Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
တောင်တွင်းကြီး မြို့မဈေးကြီးအတွင်း သတ်မှတ်စည်းကမ်းများနှင့်အညီ ဈေးရောင်း၊ ဈေး၀ယ်ပြုလုပ်ရေးနှင့် နှာခေါင်းစည်း တပ်ဆင်ရေး ကွင်းဆင်းစစ်ဆေး
Aug 13,2020
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးကြီးအတွင်း သတ်မှတ်စည်းကမ်း များနှင့် အညီဈေးရောင်း၊ ဈေး၀ယ်ပြုလုပ်ရေးနှင့် နှာခေါင်းစည်းတပ်ဆင်ရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက်က စျေးနှင့် သား သတ်ဌာနစိတ်ဝန်ထမ်းများမှ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျေးရွာမတည်ရန်ပုံငွေ(VRFP)စီမံကိန်းနှင့် Cash For Work စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာ(၁၃)ရွာတို့အတွက် ရန်ပုံငွေလွှဲပြောင်းပေးအပ်
Aug 13,2020
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်အတွင်း ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့် အလမ်းနှင့် ဝင်ငွေများ တိုးပွားလာ စေရန် ရည်ရွယ်၍ ကျေးရွာမတည်ရန်ပုံငွေ(VRFP)စီမံကိန်းနှင့် Cash For Work စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာ(၁၃)ရွာတို့အတွက် ရန်ပုံငွေလွှဲပြောင်းပေးအပ်ခြင်းကို သြဂုတ်(၁၂)ရက် နံနက်(၁၀)နာရီက မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ၂၀၂၀ ပြည့်နှစ်၊ အဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားကျင်းပ
Aug 13,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ၂၀၂၀ ပြည့်နှစ်၊ အဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး အစည်းဝေးခန်းမတွင် ကျင်းပသည်။ အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက အဖွင့်အမှာစကားပြောကြားပြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်က တိုင်းဒေသကြီးအတွင်း အာဟာရဖွံ့ဖြိုးရေး ဆောင်ရွက်နေမှု အခြေအနေများနှင့် စပ်လျဥ်း၍ ရှင်းလင်းတင်ပြ ဆွေးနွေးသည်။
အပြည့်အစုံ ဖတ်ရန်
လှည်းကူးမြို့နယ်၌ ပုံမှန်ဝင်ငွေမရရှိသော အခြေခံလူတန်းစား(၂၀၃၆၀)ဦးထံ နိုင်ငံတော်အစိုးရမှ စတုတ္ထအကြိမ် ထောက်ပံ့ပေးအပ်
Aug 13,2020
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၌ ပုံမှန်ဝင်ငွေမရရှိသော အခြေခံလူတန်းများ ၂၀၃၆၀ အိမ်ထောင်စုအတွက် နိုင်ငံတော်အစိုးရမှ ငွေကျပ် ၂၀၀၀၀ ကျပ်နှုန်းစီ ထောက်ပံ့ပေးအပ်ခြင်းကို သြဂုတ်(၁၂)ရက်နေ့ နေ့လယ်(၁)နာရီက မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ သည်။
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်ခရိုင်ကျိုက်မရောမြို့နယ်တွင်မဲဆန္ဒရှင်စာရင်း၌အမည်ပါဝင်ပြီးမှတ်ပုံတင်နံပါတ်ဖြည့်သွင်းရန်ကျန်ရှိသူများအားမှန်ကန်မြန်ဆန်စွာ ဖြည့်သွင်းနိုင်ရေ…
Aug 13,2020
မော်လမြိုင်ခရိုင် ကျိုက်မရောမြို့နယ်၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမြို့နယ် ဦးစီးမှူး ဦးသန်းထိုက်နှင့်ဝန်ထမ်းများက ၂၀၂၀ပြည့်နှစ်ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင် စာရင်း ၌အမည်ပါဝင်ပြီး မှတ်ပုံတင်နံပါတ်ဖြည့်သွင်းရန် ကျန်ရှိသူများအား မှန်ကန်မြန်ဆန်စွာ ပြန်လည် ဖြည့်သွင်း နိုင်ရေးအတွက်နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို ယမန်နေ့နေ့လည်က ကော့ကလော့ကျေးရွာနှင့်လှကဇိုင်းကျေးရွာတို့၌အရှိန်အဟုန်မြှင့်ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သရက်ခရိုင်၊ ကံမမြို့နယ်တွင် ကလေးများအား ဗီတာမင်-အေ ဆေးများ တိုက်ကျွေး
Aug 13,2020
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အသက် (၆)လမှ (၅)နှစ်အရွယ်ကလေးများအား ဗီတာမင်-အေဆေး တိုက်ကျွေးခြင်းကို ယနေ့နက် ၉ နာရီက မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဇလွန်မြို့နယ်တွင် မြစ်ရေဝင်ကျေးရွာအုပ်စုများသို့ တိရစ္ဆာန်အစာနုအိတ်များ ပေးအပ်
Aug 13,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင် မြစ်ရေဝင်ကျေးရွာအုပ်စုများသို့ တိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဖြန့်ဖြူးသော တိရိစ္ဆာန် အစာနုအိတ်များ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီအချိန်တွင် ဇလွန်မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ချောက်မြို့နယ်တွင် မဲစာရင်းလာရောက်ကြည့်ရှုသူ(၄၉၇၇၇)ဦးမှ မဲဆန္ဒရှင်စာရင်းအား ပုံစံ(၃)ဖြင့် လာရောက် လျှောက်ထားသူ၊ ပုံစံ(၄)ဖြင့် ကန့်ကွက်သူနှင့် ပုံစံ(၄-…
Aug 13,2020
၂ဝ၂ဝပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ပြည့်စုံမှန်ကန်သည့် မဲဆန္ဒရှင် စာရင်းများ ရရှိရန်နှင့် မဲဆန္ဒရှင်များ ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေး အတွက် ပထမအကြိမ်အဖြစ် မဲဆန္ဒရှင် အမည်စာရင်း များကို ချောက်မြို့နယ်အတွင်းရှိ သတ်မှတ်မဲရုံနေရာအသီးသီးတို့တွင် ဇူလိုင်လ (၂၅) ရက်မှစ၍ ထုတ်ပြန် ကြေညာထားရာ ယမန်နေ့အထိ မဲစာရင်းကပ်ထား ကြေညာရာနေရာသို့ လာရောက်ကြည့်ရှု၍ ပြင်ဆင်ရန်အတွက် လျှောက်ထားလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
30077
Page
30078
Page
30079
Page
30080
Current page
30081
Page
30082
Page
30083
Page
30084
Page
30085
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department