အမြို့မြို့အနယ်နယ်သတင်းများ

Aug 28,2020
လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင် နေထိုင်သည့် မသန်စွမ်းသူများအတွက် Covid-19 ကာလ နိုင်ငံတော်အစိုးရမှ တစ်ဦးလျှင် ထောက်ပံ့ငွေ ကျပ်(၃၀၀၀၀) စီအား ယနေ့နံနက် ၁၁ နာရီအချိန်က မသန်စွမ်းသူများနေထိုင်ရာ အိမ်များအရောက်သွား‌ရောက် ထောက်ပံ့‌ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
Aug 28,2020
ကိုဗစ်−၁၉ရောဂါ ကာကွယ်တားဆီးနိုင်ရေးအတွက် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းလုံမြို့ တိုက်နယ် ကျန်းမာရေးဌာနမှ သူနာပြုဆရာမ ဒေါ်နန်းမြဟန်၊ ပြည်သူ့ကျန်းမာရေးကြီးကြပ်-၂ စိုင်းအောင်ကျော်ထက်နှင့် ကိုဗစ်−၁၉ရောဂါ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်ရေးကော်မတီဝင်များ ပူးပေါင်း၍ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံ တို့မှ အလုပ်လုပ်ကိုင်၍ ပြန်လည်ရောက်ရှိလာသူ နေရပ်ပြန်(၆)ဦးထံမှ အာခေါင် တို့ဖတ် နမူနာ များကို (၂၅.၈.၂၀၂၀)ရက်နေ့တွင် ရယူခဲ့ကြောင်း သိရသည်။
Aug 28,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် မဲဇာနည်းပညာပေးစင်တာနယ်မြေအတွင်းရှိ  တောင်သူ ဦးသိန်းမြင့်ဦး၏ မိုးစပါး ဧရာမင်း RS to CS စိုက်ခင်းနှင့် မိရိုးဖလာ စိုက်ပျိုးထားသော စိုက်ခင်း များအား အင်းတော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပညာရှင်ဝန်ထမ်းများက ယနေ့ နံနက်ပိုင်းတွင် ပိုးမွှားရောဂါ ကျရောက်မှု ရှိ/မရှိ ကွင်းဆင်းကြည့်ရှုပြီး စိုက်ခင်းများအတွင်း မြေဩဇာအချိုးကျ မှန်ကန်စွာ အသုံးပြုတတ်စေရေးနှင့် သဘာဝမြေဩဇာများ ပြုလုပ်သုံးစွဲတတ်စေရန် နည်းပညာများ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
Aug 28,2020
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင်မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့မွန်းတည့် ၁၂ နာရီအချိန်တိုင်းထွာချက်အရ စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာ အထက် ၂၁၆၆ စင်တီမီတာရှိနေသေးကာ ၃၆ စင်တီမီတာရှိနေသေးကြောင်း သိရသည်။
Aug 28,2020
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းများအား မီးဘေးအန္တရယ်မရှိစေရေးအတွက် ဘုရားသုံးဆူမြို့ မီးသတ်ဦးစီးဌာနက ယနေ့ နံနက် ၉ နာရီအချိန်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။
Aug 28,2020
မွန်ပြည်နယ်     သံဖြူဇရပ်မြို့နယ်တွင်     ၂၀၂၀ - ပြည့်နှစ်   ပါတီစုံဒီမိုကရေစီ   အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အခြေခံမဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရေး  လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၁ နာရီက မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
Aug 28,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်း အဝေးခန်းမဆောင်တွင် ယနေ့ နေ့လယ် ၁ နာရီက ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်း များအား အရှိန်အဟုန်မြှင့်ပြန်လည် လုပ်ကိုင်နိုင်ရန်အတွက် ညှိနှိုင်းအစည်းအဝေးပွဲကို ကျင်းပပြု လုပ်ခဲ့သည်။ အစည်းအဝေးတွင် ရွှေသောင်ယံမြို့ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း ကော်မတီ ဥက္ကဌ မြို့အုပ်ချုပ်ရေးမှူး ဦးဆိုင်းနော်နော်က ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်များ ပြန်လည် ဖွင့်လှစ်ပြီး ဒေသအတွင်း၌ ကာကွယ်ရေးလုပ်ငန်းများကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက် များနှင့်အညီစနစ်တကျ ပြန်လည်လုပ်ဆောင်ကြရန်တို့အတွက် ရှင်းလင်းပြောကြားသည်။