Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကျိုက်မရောတွင် နိုင်လွန်ကတ္တရာလမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများဆောင်ရွက်
Jan 01,2020
မွန်ပြည်နယ် ကျိုက်မရော မြို့နယ်တွင်မြို့ရွာများခေတ်မီသန့်ရှင်းသာယာလှပရေးအတွက် (၂၀၁၉- ၂၀၂၀) ဘဏ္ဍာနှစ်အတွင်း မြို့နယ်လမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော ကျိုက်မရောမြို့ တိုးဂိတ်ရှေ့မှစ၍ အတ္တရံမြစ်ကမ်းနားလမ်းထိ လမ်းအရှည် ၇ မိုင် ၅ ဖာလုံမှ ၉ မိုင် ၇ဖာလုံထိ နိုင်လွန်ကတ္တရာ(AC) လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှု့ကို ယမန်နေ့ နံနက်မှစ၍ စတင် ဆောင်ရွက်လျက်ရှိရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောကျော်ဝင်းမောင်နှင့်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်တို့က အဆိုပါလမ်းများအဆင့်မြှင့်တင်နေသည့် နေရာများသို့ လည့်လည် ကြည့်ရူ အားပေးပြီး မြို့တွင်လမ်းပိုင်းများ အဆင်မြှင့်တင်ရေးအတွက် လိုအပ်သည်များကို ဖြည့်စီးဆောင်ရွက်ပေးခဲ့ကြောင်း တာဝန်ခံအင်ဂျင်နီယာ ဦးကျော်ကျော်က ပြောကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သခွားမွှေးသီးနှံများ မူဆယ်ဈေးကွက်သို့ နေ့စဉ်ကားအစီးရေ(၄၀)ကျော် တင်ပို့
Jan 01,2020
ချောင်းဦးမြို့နယ်အတွင်း နိုင်ငံခြားဈေးကွက်ဝင် သခွားမွှေးသီးနှံများ မူဆယ်ဈေးကွက်သို့တစ်ရက်လျှင် ကားအစီးရေ(၄၀)ကျော် တင်ပို့ပေးနေရကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဖရဲ၊ သခွားမွှေးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးစိုးလွင်ထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
လောက်ကိုင်မြို့၌ အရန်မီးသတ်တပ်ဖွဲ့စခန်းသစ်ဖွင့်ပွဲအခမ်းအနား ကျင်းပ
Jan 01,2020
ကိုးကန့်ကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့၌ အရန်မီးသတ်ဖွဲ့စခန်းသစ် ဖွင့်ပွဲအခမ်းအနားကို အဆိုပါရုံးသစ်တွင် ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မူဆယ်မြို့ မြန်မာ-တရုတ် နယ်စပ်ဂိတ် (နန်းတော်ဂိတ်)မှ သံတမန်နှင့် အထူးနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူ များကို တရားဝင် အဝင်/အထွက် စတင်ခွင့်ပြု
Jan 01,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ နယ်စပ်ဒေသ၊ မြန်မာ-တရုတ် နှစ်နိုင်ငံအဝင်/အထွက်ဂိတ် (နန်းတော်ဂိတ်)မှ မြန်မာနိုင်ငံ၊ သံတမန်နှင့် အထူးနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသော တရုတ်နိုင်ငံသားများကို (၂၀၂၀)ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်နေ့မှ စတင်ပြီး တရားဝင် အဝင်/အထွက် ခွင့်ပြုပြီဖြစ်ကြောင်း မူဆယ်မြို့၊ လူဝင်မှုကြီးကြပ်ရေးဦးစီဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
သီပေါမြို့နယ်တွင် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများအား ကျေးရွာအရောက်ကွင်းဆင်းဆောင်ရွက်
Jan 01,2020
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ရွေ့လျားဝန်ဆောင်မှုလုပ်ငန်း (Mobile Service Delievery) ကို ယမန်နေ့ နံနက် ၁၁ နာရီခွဲအချိန်က နမ့်လန်ကျေးရွာအုပ်စု၊ နမ့်လန်ကျေးရွာ မဇ္စျိမာရာမအလယ်ကျောင်းတိုက်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော် မာရသွန်အပြေးပြိုင်ပွဲကျင်းပ
Jan 01,2020
မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော် မာရသွန်အပြေးပြိုင်ပွဲကို တရုတ်နိုင်ငံ၊ ရွှေလီမြို့တွင် ယမန်နေ့ နံနက် ၇ နာရီက ရွှေလီမြို့၊ နော်မောဟုပန်းခြံ၌ ပြုလုပ်ကျင်းပပြီး ပြိုင်ပွဲဝင်စုစုပေါင်း (၇၀၀၀)ကျော်ခန့် ဝင်ရောက် ယှဉ်ပြိုင်ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
29530
Page
29531
Page
29532
Page
29533
Page
29534
Page
29535
Page
29536
Page
29537
Current page
29538
Copyright 2020
Information and Public Relation Department