Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဘုရားသုံးဆူမြို့ (ချက်ပွိုင့်နယ်စပ်)၌ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး စမ်းသပ်စစ်ဆေးမှုများ ဆောင်ရွက်
Mar 15,2020
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့ အမှတ်(၁)ရပ်ကွက်ရှိ Checkpoint နေရာဟောင်း၌ ပြည်သူ့ဆေးရုံ တာဝန်ခံ ဆရာဝန် Dr.ခိုင်ထူးနှင့် ကျန်းမာရေး ဝန်ထမ်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ ပူးပေါင်း အဖွဲ့မှ မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ် ဖြတ်သန်းသွားလာသူများအား ကိုယ်အပူချိန် တိုင်းတာစမ်းသပ် စစ်ဆေးဆောင်ရွက်မှုများကို ယနေ့ နံနက် ၇ နာရီ အချိန်၌ စတင်ပြုလုပ်လျက်ရှိ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ်၌ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကြိုတင်ကာကွယ်ရေး လက်ကမ်း စာစောင်များဖြန့်ဝေခြင်းနှင့် ပိုစတာများစိုက်ထူ
Mar 15,2020
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကူးစက် ပျံ့နှံ့မှုအကြောင်း အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေး၊ ရောဂါမဖြစ်ပွားအောင် ကာကွယ်ရမည့် နည်းလမ်းများကို သိရှိနားလည်စေရေးအတွက် ယနေ့ နံနက်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ် ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် ကြက်ခြေနီအသင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် NGO အဖွဲ့များ ပူးပေါင်း၍ လူစည်ကားရာ နေရာများ ဖြစ်သော မြို့မဈေးကြီး၊ လှိုင်းဘွဲ-ပိုင်ကျုံလမ်းဆုံ၊ ခြံကုန်းလမ်းဆုံသို့ သွားရောက်ပြီး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်မရောမြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ မြို့နယ်စည်ပင်မှ ရေသည်ယာဉ်များဖြင့် သောက်သုံးရေများ ဖြန့်ဝေ
Mar 15,2020
မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်အတွင်း ရှိ မြို့ပေါ်ရပ်ကွက်များသို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင်ရေသည်ယာဉ် ၂ စီးနှင့် ဒေသခံပြည်သူများ စုပေါင်းလှူဒါန်းထားသော မီးသတ်ယာဉ် ၁စီး တို့ဖြင့် ယနေ့ နံနက် ၁၀ နာရီက သောက်သုံးရေ ပြတ်လပ်နေသော အတ္တရံရပ်ကွက်၊ ရှင်စောပုရပ်ကွက်များရှိ ပြည်သူများထံအိမ်တိုင်ရာရောက် လိုက်လံပို့ဆောင်ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ဟင်းသီးဟင်းရွက် စိုက်ပျိုးရေး၊ အခြေခံမွေးမြူရေးနှင့် ကုသရေးသင်တန်းအား စုကလိမြို့၊ စခန်းသစ်ကျေးရွာတွင်ဖွင်လှစ်
Mar 15,2020
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့မှ ပူးပေါင်း၍ ဟင်းသီးဟင်းရွက် စိုက်ပျိုးရေး နည်းပညာပေး၊ အခြေခံမွေးမြူရေးနှင့် ကုသရေးသင်တန်းဖွင့်ပွဲနှင့် မျိုးစေ့များ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၁၀ အချိန်က စုကလိမြို့၊ စခန်းသစ်ကျေးရွာ၊ ကော့လားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လွိုင်ကော် မတ် ၁၆ ပြည်သူတိုင်းသည်စားသုံးသူဖြစ်၍ စားသုံးသူတိုင်းသည် စားသုံးသူအခွင့်အရေးရှိကြောင်း ပိုမိုကျယ်ပြန့်စွာသိရှိစေပြီး မိမိတို့စားသုံးသူအခွင့်…
Mar 15,2020
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့ အမှတ်(၁)ရပ်ကွက်ရှိ Checkpoint နေရာဟောင်း၌ ပြည်သူ့ဆေးရုံ တာဝန်ခံ ဆရာဝန် Dr.ခိုင်ထူးနှင့် ကျန်းမာရေး ဝန်ထမ်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ ပူးပေါင်း အဖွဲ့မှ မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ် ဖြတ်သန်းသွားလာသူများအား COVID 19 ကိုယ်အပူချိန် တိုင်းတာစမ်းသပ် စစ်ဆေးဆောင်ရွက်မှုများကို ယနေ့ နံနက် ၇ နာရီ အချိန်၌ စတင်ပြုလုပ်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်ဒုံမြို့တွင် ကိုရိုနာဗိုင်းရပ်စ် အသိပညာပေး ဟောပြောပွဲ ကျင်းပ
Mar 14,2020
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့တွင် ယနေ့ နံနက် ၈ နာရီက အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူးဦးမင်းဇော်၊ တိုက်နယ်ဆရာဝန် ဒေါက်တာ မန်းမင်းနိုင်ဦး၊ နယ်မြေစခန်းမှူး ရဲအုပ်ထွန်းနေဦး၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ ဒေါ်ခိုင်ဆုဝေနှင့် အဖွဲ့များ၊ အမျိုးသမီးရေးရာအဖွဲ့များက (၂၀၂၀)ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရန်အတွက် ရပ်ဝေးရပ်နီးမှလာရောက်၍ တည်းခိုနေကြသော ကျိုက်ဒုံမြို့ တိဿာရာမ စာသင်တိုက်တောင်ပေါ်ကျောင်း၊ ဇေတိကရုံ ဘုန်းကြီးကျောင်း၊ ကျိုက်မဂ္ဂီ ဘုန်းကြီးကျောင်းရှိ ဓမ္မာရုံများတွင် သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများအား ကိုရိုနာ ဗိုင်းရပ်စ်အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လက်ပံတန်းကျေးရွာနေ ပြည်သူများ Coronavirus Disease 2019 (COVID -19) နှင့် ပတ်သက်၍ အသိပညာပေး
Mar 14,2020
ကမ္ဘာ့နိုင်ငံများတွင် လတ်တလော ဖြစ်ပွားလျက်ရှိသည့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019 (COVID -19) နှင့်ပတ်သက်၍ အများပြည်သူများ ကျယ်ကျယ် ပြန့်ပြန့် သိရှိနိုင်စေရန် ရည်ရွယ်၍ ပညာပေးဆွေးနွေးဟောပြောပွဲကို ယမန်နေ့ နံနက်(၁၀) နာရီတွင် မိုးညှင်းမြို့နယ်၊နန်းမားဒေသ ၊ လက်ပံတန်းကျေးရွာ ဓမ္မာရုံ၌ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မူဆယ်မြို့နယ်မှ မူဆယ်မြို့၊ စာစစ်ဌာနသို့ တက္ကသိုလ်ဝင်တန်းလာရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများကို ထောက်ပံ့ကြေးပေးအပ်
Mar 14,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်အတွင်းရှိ မုံးကိုးမြို့၊ ပန်ဆိုင်း(ကြူကုတ်)မြို့၊ မန့်ဟီးရိုးမြို့နှင့် မုံးပေါ်ဒေသတို့မှ မူဆယ်မြို့၊ စာစစ်ဌာနသို့ တက္ကသိုလ်ဝင်တန်းစာမေးပွဲ လာရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများကို ခရိုင်/မြို့နယ်စီမံခန့်ခွဲမှုကော်မတီမှ ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က သွားရောက် ထောက်ပံ့ပေးအပ်သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
29348
Page
29349
Page
29350
Page
29351
Current page
29352
Page
29353
Page
29354
Page
29355
Page
29356
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department