည့် အရည်အသွေး ပြည့်မီမှုရှိစေရေး ကွင်းဆင်းကြည့်ရှုခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ငါန်းဇွန်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်သည့်ဥပဒေ၊ နည်းဥပဒေဆိုင်ရာဆွေးနွေးပွဲပြုလုပ်
Jan 15,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ယမန်နေ့ ညနေ ၃နာရီအချိန်က ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်သည့် ဥပဒေ၊ နည်းဥပဒေများဆိုင်ရာ ဆွေနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တိန်းကယားကျေးရွာတွင် စက်ရေတွင်း (တွင်းနက်) တူးဖော်ဆောင်ရွက်ပေးမည်
Jan 15,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့၊ တိန်းကယားကျေးရွာအုပ်စု၊ တိန်းကယား (ဗမာ) ကျေးရွာတွင် ကျေးလက်ရေ ရရှိရေး အတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စက်ရေတွင်း (တွင်းနက်) တူးဖော် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အုတ်ဖိုမြို့နယ်တွင် ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ
Jan 15,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ တွင် ယမန်နေ့ မွန်းလွဲပိုင်းက ရပ်ကွက်ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်မှု ဆိုင်ရာအလုပ်ရုံဆွေးနွေး ပွဲကို ကျင်းပခဲ့ရာ သာယာဝတီခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးစောထွန်းဦး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးနေလင်းထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25662
Page
25663
Page
25664
Page
25665
Current page
25666
Page
25667
Page
25668
Page
25669
Page
25670
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department