အမြို့မြို့အနယ်နယ်သတင်းများ

Aug 11,2020
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ အုတ်တွင်း မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း (VRFP) ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နေ့လည် (၁:၀၀)နာရီ က မြို့နယ်အထွေထွေ အုပ်ချူပ်ရေးဦးစီးဌာန၊ သီရိရတနာ ခန်းမတွင် ကျင်းပခဲ့သည်။
Aug 11,2020
မွန်ပြည်နယ် ရေးမြို့နယ်၊ လမိုင်းမြို့ ဘေးလမိုင်းကျေးရွာအုပ်စု နှစ်ကရင်ကျေးရွာအဝင် မီးရထားလမ်းနှင့် ကားလမ်းဖြတ်ဆုံသည့် မီးရထား မိုင်တိုင်အမှတ် ၂၃၉/၁၆-၁၇ ခမ(LT)နေရာ၌ ရန်ကုန်-မော်လမြိုင်-ရေးပြေးဆွဲသော မီးရထား MR မမ၊ စက်ခေါင်းအမှတ် DD939၊ ၈၁ အဆန်မီးရထား
Aug 11,2020
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် သူရဲသမိန်ကျေးရွာ မီးလင်းရေးအတွက် မြို့နယ် မီးလင်းရေး ကြီးကြပ်မှု ကော်မတီ အစည်းအဝေးကို ယမန်နေ့ ညနေပိုင်းတွင် မြို့နယ် အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
Aug 11,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် ဆောင်ရွက်သော မိုးစပါး ဆင်ဧကရီ-၃ (RS)မှ (CS) မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းများ၊ စိုက်နည်းစနစ်သရုပ်ပြသခြင်းကို သြဂုတ်(၁၀)ရက်နေ့၊ နံနက် (၉)နာရီက ဟုမ္မလင်းမြို့နယ်၊ ခေါင်ခမ်း ကျေးရွာ အုပ်စု၊ ထွက်ဝကျေးရွာတောင်သူ ဦးမောင်ယောလယ်၌ ကွင်းဆင်းအသိပညာပေး ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
Aug 11,2020
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်စည်ပင်သာယာရေးရုံး၌ ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေး နှစ်အတွက် အရပ်ရပ် အခွင့်အရေးလိုင်စင် (၅)ခုကို ယနေ့နံနက်ပိုင်းက အဆိုပါရုံးတွင် စျေးပြိုင်လေလံစနစ်ဖြင့် ရောင်းချ ခဲ့ကြောင်း သိရသည်။
Aug 11,2020
စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြစ်ကြီးနားခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင် အတွင်းရှိ တောင်သူ (၅)ဦးတို့၏ သရက်၊ နဂါးမောက်၊ ကန်ဇွန်းဥ သီးနှံစိုက်ဧက စုစုပေါင်း (၇၅)ဧကအတွက် စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်း (GAP)အသိအမှတ်ပြုလက်မှတ်များကို ယမန်နေ့ နံနက် (၉)နာရီက ခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ပေးအပ်ခဲ့သည်။
Aug 11,2020
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် မြဝတီ-ကော့ကရိတ်အာရှလမ်းရှိ တောနော်ရေတံခွန်တွင် သြဂုတ် ၉ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်အချိန်က လူငယ်တစ်ဦးရေနစ်ခဲ့ကြောင်း သိရ၍