Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ရှမ်းရွာသစ်မြို့တွင် အသက်(၆)လမှ (၅)နှစ်အထိ ကလေးငယ်များအား ဗီတာမင်အေနှင့် သန်ချဆေးများတိုက်ကျွေး
Aug 15,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ ကျေးလက်ကျန်းမာရေးဌာနမှ အသက်(၆)လမှ (၅)နှစ်ထိ ကလေးငယ်များ ပုံမှန်ကြီးထွာဖွံ့ဖြိုးရန်နှင့် အမြင်အာရုံများ ကောင်းမွန်စေရန် ရည်ရွယ်ပြီး ဗီတာမင်အေ ဆေးများ တိုက်ကျွေးခြင်း လုပ်ငန်းများကို ယမန်နေ့က မြို့ပေါ်(၄)ရပ်ကွက်တွင် ဗီတာမင်အေနှင့် သန်ချဆေး တိုက်ကျွေးခြင်း လုပ်ငန်းကို ကျေးလက်ကျန်းမာရေးဌာနတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆင်ပေါင်ဝဲမြို့နယ်တွင် ကိုဗစ်-၁၉ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်
Aug 15,2020
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့တွင် ကိုဗစ်-၁၉ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံ လူတန်းစားများအား နိုင်ငံတော်မှ အိမ်ထောင်စု တစ်စုလျှင် ငွေကျပ်၂၀၀၀၀/-နှုန်း ထောက်ပံ့ပေးအပ်မှုကို ယမန်နေ့ မွန်းလွဲ ၃ နာရီက မြို့နယ်အဆင့် ဌာနဆိုင်ရာများ ကြီးကြပ်၍ မြို့ပေါ်ရှိ ရပ်ကွက် ၃ ရပ်ကွက်ရှိ အိမ်ထောင်စု (၅၇၅)စု၏ လက်ဝယ် အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လောကနန္ဒာ ဘေးမဲ့တောဥယျာဉ်တွင် ဒုတိယအကြိမ် ကြယ်လိပ်ရင်ချင်းဆက် အမွှာပေါက်ဖွား
Aug 15,2020
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပုဂံမြို့သစ်ရှိ လောကနန္ဒာ ဘေးမဲ့တောဥယျာဉ်တွင် ၂၀၂၀ပြည့်နှစ်၊ ကြယ်လိပ် သားပေါက်ရာသီ၌ ကြယ်လိပ်မ (၁၃၇)ကောင်က မြေကြီးတွင် ကျင်းတူးပြီး ဥထားသောဥကျင်း (၄၁၄)ကျင်းထဲရှိ ဥ(၃၂၀၅)လုံးအနက်မှ အချိန်ကျရောက်သော်လည်း လိပ်ငယ်များ သဘာဝအတိုင်း ထွက်လာခြင်းမရှိသော ဥကျင်းများကို တူးဖော်၍ ရရှိသော ဥကောင်းဥသန့်များကို မြေကြီးထည့်ထားသည့် သေတ္တာအတွင်း ပြန်မြှပ်၍ထားခဲ့ပြီး ယင်း မြှပ်ထားသော ဥများကိုနေ့စဉ်ပုံမှန် စစ်ဆေးခဲ့ရာ ၃၀.၇.၂၀၂၀ရက်နေ့ ၄င်းတို့ထဲမှဥတစ်လုံးတွင် သန္ဓေသားအောင်ပြီး ဥခွံကိုခွဲ၍ ဖောက်ထွက်နေသော ကြယ်လိပ် အမွှာပူးလေးဖြစ်နေသည်ကို တွေ့ရှိရကြောင်း လောကနန္ဒာ ဘေးမဲ့တော ဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးရွှေဌေးအောင် ကပြောပြသည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း သမဝါယမအသင်းများ ချိတ်ဆက်၍ အာလူးသီးများ ရောင်းချ ပေးလျက်ရှိ
Aug 15,2020
မန္တလေးတိုင်းဒေသကြီး၊ သမဝါယမဦးစီးဌာနနှင့် မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်တို့မှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း သီးနှံစိုက်ပျိုးသော အသင်းသား တောင်သူများ၊ ဝင်ငွေရရှိရေးနှင့် အသင်းဝင်များ သက်သာချောင်ချိရေးကို ရည်ရွယ်၍ ယမန်နေ့ နံနက် ၆ နာရီခွဲကစ၍ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များသို့ လိုက်လံဖြန်းဖြူး ရောင်းချပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကြို့ပင်ကောက်မြို့နယ်၌လေပြင်းတိုက်ခတ်မှုဖြစ်ပွား၍ နေအိမ်များအမိုးလန်ပြီး သစ်ပင်များပြိုလဲမှုဖြစ်ပွား
Aug 15,2020
ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်အတွင်း ဩဂုတ်လ ၁၄ ရက်နေ့ ညနေ ၄ နာရီအချိန်က လေပြင်းတိုက်ခတ်မှု ဖြစ်ပွားခဲ့၍ နေအိမ်များ အမိုးလန်ခြင်းနှင့် သစ်ပင်များ ပြိုလဲမှုများ ဖြစ်ပွားခဲ့ကြောင်း မြို့နယ်မီးသတ် ဦးစီးမှူးရုံးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
အင်းစိန်မြို့နယ်၌ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး (၈/၂၀၂၀) အစည်းအဝေး ကျင်းပ
Aug 15,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး (၀၈/၂၀၂၀) အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အင်းစိန် GTI စားရိပ်သာ ခန်းမတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အင်းစိန်မြို့နယ်၌ အထွေထွေ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းများ မကျန်ရှိစေရေး၊ မဲစာရင်း မှန်ကန်စေရေးအတွက် တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေး…
Aug 15,2020
ရန်ကုန်တိုင်ဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးခွင့် မဆုံးရှုံးစေရေးအတွက် ဇူလိုင်လ (၂၅)ရက်နေ့မှ ဩဂုတ်လ (၁၄)ရက်နေ့အထိ အင်းစိန် မြို့နယ်အတွင်းရှိ ရပ်ကွက်ပေါင်း (၂၁)ရပ်ကွက်ရှိ ရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများတွင် မဲဆန္ဒရှင် အမည်စာရင်းများကို ထုတ်ပြန်ကြေညာ ထားလျက်ရှိပြီး ဒေသခံပြည်သူများ မဲစာရင်းများကို လာရောက်ကြည့်ရှုလျက် ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းများ ဆောင်ရွက်လျက် ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ဝေါမြို့နယ်တွင် တိုင်းရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ မဲဆန္ဒရှင်စာရင်းများ အချိန်မီ မှန်မှန်ကန်ကန် ဖြည့်စွက် ပြင်ဆင် နိုင်ရန် ကြည့်ရှုစစ်ဆေး
Aug 15,2020
ပဲခူးတိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲနှင့် ဝေါမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ကော်မတီ အဖွဲ့ဝင်တို့သည် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ဝေါမြို့နယ် ကော်မရှင်ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
29999
Page
30000
Page
30001
Page
30002
Current page
30003
Page
30004
Page
30005
Page
30006
Page
30007
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department